သတင်းများ

ဆင်ထိန်းအို၏ နောက်ဆုံးဆန္ဒ ပြည့်ဝခဲ့

ဩစတြေးလျရှိ Perth တိရစ္ဆာန်ရုံတွင် ဆင်ထိန်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ Grant Harris အမည်ရှိ အမျိုးသားတစ်ဦးသည် နေမကောင်းဖြစ်၍ ကွယ်လွန်ခါနီးအချိန်တွင် နောက်ဆုံးဆန္ဒအဖြစ် ၎င်းငယ်စဉ်က စောင့်ရှောက်ခဲ့ရသည့် Permai ဆင်ကို သွားရောက် နှုတ်ဆက်ရန် ဆန္ဒပြင်းပြနေခဲ့ပါသည်။

Grant Harris သည် Perth တိရစ္ဆာန်ရုံတွင် ဆင်ထိန်းအဖြစ် ၂၇ နှစ်တိုင်မျှ လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် Perth သို့ရောက်ရှိလာသည့် Permai ဆင်ကို ကျွေးမွေး စောင့်ရှောက်လာခဲ့သည်။ Grant Harris သေတမ်းစာတွင် မကြာမီတွင် Perth တိရစ္ဆာန်ရုံမှ ဩစတြေးလျ တောင်ပိုင်း မွန်တာတိုရှိ Safari ပန်းခြံနေအိမ်သစ်သို့ ပြောင်းရွှေ့တော့မည့် အသက် ၃၅ နှစ်အရွယ် Permai ဆင်ကို မိသားစုနှင့်အတူ နောက်ဆုံးအကြိမ် သွားရောက်နှုတ်ဆက်လိုကြောင်း ပြောပြခဲ့သည်။

Ambulance Wish WA နှင့် Perth တိရစ္ဆာန်ရုံရှိ စေတနာ့ဝန်ထမ်းများ၏အကူအညီဖြင့် အသက် ၆၄ နှစ် အရွယ် Grant Harris သည် Permai နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ Permai က သူမအား စောင့်ရှောက်ခဲ့သူ Harris ကို သတိရမှတ်မိနေကြောင်း ပြသခဲ့သလို  နှစ်ဦးသားပြန်လည်တွေ့ဆုံမှုမှာ   ဖော်မပြနိုင်သည့် ဝမ်းနည်းဝမ်းသာခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

Mr Harris သည် ၎င်းသံယောဇဉ်ဖြစ်ခဲ့ရသော Permai ကို တွေ့ဆုံရပြီး ၂ ရက်အကြာတွင် ကွယ်လွန်သွားခဲ့ပါသည်။

ကိုးကား-The West Australian

တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိ၊ တစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

တူကီယဲနိုင်ငံ  အရှေ့တောင်ပိုင်းတွင် ခရီးသည်တင်  ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသွားကြောင်း Haber Global က ဖေဖော်ဝါရီလ၂ရက်တွင် ဖော်ပြသည်။

အဆိုပါမတော်တဆမှုသည် နူဒါဂင်မြို့အနီးရှိ  အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း ခရီးသည်တင်ဘတ်စကားမှာ ကုန်တင်ကား၏ ဝင်တိုက်မှုကြောင့် ဆိုးရွားစွာပျက်စီးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်   ကားနှစ်စီးစလုံးမှာ မီးစွဲလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက    မီးလောင်ကျွမ်းမှုအား  တစ်နာရီကြာခန့်  ငြှိမ်းသတ်ခဲ့ရသည်။

ယာဉ်တိုက်မှုအတွင်း   သေဆုံးသွားသူမှာ ဘတ်စကားယာဉ်မောင်းအကူဖြစ်ပြီး ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Source: Myawady Web Portal

ကမ္ဘာ့နိုင်ငံများကြား ပြင်းထန်လာဖွယ်ရှိသည့် AI နည်းပညာယှဉ်ပြိုင်မှု

AI model များဖြစ်သည့် DeepSeek နှင့် ChatGPT တို့အား ယှဉ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ AI model တစ်ခုကို ယခု ၂၀၂၅ ခုနှစ် အကုန်ပိုင်းတွင် ထုတ်ဖော်ပြသမည်ဟု  ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံအနေဖြင့်  စိုက်ပျိုးရေးကဏ္ဍ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး စသည့်ကဏ္ဍများတွင် AI နည်းပညာကို အသုံးပြုဖြေရှင်းနိုင်ရေးကြိုးပမ်းလျက်ရှိရာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် အိန္ဒိယအစိုးရသည် လက်ရှိတွင် AI နည်းပညာမြှင့်တင်ရေးအဆိုပြုချက် ၁၈ ရပ်ကို အတည်ပြုလက်ခံပြီးဖြစ်သည်။

ထို့ပြင် ကိုယ်ပိုင် AI model ထုတ်လုပ်ရေးအတွက် ကြိုးပမ်းရာတွင်လည်း ယခုအခါ အခြေခံလိုအပ်ချက်များကို ထုတ်လုပ်ထားနိုင်သည့် အဆင့်သို့ရောက်ရှိနေပြီး နိုင်ငံ၏ထူးခြားသည့် အခြေအနေများနှင့် လိုအပ်ချက်များနှင့်ကိုက်ညီသည့် စနစ်တစ်ခုထုတ်လုပ်နိုင်ရန်အတွက်   အာရုံစိုက် လုပ်ဆောင်လျက်ရှိရာ  လာမည့် ၁၀ လအတွင်း AI model တစ်ခုကိုထုတ်ဖော်ပြသနိုင်မည်ဖြစ်ကြောင်း   အိန္ဒိယအီလက်ထရွန်နစ်နှင့် IT နည်းပညာဝန်ကြီး အက်ဝီနီ ဗိုင်ရှနောက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ AI model ထုတ်လုပ်ရေးသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ကုန်ကျနိုင်ပြီး  အစိုးရက  ဖော်ဆောင်နေသည့်  AI နည်းပညာမြှင့်တင်ရေးအစီအစဉ်တွင် ဘီလီယံနာတစ်ဦးဖြစ်သည့် မူကက်ရှ်အယ်ဘာနီ၏ Jio  Platform လည်းပါဝင်လျက်ရှိသည်။

အယ်ဘာနီ၏  Jio  Platform  သည် ဂူဂျာရက်ပြည်နယ် ဂျမ်နာဂါမြို့တွင် ကမ္ဘာ့အကြီးဆုံး ဒေတာအချက်အလက်စင်တာတစ်ခုကို တည်ထောင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု Bloomberg ကယခုလအစောပိုင်းတွင်ဖော်ပြခဲ့သည်။ ထို့ပြင် အယ်ဘာနီဦးဆောင်သည့် Reliance Industries လုပ်ငန်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံစိမ်း သန့်စင်ရေးစက်ရုံကို အဆိုပါ မြို့တွင်ဖွင့်လှစ်ထားသည်။

အိန္ဒိယနိုင်ငံ၏  ထုတ်ဖော်ပြောကြားချက်သည် တရုတ်နိုင်ငံ၏ DeepSeek AI model ကြောင့် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများတွင် ဂယက် ရိုက်ခတ်မှုများဖြစ်ပွားပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားတရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Alibaba သည် DeepSeek AI model ထက်ပိုမိုသာလွန်ကောင်းမွန်သည့် Qwen 2.5-Max ကို ထုတ်လုပ်နိုင်ခဲ့သည်ဟု တရုတ်နှစ်သစ်ကူးအခါသမယတွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ယခုအခါ AI နည်းပညာတွင် ပြိုင်ဆိုင်မှုသည်  ပိုမိုကြီးထွားလာပြီဖြစ်သည်ဟုဆိုနိုင်သည်။

အဆိုပါပြိုင်ဆိုင်မှုတွင်  တရုတ်ကုမ္ပဏီများ၏   ကုန်ကျစရိတ်သက်သာသည့် AI  model  များကြောင့်  အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်ထားသည့် ကုမ္ပဏီအများစုမှာ  အံ့အားသင့်ခဲ့ရသည့်အပြင် အစိုးရအဖွဲ့အတွက်ပါ စိုးရိမ်မကင်းဖြစ်စေခဲ့သည်။

အမေရိကန်နည်းပညာကုမ္ပဏီများအား ဂယက်ရိုက်စေခဲ့သည့်အရာမှာ DeepSeek က ထုတ်လုပ်ခဲ့သော DeepSeek R1 model ဖြစ်သည်။ ၎င်း၏ စွမ်းဆောင်ရည်သည် OpenAI ကို ပခုံးချင်းယှဉ်နိုင်သည့်အပြင် Open-source ဖြစ်ပြီး hardware ပိုင်း အရင်းအနှီးကုန်ကျစရိတ်မှာ သက်သာမှုရှိသောကြောင့် အမေရိကန် Nvidia ကဲ့သို့သော ကုမ္ပဏီကြီး၏ အစုရှယ်ယာများမှာ ဒေါ်လာ  ၅၉၃  ဘီလီယံခန့်မှာ တစ်ရက်တည်းမှာပင် ထိုးကျသွားခဲ့ရသည်။

၎င်းဖြစ်စဉ်သည် အမေရိကန်စတော့ စျေးကွက်သမိုင်းမှာ  တစ်ရက်အတွင်း စတော့တန်ဖိုးကျဆင်းမှုအများဆုံးပမာဏ ဖြစ်လာခဲ့သည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအများအပြားက DeepSeek ၏ စွမ်းဆောင်ရည်အပေါ် ကြိုက်နှစ်သက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်မှာ နောက်ဆုံး version ထွက်ပေါ်လာပြီး Apple Store ၌ လူအများဆုံး download ရယူခဲ့ရသည့်    အပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့၏ AI model များကြား  ကွဲပြားစေသည့်အချက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်ပြီး DeepSeek အနေဖြင့် ၎င်းတို့၏နောက်ဆုံးပေါ်AI  ကို ထုတ်လုပ်ရန်အတွက်  ဒေါ်လာ ၅ ဒသမ ၆ သန်းအသုံးပြုခဲ့ရပြီး OpenAI ကမူ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာ ဒေါ်လာ ၅ ဘီလီယံသုံးစွဲခဲ့ရသည်ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ DeepSeek ၏ထုတ်လုပ်မှုကုန်ကျစရိတ်မှာ အဆပေါင်းများစွာကွာခြားလျက်ရှိသည်။

ယခုအခါ Alibaba က DeepSeek AI model ထက်ပိုမိုသာလွန်ကောင်းမွန်သည့် Qwen 2.5-Max ကို ထုတ်လုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည့်အပြင် အိန္ဒိယနိုင်ငံကလည်း ၎င်းတို့၏ AI model ကို ယခု နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည်ဟု ဆိုထားသောကြောင့် ကမ္ဘာ့နိုင်ငံများကြား AI နည်းပညာယှဉ်ပြိုင်မှုသည် အရှိန်အဟုန်ပြင်းထန်စွာ စတင်လာပြီဟုဆိုနိုင်သည်။

Ref: RT, Tomsguide

ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့် ဆေးကုသရေး လေယာဉ်တစ်စင်းပျက်ကျ

အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့်ဆေးကုသရေးလေယာဉ်တစ်စင်း လူနေရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

Jet Rescue Air Ambulance ပိုင် အဆိုပါလေယာဉ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်  ဖီလာဒဲဖီးယားမြို့ရှိ North-east Philadelphia လေဆိပ်မှ ဇန်နဝါရီလ၃၁ ရက် ဒေသစံတော်ချိန် ည ၆ နာရီခန့်တွင် ပျံသန်းပြီးမကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့နှင့် မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင်  အမှုထမ်းလေးဦး၊ လူနာတစ်ဦးနှင့် လူနာစောင့်တစ်ဦးလိုက်ပါလာကြောင်း၊ လက်ရှိတွင် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးရသည့် လူအရေအတွက်ကို အတိအကျမသိရသေးကြောင်း ဖီလာဒဲဖီးယားမြို့တော်ဝန် ချားရယ်ပါကာ က  သတင်းစာရှင်းလင်းပွဲ၌    ပြောကြားသည်။                           

 Ref:Xinhua

Medevac ဂျက်လေယာဉ် US ရှိ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျ

လူခြောက်ဦးလိုက်ပါလာသည့် Learjet 55 ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းတွင် အမေရိကန် အရှေ့မြောက်ပိုင်း Philadelphia ၌ ပျက်ကျခဲ့သည်။ ပျက်ကျမှုမတိုင်မီ ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ထွက်ပေါ်ခဲ့ပြီး ပေါက်ကွဲသံများနှင့် မီးခိုးမြူများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ခြင်းကို လုံခြုံရေးကင်မရာ များမှ မှတ်တမ်းတင်နိုင်ခဲ့သည်။

Federal Aviation Administration (FAA) မှ ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၆:၃၀ ခန့်တွင် အရှေ့မြောက်ဖီလာဒဲလ်ဖီးယားလေဆိပ်မှ ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ကြောင်း အတည်ပြုခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် မှတ်ပုံတင်ထားသော အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဉ်သည် Jet Rescue Air Ambulance နှင့် သက်ဆိုင်ကြောင်း FlightRadar24 အချက်အလက်များ အရသိရသည်။ အသစ်ခန့်အပ်ခံရသော အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy က လေယာဉ်ပေါ်တွင် လူခြောက်ဦးပါရှိကြောင်း အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် ဆရာဝန်နှစ်ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လူနာတစ်ဦးတို့ သေဆုံးသွားခဲ့ကြကြောင်း NBC သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုးကား-RT

ရော်နယ်ရေဂင်လေဆိပ်အနီးတွင်ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင်  လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိဟုဆို

ဝါရှင်တန်၊ မတော်တဆမှု

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့    ရော်နယ်ရေဂင်လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင် လိုက်ပါလာသူအားလုံး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်မီးသတ်တပ်ဖွဲ့အကြီးအကဲက ဇန်နဝါရီလ ၃၀ ရက်တွင်ပြောသည်။

ရော်နယ်ရေဂင်  လေဆိပ်အနီးတွင်ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက  ခရီးသည်တင်လေယာဉ်တစ်စင်းက လေဆိပ်သို့ ဆင်းသက်မည့်လမ်းကြောင်းအတွင်းသို့   စစ်ဘက်သုံး Blackhawk ရဟတ်ယာဉ်က   ပျံသန်းဝင်ရောက်လာစဉ် ဝေဟင်ပေါ်၌တိုက်မိခဲ့ခြင်းဖြစ်သည်။

လေယာဉ်မတော်တဆဖြစ်ပွားစဉ် ခရီးသည်တင်လေယာဉ်ပေါ်၌ ခရီးသည်၆၀ ဦး၊ လေယာဉ်အမှုထမ်းလေးဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် လေယာဉ်များမှာ အနီးအနားရှိ ပိုတိုမက်မြစ်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ အနည်းဆုံးရုပ်အလောင်း ၃၀  ခန့်ကို   မြစ်အတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း မတော်တဆမှုအတွင်း အသက်ရှင်ကျန်ရစ်သူမရှိနိုင်ကြောင်း ဝါရှင်တန်မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန်ဒေါ်နယ်လီကပြောသည်။

လက်ရှိတွင် ရဟတ်ယာဉ်၏ အပျက်အစီးများကို ပြန်လည်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ယခုဖြစ်ပွားသည့် လေကြောင်းမတော်တဆမှုသည်    နိုင်ငံအတွင်း၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း   လူအသေအပျောက်အများဆုံးမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။

Blackhawk ရဟတ်ယာဉ်ပေါ်တွင်လေယာဉ်ပျံသန်းရေးလေ့ကျင့်မှုအဖြစ် စစ်သည်သုံးဦးလိုက်ပါလာကြောင်း သိရသည်။           
Ref: Xinhua, Startribune

Source: Myawady Web Portal

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/2146

စပိန်နိုင်ငံ Murcia ရှိ လက်နက်ခဲယမ်းစက်ရုံ ပေါက်ကွဲမှု ဖြစ်

စပိန်နိုင်ငံ အရှေ့တောင်ပိုင်း Murcia ရှိ Rheinmetall ၏ လက်အောက်ခံကုမ္ပဏီခွဲ၏ ခဲယမ်းစက်ရုံတွင် ဇန်နဝါရီ ၃၀ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ခြောက်ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ပြင်းထန်သောအခြေအနေတွင် ရှိနေသည်။ ဂျာမန် လက်နက်ကုမ္ပဏီကြီးသည် ယူကရိန်းသို့ လက်နက်များ အဓိကပံ့ပိုးပေးနေသည့် ကုမ္ပဏီဖြစ်သည်။

Javali Viejo တွင်ရှိသည့် စက်မှုဇုန်၌ ညနေ ၄ နာရီ ၂၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောသည်။ အသက် ၃၀ နှင့် ၅၂ နှစ်ကြားရှိ ဝန်ထမ်း အများအပြား မီးလောင်ဒဏ်ရာများနှင့် မီးခိုးငွေ့များ ရှူရှိုက်မိခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးရွားသောခံစားရမှုများ ခံစားခဲ့ရပြီး အသက် ၅၂ နှစ် အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့သည်။ လူငါးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ အဆိုပါနေရာ၌ ဆေးကုသမှုခံယူခဲ့သည်။

ဂျာမနီနိုင်ငံ Rheinmetall သည် စပိန်ကုမ္ပဏီ Expal Systems ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့သည်။ ယခု Expal Munitions ဟုခေါ်သော ကုမ္ပဏီခွဲသည် ဝေဟင်ဗုံးများ၊ မော်တာနှင့် အလတ်စားကျည်များ၊ ဖျူးစ်များနှင့် ဒုံးပျံတွန်းကန်စနစ်များအပြင် EU မှ ယူကရိန်းသို့ ထောက်ပံ့ပေးလျက်ရှိသော 155 mm အမြောက်ကျည်များ ထုတ်လုပ်လျက်ရှိသည်။

Expal Munitions သည် Murcia ရှိ စက်ရုံအပါအဝင် စပိန်တွင် စက်ရုံ ၇ ရုံ လည်ပတ်နေပြီး ကိယက်ဗ် အတွက် ခဲယမ်းများထုတ်လုပ်မှု အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အီတလီနိုင်ငံတွင် ဟာမီနီယာမုန်တိုင်းကြောင့် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရ

ရောမ   ဇန်နဝါရီ ၃၀

ဟာမီနီယာ မုန်တိုင်းသည် ပြင်သစ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် အီတလီနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အီတလီနိုင်ငံ တက်စ်ကာနီနယ်မြေနှင့် လီဂူရီယာနယ်မြေတို့တွင် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း Civil Protection Agency က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ဖလောရင့်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ဖလောရင့်မြို့ရှီ မြေအောက်လမ်းကူးလူသွားလမ်းများ ‌‌ရေလွှမ်းလျက်ရှိသကဲ့သို့ လမ်းမကြီးတချို့လည်း ရေလွှမ်းလျက်ရှိကြောင်း၊ ဂျီနိုအာမြို့တွင်လည်း ရေကြီးရေလျှံမှုအပြင် မြေပြိုကျမှုများဖြစ်ပေါ်နေပြီး လမ်းမကြီးတချို့ကို ယာယီပိတ်ထားကာ ရေဘေးအန္တရာယ်အရေးပေါ်အခြေအနေ ကြေညာထားကြောင်း၊ မြေပြိုကျမှုနှင့်အတူ သစ်ပင်ကြီးများလည်းလဲကျခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း Civil Protection Agency ကထုတ်ပြန်ခဲ့သည်။

“ဟာမီနီယာမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့အတူ မြေပြိုကျမှုတွေလဲဖြစ်ပေါ်နေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ စီဗီမြစ်ရေပမာဏလဲ မြင့်တက်လာနေတဲ့အတွက် မြစ်ရေလျှံတက်မှုနဲ့ပတ်သက်ပြီး အချိန်မီသတိပေးချက်ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု Civil Protection Agency မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

အာကာသအတွင်း ၅နာရီကျော်ကြာ စံချိန်တင် လမ်းလျှောက်ထွက်

အာကာသစူးစမ်းလေ့လာရေးစွမ်းရည်၏ ထူးထူးခြားခြား သရုပ်ပြမှုတွင် နာဆာမှ အာကာသယာဉ်မှူး ဆူနီတာ ဝီလီယံ နှင့် ဘတ်ချ်ဝီလ်မိုးတိုက နိုင်ငံတကာ အာကာသ စခန်း (ISS) ပေါ်တွင် ဇန်နဝါရီ ၃၀ ရက်နေ့၌ စံချိန်တင် ၅.၅ နာရီကြာ အာကာသလမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ 

အာကာသလမ်းအတွင်းလျှောက်ခြင်းကို ဝီလီယံက ၉ ကြိမ်မြောက်နှင့် ဝီလ်မိုး က ၅ ကြိမ်မြောက်လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အတွက် စံချိန်မှတ်တမ်းအသစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဝီလီယံက စုစုပေါင်း အာကာသလမ်းလျှောက်ချိန် ၆၂နာရီ နှင့် ၆ မိနစ်ရှိပြီဖြစ်၍ နာဆာ၏ မှတ်တမ်းတွင် အာကာသအတွင်းနေထိုင်မှု နံပါတ် ၄ နေရာသို့ ရောက်သွားကြောင်း သိရှိရပါသည်။ 

ကမ္ဘာနှင့်မတူညီသည့်အခြေအနေရှိသော အာကာသအတွင်းလှုပ်ရှားမှု (EVA) အတွင်း အာကာသယာဉ်မှူးများသည် အရေးကြီးသော အလုပ်များစွာကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းနှင့် ၎င်းတို့သည် အာကာသစခန်းတွင် ချွတ်ယွင်းမှုဖြစ်ကာ အနှောင့်အယှက်ဖြစ်နေသော ရေဒီယိုလှိုင်းနှုန်းစုဆောင်းသည့် အင်တာနာကို ဖယ်ရှားခဲ့ပြီး အသေးစိတ်လေ့လာသုတေသနပြုရန်အတွက် Destiny ဓာတ်ခွဲခန်းနှင့် Quest airlock နှစ်ခုလုံးမှ မျက်နှာပြင်ပစ္စည်း နမူနာများကို စုဆောင်းခဲ့ကြောင်း သိရှိရပါသည်။ 

ကိုးကား-Myanmar National Post

ဘလူးအော်ရီဂျင်ကုမ္ပဏီက New Shepard ဒုံးပျံလွှတ်တင်မည့်အစီအစဉ်ကို ပြဿနာ နှစ်ရပ်ကြောင့် ဆိုင်းငံ့ထားရ

ဝါရှင်တန်     ဇန်နဝါရီ ၂၉

အမေရိကန်နိုင်ငံ အခြေစိုက်ဘလူးအော်ရီဂျင် ကုမ္ပဏီသည် New Shepard ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကို ပြဿနာနှစ်ရပ်ကြောင့် ဆိုင်းငံ့ထားရကြောင်း ဇန်နဝါရီ ၂၈ ရက် သတင်းများအရ သိရသည်။

ဘလူးအော်ရီဂျင်ကုမ္ပဏီသည် မူကလ New Shepard ဒုံးပျံကို ဇန်နဝါရီ ၂၈ ရက်တွင် တက္ကဆက်ပြည်နယ်အနောက်ပိုင်း အာကာသစခန်းမှတစ်ဆင့် လွှတ်တင်ရန်စီစဉ်ထားကြောင်း သိရသည်။

သို့ရာတွင် မိုးတိမ်များထူထပ်နေမှုပြဿနာနှင့် New Shepard ဒုံးပျံ ပျံသန်းရေးစနစ် ပြဿနာကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း ဘလူးအော်ရီဂျင်ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

အင်န်အက်စ်-၂၉ ဟူ၍အမည်ပေးထားသည့် New Shepard ဒုံးပျံသည် ဇန်နဝါရီ ၂၈ ရက်မစ်ရှင်တွင် ကမ္ဘာ့လေထုလွှာနှင့် အာကာသဟင်းလင်းပြင်အနားစပ်၌ လကမ္ဘာဒြပ်ဆွဲအားအခြေအနေကို စမ်းသပ်ဖန်တီးရန် စီစဉ်ထားကြောင်း သိရသည်။

အင်န်အက်စ်-၂၉ မစ်ရှင်တွင် ဘလူးအော်ရီဂျင် ကုမ္ပဏီသည် New Shepard ဒုံးပျံကို ဒုံးကန်အားစနစ်များအကူအညီဖြင့် တစ်မိနစ်လျှင် အပတ်ရေ ၁၁ ပတ်နှုန်းလည်ပတ်ခြင်းဖြင့် လဆွဲအားကို ဖန်တီးရန် စီစဉ်ထားသည်။

ဘလူးအော်ရီဂျင်ကုမ္ပဏီသည် New Shepard ဒုံးပျံကို လက်ရှိအချိန်ထိ ၂၈ ကြိမ် လွှတ်တင်ထားပြီး ၁၉ ကြိမ်မှာ အာကာသယာဉ်မှူးများ လိုက်ပါခြင်းမရှိသည့်မစ်ရှင်များဖြစ်ကြောင်း သိရသည်။

Ref: Russia Today ၊ Trs: KKO