Yangwang U9 sports supercar သို့မဟုတ် အတားအဆီးများ၊ ချိုင့်များကို ခုန်ကျော်မောင်းနှင်နိုင်သည့် BYD ကုမ္ပဏီ၏ ပထမဆုံးသောစူပါပြိုင်ကား

News Image

  • Yangwang U9 sports supercar သို့မဟုတ် အတားအဆီးများ၊ ချိုင့်များကို ခုန်ကျော်မောင်းနှင်နိုင်သည့် BYD ကုမ္ပဏီ၏ ပထမဆုံးသောစူပါပြိုင်ကား

တရုတ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့်BYD မှ ထုတ်လုပ်ထားသည့် Yangwang U9 စူပါပြိုင်ကားသည်   တရုတ်နိုင်ငံရှိဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီးနောက်ငါးလအတွင်း အစီးပေါင်း ၁၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန် သည်။

အဆိုပါ Yangwang U9 စူပါ ပြိုင်ကားသည် BYD ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်ခဲ့သည့်ပြိုင်ကားဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အဆင့်မြင့် ဟိုက်ဒရောလစ်စနစ်ကားကိုယ်ထည်ထိန်းချုပ်မှုနည်းပညာတပ်ဆင်ထားသည့် ပြိုင်ကားလည်းဖြစ်သည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားသည် တရုတ်ဈေးကွက်အတွင်းသို့   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း  ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး   ယင်းနှစ် စက်တင်ဘာလတွင် ၁၆  စီး၊  အောက်တိုဘာလတွင်  ၁၇  စီး၊ နိုဝင်ဘာလတွင်    ၂၄  စီးနှင့်ဒီဇင်ဘာလတွင်  ၂၄ စီးရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း     BYD   ကုမ္ပဏီက  ဇန်နဝါရီလ ၂၁  ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ကားတွင် အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သည့် နည်းပညာတပ်ဆင်ထားပြီး   တစ်နာရီလျှင် ၇၅ မိုင်နီးပါးမောင်းနှင်နိုင်သည့်အပြင် မောင်းနှင်နေစဉ်   လမ်းခရီးတွင်အတားအဆီးများ၊ ချိုင့်များနှင့်တွေ့ကြုံရပါက ၎င်းအတားအဆီးနှင့်ချိုင့်များကို ခုန်ကျော်၍မောင်းနှင်နိုင်သည်။ ထို့ပြင်  ကားတွင် ၃၆၀ ဒီဂရီပတ်လည်ကြည့်ရှုနိုင်သည့်   ကင်မရာ၊ အာရုံခံစနစ်၊   ရေဒါနှင့် အင်တာနက်ချိတ်ဆက်မှုများကိုပါ   တပ်ဆင်ထားသည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားတစ်စီး၏ ဈေးနှုန်းမှာ တရုတ်ဈေးကွက်တွင် ယွမ် ၁ ဒသမ ၆၈ သန်း (ဒေါ်လာ၂၂၉၇၀၀ ခန့်) ရှိပြီး   ဇိမ်ခံလျှပ်စစ်ကားထုတ်လုပ်မှုတွင်   Tesla  ကုမ္ပဏီအားယှဉ်ပြိုင်နိုင်ရေးကြိုးပမ်းသည့်  BYD ၏ဆန်းသစ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။  

Source: Myawady Web Portal