သတင်းများ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီသို့ရောက်ရှိ၊ အိမ်ရှေ့မင်းသားက ခမ်းနားစွာကြိုဆို

မေ ၁၃ တွင် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ်ရောက်ရှိလာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင် ဘုရင့်ရိုးရာကြိုဆိုမှုများဖြင့် ချီးမြှင့်ကြိုဆိုခဲ့ပြီး ရီယက်မြို့တော်သို့ ရောက်ရှိလာသော သမ္မတထရမ့်အား အိမ်ရှေ့မင်းသား Mohammed bin Salman ကိုယ်တိုင် လေယာဉ်ကွင်းတွင် ကြိုဆိုခဲ့ပါသည်။

သမ္မတထရမ့်နှင့် အိမ်ရှေ့မင်းသားတို့သည် ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး ဆော်ဒီအရာရှိကြီးများနှင့် မိတ်ဆက်စကားပြောဆိုပြီးနောက် လေဆိပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြကာ လေဆိပ်အတွင်းရှိ ဆော်ဒီဘုရင့် မိသားစုဝင်များ၏ ပုံတူများအောက်တွင် ရွှေခြည်ထိုးထားသော ခမ်းနားသည့် ခရမ်းရောင်ခုံများတွင် ထိုင်၍အနားယူကာ ခရီးဦးကြို နှုတ်ဆက်စကားများ ပြောဆိုခဲ့ကြပါသည်။

အဆိုပါခရီးစဉ်တွင် အမေရိကန်အစိုးရအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ စီးပွားရေး ဝန်ကြီး Howard Lutnick နှင့် စွမ်းအင်ဝန်ကြီး Chris Wright တို့လည်း ပါဝင်ခဲ့ကြသည်။

အိမ်ရှေ့မင်းသား Mohammed bin Salman သည် သမ္မတထရမ့်၏ နိုင်ငံရေးမဟာမိတ်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရန် အမေရိကန်၏ ကြားဝင်ဖျန်ဖြေရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် သမ္မတထရမ့်၏ ပထမ သက်တမ်းကတည်းက နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် အားထုတ်ခဲ့သူဖြစ်ပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး ဂုဏ်ပြု ကြိုဆိုခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

သမ္မတထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် ရီယက်မြို့တော်ကို ဦးစွာရွေးချယ်ခြင်းသည် ၂၀၁၈ ခုနှစ်က သတင်းစာ ဆရာ Jamal Khashoggi လုပ်ကြံခံရမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံအား နိုင်ငံတကာမှ သီးသန့်ခွဲထားမှုများကို ဖြေလျှော့ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

Bloomberg Economics ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တာဝန်ခံ Dina Esfandiary က CNN ၏ Becky Anderson အား “ဆော်ဒီအာရေဗျ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသ အလျင်အမြန်ပြောင်းလဲနေချိန် အရေးပါသော အချိန်ကာလတွင် ဆော်ဒီ၏အရည်အသွေးများကို ပြသရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်လာမည်” ဟု ပြောကြားခဲ့သည်။

ထရမ့်၏ခရီးစဉ်သည် ရီယက်အတွက် “ဒေသတွင်းရှိ အမေရိကန်၏ လုပ်ဆောင်ချက်များနှင့် ဒေသတွင်းပဋိပက္ခများဆိုင်ရာ မိမိတို့၏ကန့်သတ်ချက်များ သတ်မှတ်ရန် အခွင့်အလမ်းလည်းဖြစ်မည်” ဟု ၎င်းက ဆိုသည်။ သူမက “ယနေ့ အရှေ့အလယ်ပိုင်းဒေသသည် ထရမ့်၏ ပထမ သက်တမ်းကာလခရီးစဉ်များနှင့် များစွာကွဲပြားနေကြောင်း” ဖြည့်စွက် ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် ယခင်ရန်ဘက်ဖြစ်ခဲ့သော အီရန်နှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိပြီး အီရန်၊ အမေရိကန်နှင့် အစ္စရေးကြား စစ်ရေးတင်းမာမှုများတွင် ပါဝင်မိမည်ကို စိုးရိမ်နေသည်။

“ဆော်ဒီအာဏာပိုင်များသည် ဒေသတွင်းတည်ငြိမ်ရေးအတွက် မည်သည့်ဆွေးနွေးပွဲကိုမဆို လက်ခံကျင်းပရန် အဆင်သင့်ရှိကြောင်း” ဟု အဲစ် ဖန်ဒီယာရီက ပြောကြားခဲ့သည်။

သမ္မတထရမ့်သည် ယခုသီတင်းပတ်အတွင်း ကာတာ၊ ဒိုဟာနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့များသို့လည်း ဆက်လက် ခရီးဆက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ၂၀၁၇ ခုနှစ်က ထရမ့်၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို ပြန်လည်အမှတ်ရစေသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်က “EU က တရုတ်ထက်ပိုဆိုး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဥရောပသမဂ္ဂ (EU) အား ကုန်သွယ်ရေးအရ “တရုတ်ထက်ပင် ပိုမိုဆိုးရွားသည့်အဖွဲ့” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဧပြီလအစောပိုင်းတွင် ဝါရှင်တန်သည် EU ကုန်ပစ္စည်းအားလုံးကို ၂၀% အကောက်ခွန်နှင့် ကားနှင့်သတ္တုတင်သွင်းကုန်များကို ၂၅% အကောက်ခွန် စီမံချက်များ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အကောက်ခွန် ရက် ၉၀ ခေတ္တရပ်ဆိုင်းမည်ဟု ကြေညာသော်လည်း အခြေခံ ၁၀% နှင့် အထူးကား အကောက်အခွန် ၂၅% တို့မှာ သဘောတူညီချက်မရမချင်း ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။

“ဥရောပသမဂ္ဂသည် တရုတ်ထက် အများကြီးပိုဆိုးပါသည်” ဟု ထရမ့်က တနင်္လာနေ့ (မေ ၁၂) တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

“EU က ကုန်သွယ်မှုကဏ္ဍတွင် မိမိတို့ကို တရားမျှတမှုကင်းမဲ့စွာ ဆက်ဆံခဲ့ပါသည်။ ၎င်းတို့က မိမိတို့ထံ ကားအစီးရေ ၁၃ သန်းရောင်းပါသည်။ မိမိတို့က ၎င်းတို့ထံ တစ်စီးမျှ မရောင်းပါ။ ၎င်းတို့က စိုက်ပျိုးရေးထွက်ကုန် တွေရောင်းပါသည်။ မိမိတို့က ၎င်းတို့ဆီ လုံးဝနီးပါးမရောင်းပါ” ဟု သမ္မတက ဆိုပြီး ဘရပ်ဆဲလ်သည် “Apple၊ Google၊ Meta အပါအဝင်အမေရိကန်ကုမ္ပဏီကြီးများကို တရားစွဲနေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ထရမ့်က “အမေရိကန်၌ အလုံးစုံအာဏာရှိနေခြင်းကြောင့် EU အနေဖြင့် များစွာလျှော့ချလာရမည်” ဟု ခန့်မှန်းထားသည်။

ကိုးကား- RT

ဖိလစ်ပိုင်၌ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲများအတွက် ပြည်သူများ မဲပေးနေကြပြီး အထက်လွှတ်တော် ရွေးကောက်ပွဲအပေါ်အာရုံစိုက်နေကြ

ဖိလစ်ပိုင်နိုင်ငံမှ မဲဆန္ဒရှင်များသည် တနင်္လာနေ့ (မေ ၁၂) တွင် သက်တမ်း ဝက်ကာလရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါသည်။ ဒုသမ္မတ Sara Duterte အပေါ် စွဲချက်တင်ရေးအဆိုကို စစ်ဆေးရန်ရှိနေသည့် အထက် လွှတ်တော်အတွက် ယှဉ်ပြိုင်မှုများအပေါ် ပိုမို အာရုံစိုက်နေကြသည်။

သမ္မတ၏ ၆ နှစ်သက်တမ်း ထက်ဝက်ကာလတွင် နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် နှစ်ခုလုံး၌ သက်တမ်းဝက်ကာလရွေးကောက်ပွဲများကို ကျင်းပခြင်းဖြစ်သည်။ မဲဆန္ဒရှင်များသည် အထက်လွှတ်တော် အမတ်နေရာ ၂၄ ခု၏ ထက်ဝက်နှင့် အောက်လွှတ်တော် အမတ်နေရာအားလုံးအပြင် ဒေသန္တရအုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့် အခြားဒေသဆိုင်ရာ ရာထူးများအတွက် မဲပေးရွေးချယ်ကြသည်။

Sara Duterte နှင့် သမ္မတ Ferdinand Marcos Jr. တို့အကြား သဘောထားကွဲလွဲမှုသည် ပိုပြီးနက်ရှိုင်းလာခဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ထုတ်ပြန်သည့် ဖမ်းဝရမ်းနှင့် Sara Duterte ၏ ဖခင်ဖြစ်သူ သမ္မတ ဟောင်း Rodrigo Duterte ကို ဖမ်းဆီးခဲ့ခြင်းမျိုး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၎င်းတို့အကြား သဘောထားကွဲလွဲနေသည်။

ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းအပါအဝင် Sara Duterte အပေါ် ဖေဖော်ဝါရီလတွင် အောက်လွှတ်တော်က စွဲချက်တင်ရေး အဆိုတင်သွင်းခဲ့သည်။

၎င်းအပေါ် စွဲချက်တင်ရေး အဆိုကို အထက်လွှတ်တော်က ဇူလိုင်လ အစောပိုင်းတွင် စတင်စစ်ဆေးရန် စီစဉ်ထားပြီး အထက်လွှတ်တော် အမတ် ၂၄ ဦးထဲမှ အနည်းဆုံး သုံးပုံနှစ်ပုံက ၎င်းတွင်အပြစ်ရှိသည်ဟု ဆုံးဖြတ်မည်ဆိုပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အတိတ်သမိုင်းမှ သင်ခန်းစာယူရန် ရှီ၏ တိုက်တွန်းမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပြောဆိုလျက်ရှိ

အတိတ်သမိုင်းမှ သင်ခန်းစာယူရန်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို သင်ခန်းစာယူရန် တိုက်တွန်းထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား မကြာမီက Russian Gazette သတင်းစာ၌ ဖော်ပြခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းက ယင်းအား ထောက်ခံပြောဆိုလျက်ရှိသည်။ “အတိတ်သမိုင်းမှ သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု အမည်ပေးထားသော အဆိုပါ ဆောင်းပါး၌ ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲမှ အသိပညာ များ၊ ခွန်အားများ ရယူရန်၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အင်အားသုံး၍ လွှမ်းမိုး ခြယ်လှ

အတိတ်သမိုင်းမှ သင်ခန်းစာယူရန်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို သင်ခန်းစာယူရန် တိုက်တွန်းထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား မကြာမီက Russian Gazette သတင်းစာ၌ ဖော်ပြခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းက ယင်းအား ထောက်ခံပြောဆိုလျက်ရှိသည်။ “အတိတ်သမိုင်းမှ သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု အမည်ပေးထားသော အဆိုပါ ဆောင်းပါး၌ ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲမှ အသိပညာ များ၊ ခွန်အားများ ရယူရန်၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အင်အားသုံး၍ လွှမ်းမိုး ခြယ်လှယ်သော နိုင်ငံရေးစနစ် ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင် တွန်းလှန်ရန်၊ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွတည်ဆောက်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားသည်။ နိုင်ငံအများအပြားမှ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများက ရှီ၏ အမြင်အား ထပ်လောင်းပြောဆိုလျက် မျက်မှောက်ကမ္ဘာတွင် တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အနိုင်ကျင့် ဗိုလ်ကျသည့် လုပ်ရပ်များက ပြင်းထန်သော ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သမိုင်း၏ အမှန်တရားဘက်တွင် ရပ်တည်ကာ ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကို ထိန်းသိမ်းပြီး စစ်ပြီးခေတ် နိုင်ငံတကာ စည်းစနစ်အား အခိုင်အမာ ထိန်းသိမ်းကာကွယ်၍ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ ဖန်တီးသင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ပြည်သူများအနေဖြင့် ဂျပန်၏ ကျူးကျော်မှုအား ခုခံတွန်းလှန်သည့်စစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်သကဲ့သို့ ဆိုဗီယက် ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။ ထိုအခါသမယတွင် ဒုတိယ ကမ္ဘာစစ်နှင့်ပတ်သက်၍ သမိုင်းကြောင်းဆိုင်ရာ မှန်ကန်သော အမြင်ကို ဆုပ်ကိုင်ထားရန် ရှီ၏ တိုက်တွန်းမှုမှာ အဓိပ္ပာယ်ပြည့်ဝ၍ ခေတ်ကာလနှင့် လျော်ညီမှုရှိသည်ဟု စိန့်ပီတာစဘတ် အစိုးရတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အလက်ဆေး ရိုဒီယိုနော့ဗ်က ဆိုသည်။ ရှီ၏ အမည်ဖြင့် ရေးသားဖော်ပြထားသော ထိုဆောင်းပါး၌ အလေးအနက်ဖော်ပြထားသကဲ့သို့ပင် သမိုင်းကြောင်းဆိုင်ရာ အမှတ်တရနှင့် အမှန်တရားဆိုသည်မှာ မျက်မှောက်ခေတ်အား ထင်ဟပ်စေပြီး အနာဂတ်အား အလင်းပြပေးသော စေ့ဆော်မှုများပင်ဖြစ်သည်ဟု ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ထိုင်း-တရုတ် သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်သူ Wirun Phichaiwongphakdee က ပြောကြားခဲ့သည်။ သမိုင်းအား ကာကွယ်ခြင်းမှာ အတိတ်ကာလအား အောက်မေ့ဂုဏ်ပြုသော နည်းလမ်းတစ်ခု ဖြစ်ရုံမျှမက မျက်မှောက်ကမ္ဘာတွင် ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကိုကာကွယ်ထိန်းသိမ်းသော နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ကိုးကား- Xinhua

ဝါရှင်တန်သည် နယူးဒေလီနှင့် အစ္စလာမာဘတ်ကြား ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ် ဟု J.D. Vance ဆို

အမေရိကန်ဒုသမ္မတ J.D. Vance က ဝါရှင်တန်သည် နယူးဒေလီနှင့် အစ္စလာမာဘတ်အကြား ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုကာ တောင်အာရှနိုင်ငံများအား တင်းမာမှုလျှော့ချရန် တိုက်တွန်းခဲ့သည်။

“မိမိတို့သည် မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိသည့် စစ်ပွဲတစ်ခုကို ဝင်ရောက် စွက်ဖက်မည်မဟုတ်ပါ” ဟု Vance က Fox News သို့ ပြောကြားခဲ့သည်။ “နျူကလီးယားစွမ်းအားရှိ နိုင်ငံများ တိုက်ခိုက်မှုများဖြစ်သည့်အခါ မိမိတို့အနေဖြင့် စိတ်ပူပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Vance က အမေရိကန်သည် အခြေအနေများတင်းမာကာ ပိုမို ကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲ သို့မဟုတ် နျူကလီးယားပဋိပက္ခအဖြစ် မပြန့်ပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အခြေခံအားဖြင့် အိန္ဒိယသည် ပါကစ္စတန်အပေါ် မကျေနပ်ချက်များရှိပါသည်။ ပါကစ္စတန်ကလည်း အိန္ဒိယကို တုံ့ပြန်ခဲ့ပါသည်” ဟု ၎င်းက ဆိုသည်။

“မိမိတို့ လုပ်နိုင်သည်က အဆိုပါနိုင်ငံတွေကို တင်းမာမှုလျှော့ချရန် အားပေး တိုက်တွန်းဖို့ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်က အပစ်ရပ်ရေးအတွက် ၂ နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့သော်လည်း မြေပြင်တွင် အပစ်ရပ်ရေး မဖြစ်နိုင်ဘဲ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည် ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အိန္ဒိယနှင့် ပါကစ္စတန်ကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုအတွက် အမေရိကန်၏ ထောက်ခံမှုကို ထပ်မံ အတည်ပြုခဲ့ပြီး ဆက်သွယ်ရေးတိုးမြှင့်ရန် ဆက်လက်ကြိုးပမ်းမှုများကို အားပေးခဲ့ပါသည်။

ဇီလန်စကီးက တူရကီနိုင်ငံ၌ ပူတင်နှင့်တွေ့ဆုံရန် သတ်မှတ်ချက်များ ချမှတ်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ကြာသပတေးနေ့ (မေ ၁၅) တွင် တူရကီနိုင်ငံ၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကိုယ်တိုင်တွေ့ဆုံရန် အဆင်သင့်ရှိကြောင်း၊ သို့သော် မော်စကိုက မေ ၁၂ ရက်မှစ၍ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး ကြေညာရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ဇီလန်စကီးက “ကျွန်တော် ကြာသပတေးနေ့မှာ တူရကီမှာ ပူတင်ကို ကိုယ်တိုင်တွေ့ဆုံမည်” ဟု X (Twitter) တွင် ရေးသားခဲ့သည်။ ၎င်းက “ယူကရိန်းအနေဖြင့် သံတမန်ထူထောင်မှု (Diplomacy) အတွက် လိုအပ်သည့် အခြေခံဖြစ်စေရန် မေ ၁၂ ကနေ စတင်မည့် အပြည့်အဝဖြင့် ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးကို စောင့်မျှော်နေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

မေ ၁၁ ရက်က ရုရှားသမ္မတ ပူတင်က ယူကရိန်းအား ၂၀၂၂ ခုနှစ်က အစ္စတန်ဘူလ်မြို့တွင် စတင်ခဲ့ပြီး ယူကရိန်းဘက်က တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကန့်သတ်ချက်မရှိ ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။

ယူကရိန်းသည် ပူတင်၏ ဆွေးနွေးညှိနှိုင်းမှုအဆိုပြုချက်ကို “ချက်ချင်း” လက်ခံသင့်သည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် ရုရှားသမ္မတ ပူတင်၏ ကနဦးသတ်မှတ်ချက်မရှိဘဲ တိုက်ရိုက်စေ့စပ်ဆွေးနွေးရေး အဆိုကို “ချက်ချင်း” လက်ခံသင့်ကြောင်း တိုက်တွန်းလိုက်သည်။

Truth Social ၌ ရေးသားရာတွင် ထရမ့်က အဆိုပါတိုက်ရိုက် ညှိနှိုင်း ဆွေးနွေးမှုက အနည်းဆုံး ပဋိပက္ခများ၏ အခြေအနေကို ရှင်းလင်းစေပြီး “သဘောတူညီမှု ရနိုင်၊မရနိုင်” ကို ပြသနိုင်လိမ့်မည်ဟု အကြံပြုခဲ့သည်။

“ရုရှားသမ္မတ ပူတင်က ယူကရိန်းနှင့် ယာယီစစ်ပြေငြိမ်းရေး သဘောတူညီမှု မလိုချင်ပါ။ သို့သော် ကြာသပတေးနေ့ (မေ ၁၅) မှာ တူရကီမှာတွေ့ပြီး ပဋိပက္ခအဆုံးသတ်ရန် ညှိနှိုင်းချင်ပါသည်။ ယူကရိန်းက ဒါကို ချက်ချင်း လက်ခံသင့်ပါသည်” ဟု အမေရိကန်ခေါင်းဆောင်က ရေးသားခဲ့သည်။

သဘောတူညီမှုရရန် မဖြစ်နိုင်ကြောင်း အဖြေထွက်ပေါ်လာပါက “ဥရောပ ခေါင်းဆောင်များနှင့် အမေရိကန်တို့အနေဖြင့် အခြေအနေ အားလုံးကို သုံးသပ်ပြီး သင့်လျော်သလိုဆက်လုပ်ဆောင်မည်” ဟု ထရမ့် က ဆိုသည်။

“ယူကရိန်းက ပူတင်နှင့် သဘောတူညီချက်တစ်ခု လုပ်ဆောင်မည် ဆိုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိပါသည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ယမန်နေ့ (မေ ၁၁) အစောပိုင်းတွင် ရုရှားသမ္မတက “ကိယက်ဗ် အစိုးရ အနေဖြင့် ၂၀၂၂ ခုနှစ်က ဖျက်သိမ်းခဲ့သော စေ့စပ်ဆွေးနွေးမှုများကို မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ်မြို့၌ မည်သည့်ကန့်သတ်ချက်မျှ မရှိဘဲ ပြန်လည်စတင်ရန်” အဆိုပြုခဲ့သည်။ ငြိမ်းချမ်းရေးဖြေရှင်းမှု လုပ်ငန်းစဉ် ကို စကားဝိုင်းမှစတင်ရမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် “အချို့သော စစ်ပြေငြိမ်း ရေး သဘောတူညီမှုအသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသစ်များကို” ရရှိနိုင်မည်ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ယူကရိန်းနှင့် လေးလေးနက်နက်ဆွေးနွေးရန် မိမိတို့အဆင်သင့် ဖြစ်နေပါပြီ။ အဆိုပါဆွေးနွေးမှု၏ ရည်ရွယ်ချက်မှာ ပဋိပက္ခ၏ အရင်းခံ အကြောင်း အရင်းများကို ဖယ်ရှားရန်နှင့် သမိုင်းဝင်ရှုထောင့်မှ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန်ဖြစ်သည်” ဟု သမ္မတ ပူတင်က အတိအလင်း ပြောကြား ခဲ့သည်။

သို့ရာတွင် ရုရှား၏အဆိုပါကမ်းလှမ်းချက်ကို ကိယက်ဗ်နှင့်အနည်းဆုံး ၃၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးထူထောင်ပြီးမှသာ ဆွေးနွေးရမည်ဟု တောင်းဆိုနေသည့် အနောက်နိုင်ငံများက ဝေဖန်ခဲ့ကြသည်။ ထရမ့်၏ ပြောကြားချက်အပြီး မိနစ်ပိုင်းအတွင်း ဗလာဒီမာ ဇီလန်စကီးက အဆိုပါ သဘောထားကို ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းခေါင်းဆောင်က တနင်္လာနေ့ (မေ ၁၂) တွင် အပစ်အခတ်ရပ်စဲရေးကြေညာရန် တောင်းဆို ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတနှင့် ကျူးဘားနိုင်ငံ သမ္မတတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက် ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က လတ်တလာနှစ်ပိုင်းအတွင်း မိမိသည် အဆွေတော် သမ္မတနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကျူးဘားဆက်ဆံရေးကို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမို နက်ရှိုင်းသော၊ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မြဲသော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက် ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က လတ်တလာနှစ်ပိုင်းအတွင်း မိမိသည် အဆွေတော် သမ္မတနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကျူးဘားဆက်ဆံရေးကို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမို နက်ရှိုင်းသော၊ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မြဲသော အဆင့်သစ်သို့ ဝင်ရောက်လာရန် အတူတကွ ဦးဆောင်ခဲ့ကြကြောင်း ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ကျူးဘား သံတမန်ဆက်ဆံရေးထူထောင်သည့် ၆၅ နှစ်မြောက် အခါသမယဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့်အတူ သံမဏိသဖွယ် ခိုင်မြဲသည့်ချစ်ကြည်ရေးကို တစ်ဆင့်တိုး ခိုင်မာအောင်လုပ်ဆောင်၍ ပိုမိုနီးကပ်သော တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ ဆိုရှယ်လစ်စနစ်နိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ရိုးသားစွာ အပြန်အလှန် ဖေးမကူညီခြင်း၏ စံနမူနာအဖြစ် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အလွှာစုံသွားလာဆက်ဆံမှုကို မြှင့်တင်ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းအောင်၊ လက်တွေ့ကျလာအောင် လုပ်ဆောင်ခြင်းဖြင့် အဆင့်မြင့်နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို တရုတ်-ကျူးဘား ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံဆက်ဆံရေး၏ သိသာထင်ရှားသော အမှတ် သင်္ကေတအဖြစ် အစဉ်အမြဲဖြစ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ခြင်း၊ ပြည်ပစွက်ဖက်မှုများနှင့် ပိတ်ဆို့မှုများအား ဆန့်ကျင်ခြင်းကို အခိုင်အမာ ထောက်ခံအားပေး၍ ကျူးဘားနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံ အားပေးကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးပါသည့်အဖွဲ့ဝင်အနေဖြင့် နှစ်ဖက်က BRICS ၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စသည့် မူဘောင် အတွင်းမှာ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို မြှင့်တင်၍ အင်အားသုံးနိုင်ငံရေးနှင့် တစ်ဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်မှုကို ဆန့်ကျင်ကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

Miguel Diaz-Canel က ကျူးဘားနှင့် တရုတ်နိုင်ငံသည် ရင်းနှီးသောမိတ်ဆွေနှင့် ညီအစ်ကို ဖြစ်ကြောင်း၊ တရုတ် နိုင်ငံက ကာလကြာရှည်စွာ ကျူးဘားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးမှုများကို ကျူးဘားနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား၍ ပြည်သူများ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုကို တိုးမြှင့်ကာ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ညှိနှိုင်းတွဲဖက်လုပ်ဆောင် သွားလိုကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို နက်ရှိုင်းစွာဖော်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် တွန်းအားပေးသွားလိုကြောင်း၊ ကျူးဘားနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တစ်ဖက်သတ် ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို အတူတကွဆန့်ကျင်၍ နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

မှီငြမ်း ။ Xinhua

ရုရှား-တရုတ်ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေး၏ စစ်မှန်သော စံနမူနာဖြစ်သည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ သမ္မတ ပူတင်က မေ ၁၁ ရက် နံနက်ပိုင်းတွင် မီဒီယာများအား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှား-တရုတ်ဆက်ဆံရေးသည် နိုင်ငံများအကြား ဆက်ဆံရေး၏ “စစ်မှန်သော စံနမူနာ” ဖြစ်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

ပူတင်သည် ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြီးစီးချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မေ ၇ ရက်မှ ၁၀ ရက်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ပြီး အဓိကဧည့်သည်တော်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ်စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တက်ရောက် ခဲ့ကြောင်း၊ ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံများအကြား ဆက်ဆံရေး၏ “စစ်မှန်သော စံနမူနာ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များသည် “အလွန်ပြည့်ဝသော ရလဒ်များ ရရှိသည့် တွေ့ဆုံဆွေးနွေးမှု” လုပ်ဆောင်ခဲ့ပြီး ပူးတွဲကြေညာချက်ကို အတူလက်မှတ်ရေးထိုးခဲ့ကြောင်း ပူတင်က ပြန်လည်အောက်မေ့ ပြောကြားခဲ့သည်။ ရုရှား-တရုတ် နှစ်နိုင်ငံသည် စွမ်းအင်၊ ကုန်သွယ်ရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ အစိုးရကြား၊ ဝန်ကြီးဌာနများကြား သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

မော်စကိုနှင့် ပေကျင်းတို့က ဒုတိယကမ္ဘာစစ်အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းသည် နက်နဲသော အမှတ်သင်္ကေတ ပြုလောက်သည့် အနက်အဓိပ္ပာယ်ရှိပြီး ဖြစ်သင့်ဖြစ်ထိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် “ဒီနိုင်ငံ နှစ်နိုင်ငံရဲ့ ပြည်သူတွေက အဆိုးရွားဆုံး စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ရပြီး အတူတကွအောင်မြင်မှုအတွက် ကြီးမားသော စတေးခံမှုများ လုပ်ဆောင်ခဲ့ရခြင်း” ကြောင့်ဖြစ်သည်ဟု ပူတင်က ထောက်ပြပြောကြားခဲ့သည်။

အီရန်က အမေရိကန်၏ လက်မခံနိုင်သော နျူကလီးယား တောင်းဆိုချက်ကို ပယ်ချ

အိုမန်နိုင်ငံတွင် ကျင်းပသည့် နောက်ဆုံးအဆင့် အပြေးအလွှား ဆွေးနွေးပွဲ များအတွင်း အီရန်သမ္မတ Masoud Pezeshkian က ၎င်း၏နိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန် အမေရိကန်၏ အဓိက တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ ၎င်းက အီရန်၏ နျူကလီးယား လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးရည်ရွယ်ချက်သာ ဖြစ်ကြောင်း ဇောင်းပေးပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ (မေ ၁၁) က ကျင်းပသည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် သမ္မတ Pezeshkian က တီဟီရန်သည် ဝါရှင်တန်နှင့် ပြန်လည် ထိတွေ့ ဆက်ဆံရေးအတွက် “အလေးအနက်” ရှိကြောင်း ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးကို လိုလားသောကြောင့် မိမိတို့အနေဖြင့် အလေးအနက် ထားကာ ညှိနှိုင်းဆွေးနွေးနေပါသည်” ဟု ၎င်းက ဆိုသည်။

သို့သော် နျူကလီးယား အခြေခံအဆောက်အအုံနှင့်ပတ်သက်သည့် အမေရိကန် ၏ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး “လက်မခံနိုင်” ဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် အီရန်သည် “အဆိုပါငြိမ်းချမ်းသော လုပ်ဆောင်ချက်များကို အားကောင်းစွာ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။

ထိုအတောအတွင်း အီရန်၏ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အိုမန်နိုင်ငံ မတ်စ်ကတ်တ်မြို့တွင် အမေရိကန်နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲ များတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် “ပိုမို ကောင်းမွန်သော နားလည်မှု” ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

“စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲသည် ယခင်အကြိမ်သုံးကြိမ်ထက် ပိုမို အလေးအနက်ထားပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ခဲ့ပါသည်” ဟု Araghchi က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ယခင်က အထွေထွေအခြေအနေများကိုသာ ဆွေးနွေးခဲ့ရာမှ အခုအခါတွင် ပိုမို အသေးစိတ်ကျသော ကိစ္စရပ်များကို စတင်ဆွေးနွေးနိုင်ခဲ့ပြီ” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခင်ဆွေးနွေးပွဲများကို “အပြုသဘောဆောင်သော” ဆွေးနွေးပွဲများအဖြစ် သုံးသပ်ခဲ့သည်။

Araghchi က ယူရေနီယမ် ချဲ့ထွင်ခြင်းနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းတို့သည် အီရန်၏ သဘောထားအတွက် အလွန်အရေးကြီးကြောင်း အားလုံး သိအောင် ပြောကြားခဲ့သည်။ “မိမိ၏ အမြင်အရ ယူရေနီယမ် ချဲ့ထွင်ခြင်းသည် မုချဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ပြီး ထိုနေရာတွင် လုံးဝ အရှုံးပေးမည် မဟုတ်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ယုံကြည်မှု တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် ချဲ့ထွင်မှု၏ အဆင့်နှင့် အတိုင်းအတာ ကို အချို့သော ကန့်သတ်ချက်များနှင့် လုပ်ဆောင်နိုင်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်၏ ယူရေနီယမ်ချဲ့ထွင်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ထိုလုပ်ငန်းစဉ်များသည် အီရန်အား လက်နက်အဆင့်မီ ယူရေနီယမ်ကို အလျင်အမြန် ထုတ်လုပ် နိုင်ရန် အခြေအနေဖန်တီးပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ တီဟီရန်ကမူ ၎င်းတို့သည် နျူကလီးယားဗုံးထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမည်မဖော်လိုသော အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက CNN သို့ “ဆွေးနွေးပွဲများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းနှစ်မျိုးဖြင့် ထပ်မံကျင်းပခဲ့ပြီး ဝါရှင်တန်သည် ယနေ့ရရှိခဲ့သော ရလဒ်ကို အားရကျေနပ်မှုရှိပြီး အနာဂတ်တွင် ကျင်းပမည့် နောက်ထပ် အစည်းအဝေးကို မျှော်လင့်နေကြောင်း” ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဖက်စလုံးသည် ယခုအခါ “နည်းပညာဆိုင်ရာ အချက်အလက်များ” ကို အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော အီရန် နျူကလီးယား သဘောတူညီချက်မှ သုံးနှစ်အကြာတွင် တစ်ဖက်သတ်ထွက်ခွာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အား နျူကလီးယားလက်နက်များ ရရှိခြင်းမှကာကွယ်ရန် ထိုသဘောတူညီချက်က အထောက်အကူမပြု ဟု ငြင်းဆိုခဲ့သည်။ ထိုသဘောတူညီချက်တွင် အီရန်၏ နျူကလီးယား လုပ်ငန်းစဉ်များကို ကန့်သတ်ရန် သဘောတူညီမှုအပေါ် အခြေခံ၍ အီရန် အပေါ်မှ အရေးယူပိတ်ဆို့မှုများ လျှော့ချပေးရန် ပါဝင်ခဲ့သည်။