ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံး
ဖနောင်ပင် ဇန်နဝါရီ ၈
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံးမှုဖြစ်ပွားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိ
သို့သော်လည်း ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု ဆိုသည်။ ယမန်နှစ်က မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆော့သ်ကင်ကိုးလ်မိုနီက ပြောသည်။
မကြာခဏ မိုးကြိုးပစ်လေ့ရှိ
မိုးကြိုးပစ်ခြင်းမှရှောင်ရှားနိုင်ရန် အထူးသဖြင့် ကျေးလက်နေပြည်သူများသည် မုန်တိုင်း သို့မဟုတ် မိုးရွာသွန်းချိန်တွင် နေအိမ်များအတွင်း နေထိုင်သင့်သည်ဟု ကိုးလ်မိုနီက ဆင်ဟွာသို့ ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မကြာခဏ မိုးကြိုးပစ်လေ့ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၀ သေဆုံး
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများအပြင် မီးလောင်မှုကြောင့် လူ ၂၀ သေဆုံးပြီး မုန်တိုင်းကြောင့် ခုနစ်ဦး သေဆုံးကြောင်း ကိုးလ်မိုနီက ပြောသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ