မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို စမ်းသပ်အောင်မြင်

News Image

  • မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို စမ်းသပ်အောင်မြင်

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၅ ရက်နေ့က ရေငုပ်သင်္ဘောများတွင် ဖြန့်ကျက်ချထားရန်နှင့် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဒီဇိုင်းထုတ်ထားသည့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါသည်။ ဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်က စောင့်ကြည့်လေ့လာခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့ပါသည်။

ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ၇၅၀၀ စက္ကန့် အတွင်း ကီလိုမီတာ ၁၅၀၀ အကွာအဝေးကို ဖုံးလွှမ်းကာ ၎င်းတို့၏ ပစ်မှတ်များကို ထိမှန်ခဲ့ပါသည်။ ထို့ကြောင့် ဒုံးကျည်များ၏ ပျမ်းမျှပျံသန်းမှုအမြန်နှုန်းမှာ တစ်နာရီ လျှင် ၇၂၀ ကီလိုမီတာဖြစ်ပါသည်။ အဆိုပါ စမ်းသပ်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို မထိခိုက်စေကြောင်း KCNA က မှတ်ချက်ပြုခဲ့ပါသည်။ 

အေဂျင်စီ၏အဆိုအရ အဆိုပါစမ်းသပ်မှုများသည် ဒေသတွင်းပြောင်းလဲနေသော လုံခြုံရေးအခြေအနေနှင့်အညီ ဖြစ်နိုင်ခြေရှိသော ရန်သူများကို မဟာဗျူဟာမြောက် ဟန့်တားခြင်း၏ ထိရောက်မှုကိုမြှင့်တင်ရန် ရည်ရွယ်သည့် အမျိုးသားကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရပါသည်။ 

ပြုံယမ်းသည် ၎င်း၏ “စစ်ပွဲကို ဟန့်တားရေးနည်းလမ်းများ ဆက်လက်တိုးတက်စေမည်ဖြစ်ကြောင်း” မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလေးပေး ပြောကြားခဲ့ပါသည်။ “ခိုင်ခံ့သည့် စစ်အင်အားများကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကာကွယ်ရန် မိမိတို့၏အရေးကြီးသည့် တာဝန်များကို အမြဲတမ်း တာဝန်ကျေပွန်စေရန် ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဆက်လက် ပြောကြားခဲ့သည်။

ကိုးကား - TASS