တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ်များ စတင်ပြေးဆွဲ

News Image

  • တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ်များ စတင်ပြေးဆွဲ

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဝူချန်း၊ ဟန့်ခို၊ ဟန့်ယန်ခရိုင်တို့ကို ချိတ်ဆက်ထားသော ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ် ၁၀ ခုအား ဇွန် ၁၆ ရက်က တရားဝင် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝေဟင်နိမ့် ပျံသန်းရေး ဝန်ဆောင်မှု၌ အချိန်နှင့်တစ်ပြေးညီ လွှတ်တင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခု၊ စမတ်နည်းပညာသုံး ထိန်းချုပ်ကွပ်ကဲရေး စင်တာနှစ်ခု၊ ဝေဟင်နိမ့်လမ်းကြောင်း ၁၀ ခုနှင့် ဉာဏ်ရည် ထည့်သွင်းထားသော ဒရုန်းရပ်နားသည့်နေရာ ၂၂ ခုတို့ ပါဝင်ရာ ပင်လယ်စာ၊ ဆေးဝါးနှင့် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသောပန်းများ စသည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို လွယ်ကူမြန်ဆန်စေကြောင်း သိရသည်။ 

ကိုးကား- Xinhua Myanmar