သတင်းများ

ယခုလအတွင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဘုရားဖူးသူ နှစ်သိန်းကျော်ရှိ

ကျိုက်ထို   ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေအထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု(ဒီဇင်ဘာလ)တွင် လာရောက်ဖူးမြော်သူ ၂၂၈၉၂၉ ဦးရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

“သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အထိ ဘုရားဖူး ၄၉၉၁၄၅ ဦးရှိပြီး ပြည်တွင်းဘုရားဖူး ၄၉၇၂၃၀ နဲ့ ပြည်ပဘုရားဖူးက ၁၉၁၅ ဦးရှိပါတယ်။ နိုင်ငံခြားသားပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်က အများဆုံးပါပဲ။ အခုလို စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အများဆုံးလာကြပါတယ်” ဟု ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တောင်တက်မော်တော်ယာဉ် အစီး ၁၅၀ ကိုနေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။

ကျိုက်ထို(ပြန်/ဆက်)

Source: မြန်မာ့အလင်း

မြဝတီခရိုင်၌ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကအဖွဲ့ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲ ကျင်းပ

မြဝတီ အောက်တိုဘာ ၃၀

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာဒုံးအကအဖွဲ့ ဦးစီးကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ‌ဖော်ထုတ်ပြသ ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်ကြောင်းနှင့် ခရိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် လူငယ် မောင်မယ်များအနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြပြီး ဆုများရယူလာမည်ဟု ယုံကြည်ကြောင်း ပြောကြား သည်။

ထို့နောက် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ဒုံးအက အဖွဲ့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ခရိုက်ကိုယ်စားပြုကရင်ရိုးရာဒုံးအကအဖွဲ့ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်ကိုယ်စားပြု ကရင်ရိုးရာဒုံးအကအဖွဲ့မှ ရိုးရာဒုံးမြေချပွဲအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒုံးအကအဖွဲ့က ပြိုင်ပွဲဝင်တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)

Source- Myawady Webportal

ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထား

လာမည့်ခရီးသွားရာသီတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

“ပုဂံကို ပြည်ပခရီးသွား ၁၀၀၀၀ နီးပါး ၂၀၂၃ ခုနှစ်မှာ စက်တင်ဘာလအထိ ဝင်ရောက်ခဲ့တယ်။ ကာလတူနှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ၁၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကာလမှာလည်း ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်မှုများခဲ့တယ်။ ဒါကြောင့် လာမယ့်ခရီးသွားကာလမှာ ပုဂံယဉ်ကျေးမှုနယ်မြေကို ပြည်ပခရီးသွား ပိုမိုဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပုဂံဒေသဟာ ပြည်တွင်းခရီးသွားသာမက ပြည်ပခရီးသွားတွေ နှစ်ခြိုက်တဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသမို့ လာရောက်လည်ပတ်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာတွင် ထင်ရှားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသောနေရာတစ်ခုဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လည်ပတ်လျက်ရှိပြီး ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရေးအတွက် ရှေးဟောင်းရေကန်များနှင့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို စဉ်ဆက် မပြတ်ဆောင်ရွက် လျက်ရှိသည်။

ခရီးသွားအေဂျင်စီများသည် ပုဂံခရီးစဉ်အတွက် ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် ပုပ္ပားတောင်နှင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်တို့ကိုပါ တစ်ဆက်တည်း ဝင်ရောက်လည်ပတ်သော ခရီးစဉ်ဒေသများအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ပုဂံနှင့်ပုပ္ပားသို့ ခရီးသွားဝင်ရောက်မှုများပြားခဲ့ပြီး လာမည့်တန်ဆောင်တိုင်ပွဲတော်ကာလတွင်လည်း ခရီးသွားဝင်ရောက်မှု များပြားနိုင်သည့်အတွက် ဒေသရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသည် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“သီတင်းကျွတ်ပွဲတော်ကာလ ပိတ်ရက်တွေမှာ ဟိုတယ်အခန်းအားလုံးပြည့်တဲ့အထိ ခရီးသွားများ ခဲ့ပါတယ်။ လာမယ့်တန်ဆောင်တိုင်ပွဲတော်ကာလပိတ်ရက်အတွက် အခန်းကြိုတင်စာရင်းပေးတာလည်း ပြည့်နေပါပြီ။ ကျွန်တော်တို့ဆီမှာ ပြည့်နေတဲ့အတွက် တခြားဟိုတယ်တွေကို လွှဲပြောင်းပေးရတာ ရှိပါတယ်။ ပုဂံဒေသဟာ ခရီးသွားအကြိုက် ဒေသတစ်ခုဖြစ်တဲ့အတွက် ခရီးသွားအားလုံးကို ဝန်ဆောင်မှုကောင်းတွေနဲ့ စောင့်ကြိုနေပါတယ်” ဟု ပုဂံဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး 

Source- မြန်မာ့အလင်း

ethnic

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ

Source- www.moi.gov.mm