သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) ၏ သမိုင်းအကျဉ်းနှင့် အချက်အလက်များ၊ မြို့ပတ်ရထားလမ်း၏သမိုင်းကြောင်းနှင့် အဆင့်မြှင့်တင်ရေးစီမံကိန်း၏ သမိုင်းကြောင်းများ၊ မြို့ပတ်ရထားများပြေးဆွဲသွားမည့်အစီအစဉ်များနှင့် ရထားလမ်းဆိုင်ရာအဆောက်အဦများ၊ ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လေ့လာရေးအဖွဲ့၏တွေ့ရှိချက်များ၊ မြို့ပတ်လျှပ်စစ်ရထားအတွက် သုံးသပ်တင်ပြချက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်က အဓိကမီးရထားလမ်းပိုင်းများ၌ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး  ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့မီးရထား၏နောက်ခံအခြေအနေ၊ လမ်းပိုင်းဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များ၊ စက်ခေါင်း၊ တွဲနှင့် DEMU (Rolling Stock) များ၏ စက်မှုပိုင်းဆိုင်ရာလိုအပ်ချက်များ၊ အချက်ပြနှင့်သွားလာရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် သုံးသပ်ချက်များကိုလည်းကောင်း၊ မြန်မာ့မီးရထား၊ တိုင်းအသီးသီးရှိလမ်းပိုင်းများတွင် ကွန်ကရစ်ဇလီဖားတုံးများ ထုတ်လုပ်၊ လဲလှယ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံနှင့်ပတ်သက်၍ ကွန်ကရစ်ဇလီဖားစက်ရုံများ၏ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဝေနိုင်မှု၊ လမ်းပိုင်းများ၌ ကွန်ကရစ်ဇလီဖားတုံးများထည့်သွင်းထားရှိမှု၊ လမ်းပိုင်းများအားလုံးတွင် သံလမ်းတစ်ဆက်လျှင် ကွန်ကရစ်ဇလီဖား ၂၁ တုံး အပြည့်ဖြည့်တင်းနိုင်ရေးအတွက် ထပ်မံလိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကမီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာအထိမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများဆောင်ရွက်၍ မိမိတို့နိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မီးရထားသယ်ယူပို့ဆောင်ရေးသည် ၁၈၇၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့်ပါက ရထားသယ်ယူပို့ဆောင်ရေးစနစ်များ နောက်ကျနေဆဲဖြစ်ကြောင်း၊ မီးရထားသယ်ယူပို့ဆောင်ရေးတွင် ရထားလမ်းသည် အဓိကအရေးကြီးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်းကိုက်ညီသည့် ကျောက်များ၊ ဇလီဖားတုံးများဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် အမြန်နှုန်းတစ်နာရီလျှင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ၆၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းများနှင့်ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း။

ရထားလမ်းများကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ဆောင်ရေးကို အများပြည်သူများက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း၊ ရထားများအား သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်ရေးအတွက် Level Crossing နေရာများလျှော့ချခြင်း၊ Underpass များ တည်ဆောက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ရထားလမ်းနယ်များ၌လည်း ဥပဒေသတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားဘူတာများ၊ ရထားမြေများအားလုံး၌လည်း သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားလမ်းနယ်များ၌ မျက်စိပသာဒဖြစ်စေရေး၊ မြေထိန်းသိမ်းမှုဖြစ်စေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိသည့်စနစ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးသည် မျိုးရိုးဗီဇထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် microRNA မော်လီကျူးများကို ရှာဖွေတွေ့ရှိမှုအတွက် ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

မက်ဆာချူးဆက် ဆေးကျောင်းမှ ပါမောက္ခ ဗစ်တာအမ်းဘရော့စ်နှင့် ဟားဗက်ဆေးကျောင်းမှ ပါမောက္ခဂယ်ရီရုဗ်ကွန်တို့သည် ပူးတွဲဆုရရှိသူများဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် နိုဘယ်ညီလာခံတွင် ကြေညာခဲ့သည်။

 microRNA မော်လီကျူးများသည် မျိုးရိုးဗီဇလုပ်ဆောင်မှုများကို ထိန်းညှိပေးကြောင်း အဆိုပါသိပ္ပံပညာရှင်နှစ်ဦးက တွေ့ရှိခဲ့သည်။ ၎င်းတို့၏ သုတေသနပြုချက်တွင် microRNA သည် လူသားများ၏ မျိုးရိုးဗီဇ ထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ဆက်တွဲ သုတေသနပြုချက်များအရ microRNA မှ ပုံမှန်မဟုတ်သော ထိန်းညှိမှုသည် ကင်ဆာဖြစ်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများဖွံ့ဖြိုးမှုတွင် မူမမှန်မှုများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

၎င်းတို့နှစ်ဦး၏ ရှာဖွေတွေ့ရှိမှုသည် လူသားများအပါအဝင် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော မျိုးဗီဇစည်းမျဉ်းဆိုင်ရာ နိယာမအသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ညီလာခံက ပြောကြားခဲ့သည်။ microRNA သည် သက်ရှိများ ဖွံ့ဖြိုးပုံနှင့် လုပ်ဆောင်ပုံအတွက် အခြေခံအားဖြင့် အရေးကြီးကြောင်း သက်သေပြနေသည်ဟုလည်း ညီလာခံက ဆိုသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း

ဘရာဇီးမြို့တော်၌ မိုးမရွာသည်မှာ ရက်ပေါင်း ၁၆၄ ရက်ဖြင့် အရှည်ကြာဆုံး မိုးခေါင်မှုအဖြစ် စံချိန်တင်

ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲ ရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံး ခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသ အင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာလရှည်ကြာ မိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လလယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲ မိုးခေါင်မှု ဖြစ်ပွားခဲ့သည်။ 

ဘရာဆီးလီးယားမြို့သည် ဘရာဇီးနိုင်ငံအလယ်ပိုင်းဒေသတွင်ရှိပြီး ယခုအခါ အလွန် အမင်း ပူပြင်းခြင်းနှင့် စိုထိုင်းဆနည်းခြင်းဟူသော ခြိမ်းခြောက်မှုနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ အာဏာပိုင်များက လိမ္မော်ရောင်အဆင့် သတိပေးမှုထုတ်ပြန်ထားပြီး အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် ကျော်လွန်ကာ စိုထိုင်းဆ ၁၅ ရာခိုင်နှုန်းကျဆင်းနေသည်။ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်အတွင်း ဘရာဆီးလီးယားမြို့၌ တောမီးလောင်မှုမှာ ၂၆၉ ရာခိုင်နှုန်း တိုးလာသည်ဟု အမျိုးသားအာကာသသုတေသနအင်စတီကျု၏ အစီရင်ခံစာအရ သိရသည်။

အောက်တိုဘာ ၈ ရက်တွင် မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ ဘရာဆီးလီးယား သည် ယခုနှစ်အတွင်း စံချိန်တင် တောမီး‌လောင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံးမီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သည်။ အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း၊ ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိကြောင်း၊ ရွှံ့မီးတောင်သည် မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းနှင့် ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါးရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ(၆)ကြိမ် ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။