သတင်းများ

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

ပြုံယမ်း   ဇန်နဝါရီ ၂၆

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၂၆ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

အမေရိကန်သမ္မတအဖြစ် ထရမ့်စတင်တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ရေငုပ်သင်္ဘောပေါ်မှ ၎င်းတာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာ ရိုဒန်ဆန်မန်က ယနေ့သတင်းဖော်ပြခဲ့သည်။ ၎င်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၅၀၀ အထိ ရောက်ရှိခဲ့ပြီး ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ပုံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံအတွင်း စစ်မက်အန္တရာယ်ကြုံတွေ့လာသည့်အချိန်တွင် ကာကွယ်ရန်အတွက် တပ်ဖွဲ့များ၏ စွမ်းရည်ကို မြှင့်တင်ထားကြောင်း ကင်က ပြောကြားသည်။ ယခုဆောင်ရွက်သည့် ဒုံးကျည်ပစ်ခတ်မှုသည် အမျိုးသားကာကွယ်ရေးအစီအမံအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ယခုလအတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအား ရှုတ်ချကြောင်းနှင့် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တွန်းလှန်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

ဆက်စပ်သတင်း- https://sacministry.gov.mm/my/node/1992/

တရုတ်နိုင်ငံထုတ် DeepSeek အက်ပလီကေးရှင်း ChatGPTထက်ကျော်တက်

တရုတ်နိုင်ငံထုတ် ဥာဏ်ရည်တု (AI) အက်ပလီကေးရှင်း DeepSeek သည် ChatGPT နှင့် အခြားအက်ပလီကေးရှင်းများကို ကျော်တက်ပြီးအမေရိကန်၊ ယူကေနှင့် တရုတ်တို့တွင် Apple ၏ App Store ၌ လူကြိုက်များသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါသည်။

စတင်မိတ်ဆက်ခဲ့သည့် ဇန်နဝါရီလမှစတင်၍ Deep Seek သည် လူသုံးများလာခဲ့ပြီး AI ကမ္ဘာတွင် အမေရိကန်ကသာ ထိပ်တန်းဖြစ်သည်ဆိုသော အချက်ကို စိန်ခေါ် နိုင်ခဲ့ပါသည်။

ထို app သည်DeepSeek-V3 model ဖြစ်ပြီး ဒေါ်လာ 6 သန်းအောက်သာ တန်ဖိုးကျသင့်သောကြောင့် ပြိုင်ဖက် app များထက် သိသိသာသာ ဈေးချိုသည်ဟု သိရှိရပါသည်။

ကိုးကား -BBC

အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက X အမှတ်အသားပါသော တတိယလိင်အမျိုးအစား Passport များကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။ခရီးသွားရန်အတွက် ထောက်ခံစာ၌ လိင် ၂မျိုးသာ ရှိရမည်ဖြစ်ပြီး အမျိုးသား (သို့) အမျိုးသမီးဟုသာ လိင်အမျိုးအမည်ကို ခွဲခြားခွင့်ပြုထားသည်။ သို့ဖြစ်ရာ X လိင်သမားများအနေဖြင့် အမျိုးသား(သို့) အမျိုးသမီးအဖြစ် ပြန်ပြောင်း လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါအမိန့်ကို ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်သည့်နေ့တွင် သမ္မတ၏လုပ်ပိုင်ခွင့်အရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကယ်ပီတယ်အဆောက်အအုံတွင်မိန့်ခွန်းပြောကြားရာတွင်လည်း အမေရိကန်တွင် ယောက်ျား/မိန်းမ သာရှိရမည်ဟုပြောဆိုခဲ့သည်။ ထရမ့်အစိုးရအဖွဲ့၏နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်းဌာနအတွင်း ၌ အမျိုးသား၊ အမျိုးသမီးမှလွဲ၍ အခြားလိင်အုပ်စုမရှိစေရဟု အမိန့်ထုတ်ခဲ့ပါသည်။ အမေရိကန်၌ လူတစ်ဦးတွင် လိင်တစ်မျိုးသာရှိရဖြစ်ပြီး ဤအချင်းအရာသည် အစိုးရ၏ မူဝါဒဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုးကား-Myanmar National Post

၂၀၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ရုပ်ကြွင်းလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ရောက်ရှိ

ပြင်သစ်နိုင်ငံသည် ၂၀၂၄  ခုနှစ်တွင်နျူကလီးယားနှင့်ရေအားလျှပ်စစ်စွမ်းအင်အရင်းအမြစ်များကို အသုံးပြုခြင်းအားဖြင့် နိုင်ငံအတွက်လိုအပ်သည့်   လျှပ်စစ်ဓာတ်အားစုစုပေါင်း၏  ၉၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ရုပ်ကြွင်းလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလာသည်။

ပြင်သစ်အစိုးရသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ကျသည့် အရင်းအမြစ်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ နျူကလီးယားစွမ်းအင်စက်ရုံအချို့ကို၂၀၂၂  ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး  ယင်းစက်ရုံများကို ၂၀၂၄  ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ   ၁၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

ထို့ပြင်   နိုင်ငံအတွင်းပြီးခဲ့သည့်နှစ်က မိုးသည်းထန်စွာ  ရွာသွန်းခဲ့ခြင်းသည်ရေအားလျှပ်စစ်ထုတ်လုပ်မှုကိုထူးခြားစွာမြင့်တက်လာစေခဲ့သည်။    ထို့ကြောင့်ပြင်သစ်နိုင်ငံ၏ ရုပ်ကြွင်းလောင်စာများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ၂၀၂၄ ခုနှစ်တွင် ၁၉၅၀ ပြည့်နှစ် များမှစ၍ အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလာခဲ့သည်။

ပြင်သစ်နိုင်ငံတွင်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် အရင်းအမြစ်မှာ  ကျောက်မီးသွေးဖြစ်ရာ နိုင်ငံအတွင်းရှိ ကျောက်မီးသွေးဖြင့် စွမ်းအင်ထုတ်လုပ်သည့်စက်ရုံများကို    လာမည့် ၂၀၂၇  ခုနှစ်တွင် ပိတ်ပစ်ရန် အစိုးရကစီစဉ်ထားသည်။

Source: Myawady Web Portal

အီးယူအဖွဲ့၏ဆိုလာစွမ်းအင်အသုံးပြုမှုက ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်

ဥရောပသမဂ္ဂအဖွဲ့(အီးယူ)တွင် ဆိုလာစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုသည် ၂၀၂၄  ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်သွားခဲ့သည်ဟု ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည့် သုတေသနပြုချက်အရသိရသည်။

ယခုအခါ ဆိုလာစွမ်းအင်အသုံးပြုမှုသည် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မြင့်တက်လာပြီး အဆိုပါစွမ်းအင်အပါအဝင်ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှုသည်   အီးယူတစ်ဖွဲ့လုံး၏   စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏    ၄၇ ရာခိုင်နှုန်းနီးပါးအထိ   မြင့်တက်လာခဲ့ကြောင်း  စွမ်းအင်အရင်းအမြစ်များကို အဓိကထားလေ့လာသည့်  Ember  သုတေသနအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများတွင်    ဆိုလာစွမ်းအင်အသုံးပြုမှု   မြင့်တက်လာပြီးရုပ်ကြွင်းလောင်စာတင်သွင်းမှုကို  ၂၀၁၉ ခုနှစ်မှစ၍    လျှော့ချနိုင်ခဲ့သောကြောင့်စီးပွားရေးအရ ယူရို ၅၉ ဘီလီယံ (ဒေါ်လာ၆၁ ဒသမ  ၄ ဘီလီယံ) ခန့်သက်သာစေခဲ့သည့်အပြင်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါလျှော့ချနိုင်ခဲ့သည်။

သို့သော် အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်အသုံးပြုမှုမြင့်တက်လာခြင်းတွင်စိန်ခေါ်မှုအချို့နှင့်    ရင်ဆိုင်နေရသည်။ အကြောင်းမှာ    အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်ထုတ်ယူရာတွင် လိုအပ်သည့် ဆိုလာပြားများကို အလုံအလောက် ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောကြောင့် လက်ရှိအသုံးပြုနေသည့် ဆိုလာပြား ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှတင်သွင်းနေရသည်။

ထို့ကြောင့် ဆိုလာစွမ်းအင်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆိုလာပြား ၄၀ရာခိုင်နှုန်းကို အဖွဲ့ဝင်နိုင်ငံများအတွင်း၌ ထုတ်လုပ်နိုင်ရန်နှင့် အခြားလိုအပ်သည့်နည်းပညာများကို လာမည့်  ၂၀၃၀ ပြည့်နှစ်ခန့်တွင်အသုံးချနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီချက်တစ်ရပ်ချမှတ်ထားပြီးဖြစ်သည်။

ဆိုလာစွမ်းအင်သည်   ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှင့် စျေးအသက်သာဆုံး စွမ်းအင်အရင်းအမြစ်များအနက်မှ တစ်ခုဖြစ်ရာ   ယင်းစွမ်းအင်အသုံးပြုမှုသည် လာမည့်    အနာဂတ်ကာလတွင်လည်း ဆက်လက်တွင်ကျယ်လာမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးကို     အထောက်အကူပြုပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်သည့်   ဆိုလာစွမ်းအင်ကို ရွေးချယ်ခြင်းအားဖြင့်   အီးယူနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကိုပါ လျှော့ချရန်တာဝန်ရှိကြောင်း    ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ပြောကြားထားသည်။      

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းပေါင်း (၂၅၀) ကျော်ကို ပိတ်ထား

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုကဲ့သို့တားမြစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များနှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက် လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများ သက်ရောက်မှုများရှိစေခဲ့ကြ

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုကဲ့သို့တားမြစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များနှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက် လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများ သက်ရောက်မှုများရှိစေခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၂၃) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လေထုညစ်ညမ်းမှု အရှိဆုံးမြို့တစ်မြို့ဖြစ်ခဲ့‌ကြောင်း IQAir ကုမ္ပဏီ၏ အဆိုအရ သိရသည်။ဘန်ကောက်မြို့ရှိ PM2.5 လေထုညစ်ညမ်းမှုအဆင့် (အဆုတ်မှတစ်ဆင့် သွေးကြောထဲအထိ ဝင်ရောက်နိုင်လောက်အောင်သေးငယ်ပြီး ကင်ဆာဖြစ်စေနိုင်သည့် သေးငယ်သောအမှုန်အမွှာများ) သည် တစ်ကုဗမီတာလျှင် (၁၂၂) မိုက်ခရိုဂရမ်အထိ ရှိခဲ့ကြောင်း သိရသည်။

လေထုညစ်ညမ်းမှုမြင့်တက်လာမှုနှင့်အတူ PM2.5 အဆင့်မြင့်မားသောဒေသများရှိ စာသင်ကျောင်းများကိုပိတ်ရန် ရွေးချယ်နိုင်ကြောင်း ဘန်ကောက် အာဏာပိုင်များက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇန်နဝါရီလ (၂၃) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ပြအာဏာပိုင်အဖွဲ့အောက်ရှိ စာသင်ကျောင်းပေါင်း (၄၃၇) ကျောင်းအနက် (၁၉၄) ကျောင်းကို ပိတ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါကျောင်းပိတ်ထားမှုသည် လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့ပြ အာဏာပိုင်အဖွဲ့အောက်ရှိ ကျောင်းများကို ကျောင်းပိတ်ခဲ့ရမှုများတွင် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုအစိုးရအဖွဲ့တစ်ခုဖြစ်သည့် အခြေခံပညာရုံးအောက်ရှိ စာသင်ကျောင်း (၁၅၆) ကျောင်းအနက် (၅၈) ကျောင်းကို ဇန်နဝါရီလ ၂၃ ရက်တွင် ပိတ်ထားရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-NP News

လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရ

လော့စ်အိန်ဂျလိစ်၊ သဘာဝဘေး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဇန်နဝါရီလ ၂၂ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ထပ်မံဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့ရကြောင်းသိရသည်။

Hughes တောမီးဟုအမည်ပေးထားသည့် အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးအတွင်း သစ်တောဧက ၁၀၀၀၀ ကျော်လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်လျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက် ညပိုင်းအထိ တောမီးလောင်ကျွမ်းမှု၏ ၁၄ ရာခိုင်နှုန်းကိုသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ်သစ်တောနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Hughes တောမီးလောင်ကျွမ်းသည့်ဒေသတွင် ဇန်နဝါရီလ ၂၂ ရက်ညပိုင်းမှ ၂၃ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့်ရှိနိုင်ကြောင်း အမေရိကန်အမျိုးသားမိုးလေဝသဌာန လော့စ်အိန်ဂျလိစ်ဌာနခွဲ၏ ခန့်မှန်းချက်အရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍တောမီးများလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး  သေဆုံးပြီး အဆောက် အအုံ၁၄၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။

Source: Myawady Daily Newspaper

Apple နှင့် တရုတ်နည်းပညာ ထုတ်ကုန်ပစ္စည်းများကိုယှဉ်ပြိုင်ရန် Samsung  က Galaxy S25 စမတ် ဖုန်းများကိုထုတ်ဖော်ပြသ

Samsung  Electronics ကုမ္ပဏီသည် ပြိုင်ဘက်များဖြစ်သည့် Apple နှင့် တရုတ်နည်းပညာထုတ်ကုန်ပစ္စည်းများ၏ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်  ၎င်းတို့၏ Galaxy S25၊ Galaxy S25+ နှင့် Galaxy S25 Ultra စမတ်ဖုန်းများကို ဇန်နဝါရီလ၂၂ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။

Samsung  ကုမ္ပဏီသည် ဉာဏ်ရည်တု(AI)  နည်းပညာသုံးစမတ်ဖုန်းများကို ထုတ်လုပ်ရာတွင် Apple ထက်ပိုမိုမြန်ဆန်သော်လည်း ၂၀၂၄  ခုနှစ် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်  အမေရိကန်နှင့်တရုတ်ကုမ္ပဏီများ၏ပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့်  ထိပ်တန်းအဆင့်တွင်ရပ်တည်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ယခုအခါ Samsung အနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့   ရောက်ရှိနေပြီဖြစ်ကြောင်း Samsung ၏ AI အဖွဲ့ခေါင်းဆောင် ပတ်ဂျီဆုန်က ပြောသည်။

Galaxy  S25  စမတ်ဖုန်းများတွင် Qualcomm ၏ chip များအပြင် Google ၏ AI မော်ဒယ်တို့ကို  ထည့်သွင်းထားပြီး Now  Brief  service  ပါဝင်ခြင်းကြောင့် အသုံးပြုသူများအနေဖြင့် ဖုန်းအတွင်း သိုလှောင်ထားသည့်   ကိုယ်ပိုင်အမှတ်သညာပြုလုပ်သတ်မှတ်ထားသည့်အချက်အလက်များအပေါ်အခြေခံ၍ အကြံပြုချက်များပေးအပ်နိုင်မည်ဖြစ်သည်။

ထို့ပြင် Samsung ၏ image enhancement solution နှင့် mobile digital natural image စသည့် function များကိုပါ ထည့်သွင်းထားခြင်းကြောင့် Galaxy S25 စမတ်ဖုန်းများသည် performance အပိုင်းတွင် ပိုမိုကောင်းမွန်သည့်ဖုန်းတစ်လုံးဖြစ်လာမည်ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ သို့သော် ဖုန်းများတွင်ပါဝင်သည့် RAM များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူဘဲ ကွဲပြားမည်ဖြစ်ကြောင်းသိရသည်။ 

တရုတ်နိုင်ငံအနောက်တောင်ပိုင်းချောက်ကမ်းပါးပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးဟွာကျန်း တံတားကြီးအား ဆက်သွယ်ပြီးဖြစ်

တရုတ်နိုင်ငံ  အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟွာကျန်းချောက်ကမ်းပါးပေါ်မှ တံတားကြီးအား ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်သွယ်ပြီးဖြစ်သည်။

အဆိုပါတံတားကြီးသည် အမြင့်၆၂၅ မီတာ၊ အရှည် ၁၄၂၀ မီတာရှိပြီး၎င်းတံတား၏    အစိတ်အပိုင်းများကို ဇန်နဝါရီလ  ၁၇  ရက်က အပြီးသတ်ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။   ဟွာကျန်း ချောက်ကမ်းပါးပေါ်မှတံတားကြီးသည် ယခင်က ကမ္ဘာ့အမြင့်ဆုံးအဖြစ်သတ်မှတ် ခံထားရသည့်   ပေပန်ကျန်းတံတားကိုကျော်ဖြတ်၍ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးဖြစ်လာခြင်းဖြစ်သည်။

ပေပန်ကျန်းတံတားသည် အမြင့် ၅၆၅မီတာရှိပြီး ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် ယူနန်ပြည်နယ် ရွှေလီ (ရွီလီ)မြို့တို့အားဆက်သွယ်ပေးထားသည့် တံတားဖြစ်သည်။     

Yangwang U9 sports supercar သို့မဟုတ် အတားအဆီးများ၊ ချိုင့်များကို ခုန်ကျော်မောင်းနှင်နိုင်သည့် BYD ကုမ္ပဏီ၏ ပထမဆုံးသောစူပါပြိုင်ကား

တရုတ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့်BYD မှ ထုတ်လုပ်ထားသည့် Yangwang U9 စူပါပြိုင်ကားသည်   တရုတ်နိုင်ငံရှိဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီးနောက်ငါးလအတွင်း အစီးပေါင်း ၁၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန် သည်။

အဆိုပါ Yangwang U9 စူပါ ပြိုင်ကားသည် BYD ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်ခဲ့သည့်ပြိုင်ကားဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အဆင့်မြင့် ဟိုက်ဒရောလစ်စနစ်ကားကိုယ်ထည်ထိန်းချုပ်မှုနည်းပညာတပ်ဆင်ထားသည့် ပြိုင်ကားလည်းဖြစ်သည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားသည် တရုတ်ဈေးကွက်အတွင်းသို့   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း  ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး   ယင်းနှစ် စက်တင်ဘာလတွင် ၁၆  စီး၊  အောက်တိုဘာလတွင်  ၁၇  စီး၊ နိုဝင်ဘာလတွင်    ၂၄  စီးနှင့်ဒီဇင်ဘာလတွင်  ၂၄ စီးရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း     BYD   ကုမ္ပဏီက  ဇန်နဝါရီလ ၂၁  ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ကားတွင် အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သည့် နည်းပညာတပ်ဆင်ထားပြီး   တစ်နာရီလျှင် ၇၅ မိုင်နီးပါးမောင်းနှင်နိုင်သည့်အပြင် မောင်းနှင်နေစဉ်   လမ်းခရီးတွင်အတားအဆီးများ၊ ချိုင့်များနှင့်တွေ့ကြုံရပါက ၎င်းအတားအဆီးနှင့်ချိုင့်များကို ခုန်ကျော်၍မောင်းနှင်နိုင်သည်။ ထို့ပြင်  ကားတွင် ၃၆၀ ဒီဂရီပတ်လည်ကြည့်ရှုနိုင်သည့်   ကင်မရာ၊ အာရုံခံစနစ်၊   ရေဒါနှင့် အင်တာနက်ချိတ်ဆက်မှုများကိုပါ   တပ်ဆင်ထားသည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားတစ်စီး၏ ဈေးနှုန်းမှာ တရုတ်ဈေးကွက်တွင် ယွမ် ၁ ဒသမ ၆၈ သန်း (ဒေါ်လာ၂၂၉၇၀၀ ခန့်) ရှိပြီး   ဇိမ်ခံလျှပ်စစ်ကားထုတ်လုပ်မှုတွင်   Tesla  ကုမ္ပဏီအားယှဉ်ပြိုင်နိုင်ရေးကြိုးပမ်းသည့်  BYD ၏ဆန်းသစ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။  