အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

News Image

  • အမေရိကန်တွင် တတိယလိင်အမျိုးအစား Passport များ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက X အမှတ်အသားပါသော တတိယလိင်အမျိုးအစား Passport များကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။ခရီးသွားရန်အတွက် ထောက်ခံစာ၌ လိင် ၂မျိုးသာ ရှိရမည်ဖြစ်ပြီး အမျိုးသား (သို့) အမျိုးသမီးဟုသာ လိင်အမျိုးအမည်ကို ခွဲခြားခွင့်ပြုထားသည်။ သို့ဖြစ်ရာ X လိင်သမားများအနေဖြင့် အမျိုးသား(သို့) အမျိုးသမီးအဖြစ် ပြန်ပြောင်း လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါအမိန့်ကို ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်သည့်နေ့တွင် သမ္မတ၏လုပ်ပိုင်ခွင့်အရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကယ်ပီတယ်အဆောက်အအုံတွင်မိန့်ခွန်းပြောကြားရာတွင်လည်း အမေရိကန်တွင် ယောက်ျား/မိန်းမ သာရှိရမည်ဟုပြောဆိုခဲ့သည်။ ထရမ့်အစိုးရအဖွဲ့၏နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်းဌာနအတွင်း ၌ အမျိုးသား၊ အမျိုးသမီးမှလွဲ၍ အခြားလိင်အုပ်စုမရှိစေရဟု အမိန့်ထုတ်ခဲ့ပါသည်။ အမေရိကန်၌ လူတစ်ဦးတွင် လိင်တစ်မျိုးသာရှိရဖြစ်ပြီး ဤအချင်းအရာသည် အစိုးရ၏ မူဝါဒဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုးကား-Myanmar National Post