Apple နှင့် တရုတ်နည်းပညာ ထုတ်ကုန်ပစ္စည်းများကိုယှဉ်ပြိုင်ရန် Samsung  က Galaxy S25 စမတ် ဖုန်းများကိုထုတ်ဖော်ပြသ

News Image

  • Apple နှင့် တရုတ်နည်းပညာ ထုတ်ကုန်ပစ္စည်းများကိုယှဉ်ပြိုင်ရန် Samsung  က Galaxy S25 စမတ် ဖုန်းများကိုထုတ်ဖော်ပြသ

Samsung  Electronics ကုမ္ပဏီသည် ပြိုင်ဘက်များဖြစ်သည့် Apple နှင့် တရုတ်နည်းပညာထုတ်ကုန်ပစ္စည်းများ၏ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်  ၎င်းတို့၏ Galaxy S25၊ Galaxy S25+ နှင့် Galaxy S25 Ultra စမတ်ဖုန်းများကို ဇန်နဝါရီလ၂၂ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။

Samsung  ကုမ္ပဏီသည် ဉာဏ်ရည်တု(AI)  နည်းပညာသုံးစမတ်ဖုန်းများကို ထုတ်လုပ်ရာတွင် Apple ထက်ပိုမိုမြန်ဆန်သော်လည်း ၂၀၂၄  ခုနှစ် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်  အမေရိကန်နှင့်တရုတ်ကုမ္ပဏီများ၏ပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့်  ထိပ်တန်းအဆင့်တွင်ရပ်တည်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ယခုအခါ Samsung အနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့   ရောက်ရှိနေပြီဖြစ်ကြောင်း Samsung ၏ AI အဖွဲ့ခေါင်းဆောင် ပတ်ဂျီဆုန်က ပြောသည်။

Galaxy  S25  စမတ်ဖုန်းများတွင် Qualcomm ၏ chip များအပြင် Google ၏ AI မော်ဒယ်တို့ကို  ထည့်သွင်းထားပြီး Now  Brief  service  ပါဝင်ခြင်းကြောင့် အသုံးပြုသူများအနေဖြင့် ဖုန်းအတွင်း သိုလှောင်ထားသည့်   ကိုယ်ပိုင်အမှတ်သညာပြုလုပ်သတ်မှတ်ထားသည့်အချက်အလက်များအပေါ်အခြေခံ၍ အကြံပြုချက်များပေးအပ်နိုင်မည်ဖြစ်သည်။

ထို့ပြင် Samsung ၏ image enhancement solution နှင့် mobile digital natural image စသည့် function များကိုပါ ထည့်သွင်းထားခြင်းကြောင့် Galaxy S25 စမတ်ဖုန်းများသည် performance အပိုင်းတွင် ပိုမိုကောင်းမွန်သည့်ဖုန်းတစ်လုံးဖြစ်လာမည်ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ သို့သော် ဖုန်းများတွင်ပါဝင်သည့် RAM များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူဘဲ ကွဲပြားမည်ဖြစ်ကြောင်းသိရသည်။ 

Source: Myawady Web Portal