တရုတ်နိုင်ငံအနောက်တောင်ပိုင်းချောက်ကမ်းပါးပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးဟွာကျန်း တံတားကြီးအား ဆက်သွယ်ပြီးဖြစ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟွာကျန်းချောက်ကမ်းပါးပေါ်မှ တံတားကြီးအား ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်သွယ်ပြီးဖြစ်သည်။
အဆိုပါတံတားကြီးသည် အမြင့်၆၂၅ မီတာ၊ အရှည် ၁၄၂၀ မီတာရှိပြီး၎င်းတံတား၏ အစိတ်အပိုင်းများကို ဇန်နဝါရီလ ၁၇ ရက်က အပြီးသတ်ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဟွာကျန်း ချောက်ကမ်းပါးပေါ်မှတံတားကြီးသည် ယခင်က ကမ္ဘာ့အမြင့်ဆုံးအဖြစ်သတ်မှတ် ခံထားရသည့် ပေပန်ကျန်းတံတားကိုကျော်ဖြတ်၍ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးဖြစ်လာခြင်းဖြစ်သည်။
ပေပန်ကျန်းတံတားသည် အမြင့် ၅၆၅မီတာရှိပြီး ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် ယူနန်ပြည်နယ် ရွှေလီ (ရွီလီ)မြို့တို့အားဆက်သွယ်ပေးထားသည့် တံတားဖြစ်သည်။
Source: Myawady Web Portal
MM-News-Category