သတင်းများ

ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသအများအပြားတွင် မီးအသုံးပြုမှုတားမြစ်ချက်များထုတ်ပြန်

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၇ ရက်က အပူလှိုင်းဖြတ်သန်းမှုကြောင့်  အာဏာပိုင်အဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင်    မီးအသုံးပြုမှုနှင့်စပ်လျဉ်း၍တားမြစ်ချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။

အပူလှိုင်းဖြတ်သန်းမှုဖြစ်ပွားစဉ် ဗစ်တိုးရီးယားပြည်နယ်ရှိ မဲလ်ဘုန်းမြို့တွင်အပူချိန်သည် ၄၁ ဒီဂရီအထိမြင့်တက်လာနိုင်ကြောင်း  မိုးလေဝသဌာနက  ခန့်မှန်းထားသည်။ အဆိုပါအပူချိန်သည် မဲလ်ဘုန်းမြို့၏    ဇန်နဝါရီလအတွင်း  အမြင့်ဆုံးအပူချိန်ထက် ၁၄ ဒီဂရီမြင့်တက်လျက်ရှိသည်။

ရာသီဥတုပူပြင်းမှုနှင့်လေပြင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင်   တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာနိုင်သောကြောင့် အာဏာပိုင် အဖွဲ့က   ပြည်နယ်အတွင်းရှိ ဒေသ   ၅ ခုအတွင်း၌   အန္တရာယ်ဇုန်နှင့် အန္တရာယ်ဒုတိယအများဆုံးကျရောက်နိုင်သောဇုန်ဟူ၍  ဇန်နဝါရီလ ၂၇ ရက်တွင်  ခွဲခြားသတ်မှတ်ထားကြောင်း မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ   ဒင်းနာရာမောကပြောသည်။

နိုင်ငံအတွင်းရှိ   အခြားပြည်နယ်များဖြစ်သည့် နယူးဆောက်ဝေး၊ ကွင်းစလန်း၊ မြောက်ပိုင်းနယ်မြေနှင့် နိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းများရှိ ပြည်နယ်များတွင်လည်း  အာဏာပိုင်အဖွဲ့ကအပူလှိုင်းဖြတ်သန်းမှုကြောင့် သတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ၎င်းပြည်နယ်များအနက်နယူးဆောက်ဝေးပြည်နယ်သည်   လူနေအထူထပ်ဆုံးသောပြည်နယ်ဖြစ်ပြီး ဇန်နဝါရီလ၂၇ ရက်တွင် အပူလှိုင်းဆိုးရွားစွာဖြတ်သန်းမှုနည်းပါးသော်လည်း ဇန်နဝါရီလ ၂၈ ရက်တွင်  အပူချိန်ပိုမိုမြင့်တက်လာနိုင်ကြောင်းသိရသည်။

Source: Myawady Web Portal

လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ

အမေရိကန်အခြေပြု SAFE ကုမ္ပဏီသည် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ AI နည်းပညာသုံး မြေအောက်လူနေဘန်ကာတစ်ခုကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ လူနေဘန်ကာတည်ဆောက်မည့် စီမံကိန်းကို Aerie ဟုအမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစ၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။

SAFE ကုမ္ပဏီသည် အဆောက်အအုံများကို လုံခြုံရေးအတွက် အဓိကအာရုံစိုက်တည်ဆောက်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ မြေအောက်လူနေဘန်ကာကြီးကို ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ယင်းဘန်ကာအတွင်း၌ ရေကူးကန်တစ်ခု၊ စက်ရုပ်နည်းပညာသုံး ဆေးကုသခန်းများ၊ ဘိုးလင်းအားကစားရုံတစ်ခု၊ အမြင့်တက်လိုသူများအတွက် အမြင့်သို့တက်လှမ်းနိုင်မည့်နံရံတစ်ခု၊ စားသောက်ဖွယ်ရာများကို နှစ်သက်သူများအတွက်လည်း ထူးခြားသည့် အစားအစာများရရှိနိုင်သည့် စားသောက်ခန်းတစ်ခုပါဝင်မည်ဖြစ်ကြောင်း SAFE ကုမ္ပဏီတည်ထောင်သူ အယ်လ်ကော်ဘီက Forbes မဂ္ဂဇင်းသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ပြောကြားခဲ့သည်။

အဆိုပါလူနေဘန်ကာတွင် နေထိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဖြစ်သောကြောင့် ယင်းဘန်ကာအတွင်း၌ ငွေကြေးအလွန်ကြွယ်ဝသည့် လူ ၆၂၅ ဦးသာ နေထိုင်နိုင်မည်ဖြစ်သော်လည်း SAFE ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ လူနေဘန်ကာမျိုးကို အခြားပြည်နယ် ၅၀ တွင် ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

Ref: RT

Source: မြဝတီသတင်းစာ

အမေရိကန်နိုင်ငံ၌ တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁၀၀၀ ခန့်ဖမ်းဆီး

ဟူစတန်    ဇန်နဝါရီ ၂၇

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၂၆ ရက် တစ်ရက်တည်းတွင် တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စိုးမိုးရေး(အိုင်စီအီး)က လူမှုကွန်ရက်မီဒီယာ X တွင် ဇန်နဝါရီ ၂၆ ရက် ညကပြောကြားသည်။

အိုင်စီအီးသည် ဇန်နဝါရီ ၂၆ ရက်က ချီကာကို၊ ဒန်ဗာမှ ဒဲလစ်၊ ဖော့ဝါ့နှင့် အော်စတင်အပါအဝင် တက္ကဆက်အတွင်းရှိ မြို့ကြီးများကို ပစ်မှတ်ထားကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြောက်တက္ကဆက်၌ လူ ၈၄ ဦးကို ဖမ်းဆီးကာ အိုင်စီအီးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အိုင်စီအီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားသည်။

ထရမ့်၏ အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ချိန် ပထမသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိုင်စီအီးက ဝင်ရောက်ဖမ်းဆီးမှုများကို လုပ်ဆာင်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတစ်ဝန်းအကြမ်းအားဖြင့် လူပေါင်း ၁၃၀၀ ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ခန့်အပ်ထားသည့် နယ်စပ်ဒေသတာဝန်ရှိသူ တွမ်ဟုမန်က ပြောကြားသည်။

Source: မြန်မာ့အလင်းသတင်းစာ

ဒူဘိုင်းရှိ အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်တိုက်မိုးနှစ်ခုကြား ရေကူးကန်ဖြင့် ဆက်သွယ်မည်

ခေတ်မီဆန်းပြားပြီး ဗိသုကာမြောက် မိုးမျှော်အဆောက်အအုံများတည်ရှိရာ ဒူဘိုင်းတွင်   အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်အဆောက်အအုံညီနောင်သစ်၏ ခေါင်မိုးထပ်နှစ်ခုကို   ရေကူးကန်ဖြင့် ဆက်သွယ်ထားသည့် ဒီဇိုင်းတည်ဆောက်လျက်ရှိပါသည်။ ထိုရေကူးကန်ကို “ကောင်းကင်ရေကူးကန်” ဟု အမည်ပေးထားပြီး ၄၃ ပေ ရှည်လျားပါသည်။ 

အဆိုပါရေကူးကန်ကို အများပြည်သူများ ရေကူးအသုံးပြုရန် ခွင့်ပြုမည်မဟုတ်ဘဲ အံ့ဖွယ် ဗိသုကာလက်ရာတစ်ခုအဖြစ် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီး မိုးမျှော်အဆောက်အအုံညီနောင်ကို ၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကာ စုစုပေါင်းခန့်မှန်း ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိမည်ဖြစ်ပါသည်။

ကိုးကား-CNN

နှင်းတောင်ပေါ်မှ ပြုတ်ကျခဲ့သူ Apple Watch ကြောင့် အသက်ကယ်တင်နိုင်ခဲ့

Apple Watch က လွန်ခဲ့သည့်သီတင်းပတ်အတွင်း လူ ၃ ဦးကို ကယ်တင်သွားခဲ့ပါသည်။ ဇန်နဝါရီ ၂၂ ရက်နေ့ အာရုံတက်ချိန်၌ Chelan ကောင်တီရဲဌာနသို့ Apple Watch ဆီမှ ဂြိုလ်တု SoS အကူအညီတောင်းမှုတစ်ခု ဝင်လာခဲ့ပြီး နှင်းလျှောစီးစကိတ်သမားတစ်ဦးသည် ဒဏ်ရာရရှိထားပြီး အကူအညီလိုအပ်နေကြောင်းနှင့် ပေတစ်ထောင်အမြင့်မှ ပြုတ်ကျခဲ့ကြောင်း အရေးပေါ် မက်ဆေ့ဝင်လာခဲ့သည်ဟု သိရှိရသည်။ 

အရေးပေါ်မက်ဆေ့ ဝင်လာပြီးနောက် ရဲစခန်းက ကင်းကောင်တီလေကြောင်းအကူဌာနသို့ လူနာသယ်ရန် အကူအညီတောင်းခဲ့သည်။ ကင်းကောင်တီ လေကြောင်း အကူဌာနမှ တည်နေရာအတိုင်း သွားရောက်ချိန်တွင် ဒဏ်ရာရသူနှင့်အတူ အကူအညီခေါ်ယူသည့် မိတ်ဆွေကို တွေ့ရှိခဲ့ရပါသည်။ 

ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်တွင် ဒူးဒဏ်ရာရရှိထားပြီး လမ်းမလျှောက်နိုင်ဖြစ်နေသော နောက်ထပ် နှင်းလျှောစီးသမားတစ်ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး သုံးဦးစလုံးကို ရဟတ်ယာဉ်နှင့်ကယ်တင်ခဲ့ကာ ဆေးကုသမှုပြုလုပ်ရန် ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်ဟုဆိုပါသည်။ အကယ်၍ ၎င်းတို့သာ Apple Watch နှင့် အကူအညီမတောင်းခဲ့ပါက နှင်းခဲပြီးအသက်သေဆုံးနိုင်သည်ဟု သိရပါသည်။ 

Apple Watch တွင် ယာဉ်တိုက်မှုဖြစ်ခြင်းကို သိနိုင်သည့် Crash Detection ၊ အမြင့်တစ်နေရာမှ ပြုတ်ကျခြင်းကို ထောက်လှမ်းနိုင်သည့် Fall Detection နှင့် အရေးပေါ် အကူအညီတောင်းနိုင်မည့် Emergency SOS features များ ပါဝင်ပါသည်။ Apple Watch ကြောင့် ယခင်ကလည်း ယခုကဲ့သို့ အသက်ဘေးမှ လွတ်ခဲ့သူများ ရှိခဲ့ပါသည်။ 

၂၀၂၀ ပြည့်နှစ်တွင် ကနေဒါနိုင်ငံသား သက်ကြီးရွယ်အိုတစ်ဦးလဲကျပြီး သတိမေ့နေချိန်တွင် Apple Watch အချက်ပေးမှုကြောင့် အသက်ချမ်းသာရာရခဲ့ပြီး ၂၀၂၁ ခုနှစ် တွင်လည်း အမေရိကန် အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုအတွင်း Apple Watch မှ အလိုအလျောက် ဖုန်းခေါ်ပေးခဲ့ခြင်းကြောင့် ကယ်ဆယ်နိုင်ခဲ့ပါသည်။

ကိုးကား-eGov Group

တောင်ကိုရီးယားနိုင်ငံတွင် ဆီးနှင်းများကျဆင်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနိုင်

ဆိုးလ်    ဇန်နဝါရီ ၂၇

တောင်ကိုရီးယားနိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းလျက်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနိုင်ပြီး ခရီးသွားလာရာတွင် အန္တရာယ်မကျရောက်စေရေး သတိထားသွားလာကြရန် ကိုရီးယားမိုးလေဝသဌာနက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် တစ်နာရီလျှင် ၃ စင်တီမီတာမှ ၅ စင်တီမီတာထိ ဆီးနှင်းထူထပ်စွာကျဆင်းခြင်းများဖြစ်ပေါ်နိုင်သဖြင့် တရုတ်နှစ်သစ်ကူးအားလပ်ရက်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အထူးသဖြင့် မြို့ပြုနယ်နိမိတ်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်း ကိုရီးယားမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆီးနှင်းထူထပ်စွာကျဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြင်နိုင်စွမ်းကျဆင်းနိုင်သဖြင့် ယာဉ်မောင်းများအနေဖြင့် မော်တော်ယာဉ်များကို နှင်းထုအတွင်း မောင်းနှင်ရာတွင် လိုအပ်သောပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်း၊ လေကြောင်းသွားလာမှုများ အခက်အခဲဖြစ်ပေါ်နိုင်သဖြင့် လေကြောင်းဆိုင်ရာ အချက်အလက်များကို ကြိုတင်စစ်ဆေးကြရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှင်းထူထပ်စွာ ကျဆင်းမှုဖြစ်ပေါ်ရခြင်းမှာ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လေထုစိုထိုင်းစအခြေအနေနှင့် ပင်လယ်သမုဒ္ဒရာအပူချိန်ပြောင်းလဲမှုတို့ကြောင့် အဆိုပါအခြေအနေဖြစ်ပွားရခြင်းဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: ရတနာပုံသတင်းစာ

Woven City သို့မဟုတ် AI နှင့် အခြားနည်းပညာများကို အသုံးပြု၍ တည်ဆောက်ထားသည့် အနာဂတ်မြို့

ဂျပန်ကားပညာကုမ္ပဏီကြီးတစ်ခုက ဖန်တီးတည်ဆောက်လျက်ရှိသည့်  ကမ္ဘာ့ပထမဆုံးသော အနာဂတ်မြို့ကြီးသည် မကြာမီကာလအတွင်း မြို့အတွင်းနေထိုင်မည့်သူများကို   လက်ခံတော့မည်ဖြစ်သည်။

Woven City ဟု အမည်ပေးထားသည့် အဆိုပါအနာဂတ်မြို့ကြီးကို တိုယိုတာကားကုမ္ပဏီက ဖူဂျီတောင်ခြေတွင် ၂၀၂၁ ခုနှစ်မှစ၍    တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းမြို့တွင်  ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အခြားနည်းပညာကိုအသုံးပြု၍ တည်ဆောက်ထားသည့် စမတ်နေအိမ် အနည်းဆုံး ၁၁ လုံးပါဝင်မည်ဖြစ်သည်။

မြို့ကြီးအတွက်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များကိုအသုံးပြု၍  ထုတ်လုပ်မည်ဖြစ်သည်။

ဒေါ်လာ ၁၀ ဘီလီယံ  ကုန်ကျမည့်အဆိုပါစီမံကိန်းသည် အနာဂတ်နည်းပညာများကို ထုတ်ဖော်ရာတွင် ဓာတ်ခွဲခန်းတစ်ခုကဲ့သို့လည်း  အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုနှစ် ဆောင်းဦးရာသီမှစ၍  အဆိုပါအနာဂတ်မြို့တွင်  လူ ၁၀၀  ခန့်စတင်နေထိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ တိုယိုတာကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သည်။

နောက်ပိုင်းတွင် မြို့အတွင်းနေထိုင်မည့် လူဦးရေကို ၂၂၀၀ ဦးအထိတိုးမြှင့်မည်ဖြစ်ပြီး  ၎င်းတို့အနက် အထူးသဖြင့် သိပ္ပံပညာဆန်းသစ်တီထွင်သူများနှင့်၎င်းတို့၏  မိသားစုဝင်များ၊   အိမ်မွေးတိရစ္ဆာန်များလည်းပါဝင်မည်ဖြစ်သည်။

မြို့အတွင်းနေထိုင်သူများအနေဖြင့် ညအချိန်သွားလာရာတွင်   ဘေးကင်းစေရန်အတွက် အစောင့်အရှောက်အဖြစ် ဒရုန်းများက    လိုက်ပါပေးမည့်အပြင် သက်ကြီးရွယ်အိုများအား အကူအညီပေးရန်အတွက် အိမ်မွေးတိရစ္ဆာန်ပုံသဏ္ဌာန်ဖန်တီးထုတ်လုပ်ထားသည့် စက်ရုပ်များ လည်းပါဝင်မည်ဖြစ်ပြီး  အလိုအလျောက်မောင်းနှင်သည့်   နည်းပညာကိုလည်း ထည့်သွင်းပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

တိုယိုတာကုမ္ပဏီသည်   ယင်းမြို့အတွင်း၌    အလိုအလျောက်စနစ်ဖြင့် မောင်းနှင်နိုင်မည့် ပြိုင်ကားတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိသည်။ Woven City   စီမံကိန်းသည်  ယခုအခါတည်ဆောက်မှုအဆင့် ၂ သို့ ဝင်ရောက်လာပြီဖြစ်သည်။     

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ ကျင်းပ

အစ္စလာမာဘတ်    ဇန်နဝါရီ ၂၇

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော စွမ်းအင်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချရန် ရည်ရွယ်ထားကြောင်း ပါကစ္စတန်နိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီး အဝပ်အာမက်ခန်းက ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ၌ လက်ရှိအချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးကို ကြပ်မတ်ဆောင်ရွက်နေပြီး လျှပ်စစ်စွမ်းအင်သုံးစွဲသူများအား စဉ်ဆက်မပြတ်လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာမြင့်မားသည့် နိုင်ငံများ၏ အကူအညီကို ရယူဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း လက်ရှိသုံးစွဲနေသည့် ရုပ်ကြွင်းလောင်စာသုံးယာဉ်များ၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ယာဉ်များအဖြစ် ပြောင်းလဲသုံးစွဲရာတွင်လည်း ၎င်းနိုင်ငံများ၏ နည်းပညာအကူအညီကို ရယူမည်ဟု သိရသည်။

နိုင်ငံအတွင်းရှိ လျှပ်စစ်ယာဉ်အားသွင်းရုံများ၏ ဓာတ်အားခကိုလည်း ယခုလအတွင်း လျှော့ချပေးခဲ့သည်။

Source: ကြေးမုံသတင်းစာ

ဘေးလွတ်ရာတိမ်းရှောင်နေရသော ပါလက်စတိုင်းလူမျိုး သောင်းနှင့်ချီ ဂါဇာသို့နေရပ်ပြန်

ဂါဇာ   ဇန်နဝါရီ ၂၇

၁၅ လအကြာ ဘေးလွတ်ရာတိမ်းရှောင်ပြီးနောက် ပါလက်စတိုင်းလူမျိုး သောင်းနှင့်ချီမှာ ဂါဇာမြို့ရှိ ၎င်းတို့၏ နေအိမ်များနှင့် ဂါဇာမြောက်ပိုင်းဒေသများသို့ ဇန်နဝါရီ ၂၇ ရက်တွင် နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ဟားမားစ်နှင့် အစ္စရေးတို့အကြား ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အစ္စရေးဓားစာခံ အာဘဲလ် ရေဟုဒ်နှင့် နောက်ထပ်နှစ်ဦး ပြန်လွှတ်ပေးရေး သဘောတူညီမှုရရှိခဲ့သည်ဟု ကာတာနိုင်ငံက ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာပြီးနောက် ထိုကဲ့သို့ ပါလက်စတိုင်းလူမျိုးများ နေရပ်ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟားမတ်စ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် နောက်ထပ်ဓားစာခံသုံးဦး လွှတ်ပေးသွားဖွယ်ရှိသည်။ သဘောတူညီချက်အရ အစ္စရေးသည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစတင်ကာ ဂါဇာကမ်းမြောင်မြောက်ပိုင်းသို့ ဒေသခံများ နေရပ်ပြန်ရေးကို ခွင့်ပြုပေးထားသည်။

ဟားမတ်စ်အဖွဲ့သည် ဓားစာခံများလွှတ်ပေးရေး နောက်ထပ်အဆင့်တစ်ခုကို ဆက်လက်လုပ်ဆောင်ရန် လက်ခံသဘောတူညီကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ရုံးက ဇန်နဝါရီ ၂၇ ရက် အစောပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနှင့်ချီ နေရပ်ပြန်ကြသည့်အတွက် ယခုနှစ်သည် ကမ္ဘာပေါ်တွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့

နွေဦးရာသီပွဲတော် သို့မဟုတ် နှစ်သစ်ကူးပွဲတော်ကာလအတွင်း ခရီးသွားပြည်သူ ဘီလီယံနှင့်ချီ၍ ရက်ပေါင်း ၄၀ ကြာ ခရီးသွားလာကြမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသည် စီးပွားရေးကျဆင်းမှုအခြေအနေကို ရင်ဆိုင်နေရသဖြင့် ယခုလို ခရီးသွားရာသီ (Chunyun) အတွင်း တရုတ်နိုင်ငံစီးပွားရေးကို မြှင့်တင်ရန် မျှော်လင့်ထားသည်။ Chunyun သည် တရုတ်နှစ်သစ်ကူး ပထမ နေ့ မတိုင်မီ ၁၅ ရက်အလိုတွင် စတင်လေ့ရှိသည်။

ဇန်နဝါရီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအား ကျင်းပရန် နိုင်ငံတစ်ဝှမ်းရှိ တရုတ်နိုင်ငံသား သန်းနှင့်ချီ နေရပ်ပြန်ခြင်းနှင့် ခရီးသွားလာကြခြင်းဖြစ်သည်။

ခရီးသွားရာသီကာလဖြစ်၍ ရှန်ဟိုင်းမြို့၏ အစည်ကားဆုံးနှင့် သယ်ယူပို့ဆောင်ရေးအချက်အချာနေရာဖြစ်သည့် Hongqiao မီးရထားဘူတာရုံရှိ ခရီးသည်အရေအတွက် စုစုပေါင်းသည် တရုတ်နိုင်ငံနှစ်စဉ် ခရီးသွားလာမှုနှုန်း၏ နှစ်ဆအထိ မြင့်တက်ခဲ့သည်။ 

ယခုနှစ်သည် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း ခရီးသွားလာမှုအများဆုံးဖြစ်ပြီး နေရပ်ပြန်သူများနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများက အစိုးရရုံးပိတ်ရက်ရှည် ၈ ရက်တာကို ကောင်းစွာ အသုံးချရန် မျှော်လင့်ထားကြသည်။

ယခုနှစ်အတွင်း ပြည်တွင်းခရီးသွားလာမှုအကြိမ်အရေအတွက် ၉ ဘီလီယံအထိ စံချိန်တင်ရောက်ရှိလာမည်ဟု တရုတ်အာဏာပိုင်များက ခန့်မှန်းထားသည်။

ကိုးကား-CNA