တရုတ်နိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ ၅ နိုင်ငံပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း၊ ထို့ပြင် အဆိုပါ မူဝါဒလွှမ်းခြုံသော ဒေသတွင်းနိုင်ငံ အတိုင်းအတာကို အလျဉ်းသင့်သလို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရှီကျင့်ဖျင် က ပေကျင်းမြို့၌ ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်း ပြောကြားစဉ်တွင် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟီမ်နှင့် ကရင်မလင်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ဆုံစဉ် မလေးရှားဘုရင် အီဗရာဟီမ် အစ်စကန်ဒါကို ရုရှားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားပါကြောင်း ပြောကြားလိုက်ပါသည်။
“မိမိအနေဖြင့် တောင်းဆိုစရာရှိပါသည်။ ကျေးဇူးပြု၍ နိုင်ငံတော်အကြီးအကဲ ဆူလတန် အီဗရာဟီမ်ထံ မိမိ၏ အကောင်းဆုံး ဆုမွန်ချီးကျူးစကားကို ပြောကြားပေးပါ၊ မိမိတို့အနေဖြင့် ၎င်းကို ရုရှားသို့ လာရောက် လည်ပတ်ရန် စောင့်မျှော်နေပါသည်” ဟု ပူတင်က မလေးရှား ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံသည် ဖက်ဒရယ် ရွေးကောက်တင်မြှောက်သော ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်အကြီးအကဲဖြစ်သော ဘုရင်ကို နိုင်ငံရှိ ပြည်နယ် (၉) ခုမှ မျိုးရိုးဆက်ခံ အုပ်ချုပ်သူများထဲမှ ငါးနှစ်လျှင် (၁) ကြိမ် ရွေးချယ်တင်မြှောက်လေ့ရှိပါသည်။ ဂျိုဟိုးမှ အီဗရာ ဟီမ် အစ်စကန်ဒါသည် ၂၀၂၄ ခုနှစ်မှစ၍ နိုင်ငံတော်အကြီးအကဲ ဘုရင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ကိုးကား- TASS
Photo: New Straits Times
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အရှေ့တရုတ်ပင်လယ်တွင်း နှစ်နိုင်ငံအကြား အလယ်မျဉ်းအနီး၌ တည်ဆောက်မှုအသစ်တစ်ခုကို တွေ့ရှိပြီးသည့်နောက် ဂျပန်က တရုတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။
တရုတ်သည် အဆိုပါမျဉ်း၏ တရုတ်ဘက်အခြမ်း၌ တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းကို အတည်ပြုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (မေ ၁၃) တွင် ပြောခဲ့ပါသည်။

ဂျပန်နှင့် တရုတ်အစိုးရတို့သည် အဆိုပါနေရာ၌ သဘာဝဓာတ်ငွေ့သိုက်များကို ပူးတွဲထုတ်လုပ်ရန် ၂၀၀၈ ခုနှစ်တွင် သဘောတူညီခဲ့ကြသော်လည်းသဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်နေချိန်တွင် တရုတ်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် အိုးရှင်းနီးယားရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် Kanai Masaaki က တရုတ်၏ တစ်ဖက်သတ်တည်ဆောက်မှုများသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဂျပန် နိုင်ငံရှိ တရုတ်သံရုံး တာဝန်ရှိသူတစ်ဦးကို ပြောဆိုခဲ့ပါသည်။
၂၀၀၈ ခုနှစ် သဘောတူညီချက်ကိုအခြေခံပြီး တရုတ်အစိုးရအနေဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲကို အမြန်ပြန်လာရန် မစ္စတာ Kanai က တောင်းဆိုခဲ့ပါသည်။
အဆိုပါအဆောက်အအုံသည် တရုတ်က တည်ဆောက်သည့် ၁၉ ခု မြောက် အဆောက်အအုံ ဖြစ်လာမည်ဟု အဆိုပါဝန်ကြီးဌာနက ပြောပါသည်။
ကိုးကား-NHK World

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းမည်ဟု ကြေညာလိုက်ပြီး ဒမတ်စကပ် အစိုးရအား ဖိအားပေးရန်ရည်ရွယ်ခဲ့သည့် ဆယ်စုနှစ်ကျော်မျှ ကြာမြင့်ခဲ့သော မူဝါဒကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းက Ahmed al-Sharaa ၏ အသွင်ကူးပြောင်းရေးအစိုးရနှင့်အတူ ဆီးရီးယား၏ တိုးတက်မှု အခွင့်အလမ်းသစ်များ ရှိလာမည်ဟု မျှော်လင့်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

Al-Sharaa သည် အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်နေသော အစ္စလာမ်မစ် အဖွဲ့အစည်း Hayat Tahrir al-Sham (HTS) ၏ ခေါင်းဆောင်အဖြစ် နာမည်ကြီးလာသူဖြစ်ပြီး ယခင်နှစ်က ဆီးရီးယားကို ကာလရှည်ကြာစွာ ဦးဆောင်ခဲ့သူ Bashar Assad အား ဖယ်ရှားခဲ့သည့် အတိုက်အခံအဖွဲ့ များ၏ မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
“နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မည့် အစိုးရအသစ်တစ်ရပ် ပေါ်ထွန်းလာမည်ဟု မျှော်လင့်ရပါသည်” ဟု ထရမ့်က ရီယက်တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။ “၎င်းတို့အား ကြီးကျယ်ခမ်းနားစွာ ရပ်တည်နိုင်ရေး အခွင့်အလမ်းပေးရန်အတွက် ဆီးရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတသည် ဆော်ဒီအာရေဗျတွင် ဗုဒ္ဓဟူးနေ့(မေ ၁၄)၌ Al-Sharaa နှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု သတင်းများအရ သိရသည်။ “အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး၊ ၎င်းသည် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် အကျိုးစီးပွားမျှဝေမှုတို့အပေါ် အခြေခံထားသည်” ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Asaad al-Shibani က Reuters သို့ ပြောကြားခဲ့သည်။ ထရမ့်က “သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် ဆီးရီးယားရှိ အမေရိကန် အကျိုးစီးပွားအတွက် အောင်ပွဲတစ်ခု” ကို ရရှိနိုင်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က ပြင်သစ်သမ္မတ Emmanuel Macron နှင့် တွေ့ဆုံရန် ပါရီသို့ သွားရောက်ခဲ့သည့် Al-Sharaa က ဆီးရီးယားအား ၁၅ နှစ် နီးပါးကြာ ပြည်တွင်းစစ်မှ ပြန်လည်ထူထောင်ရာတွင် အဟန့်အတားဖြစ်စေသည့် ဒဏ်ခတ်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် “အကြောင်းပြချက်မရှိ” ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တောင်အာဖရိကနိုင်ငံရှိ လူနည်းစုဖြစ်သည့် လူဖြူများသည် ပြည်တွင်း၌ လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် လူဖြူလယ်သမားများကို ခွဲခြားဆက်ဆံခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်များ ပေါ်လာပြီးနောက် ဝါရှင်တန်အစိုးရက နိုင်ငံရေးခိုလှုံခွင့်တောင်းသည့် လူဖြူများကို လက်ခံလိုက်ပြီး မေ ၁၂ ရက်နေ့တွင် ပထမဆုံး အသုတ် အမေရိကသို့ ရောက်ရှိလာသည်ဟု သိရပါသည်။ ထရမ့်စွပ်စွဲထားသကဲ့သို့ လူနည်းစု လူဖြူများကို ခွဲခြားဆက်ဆံသည်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း တောင်အာဖရိကအစိုးရက ငြင်းဆိုထားပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိများသည် ကလေးငယ်များ အပါအဝင် လူ ၅၉ ဦးအား ဝါရှင်တန်ဒီစီမြို့ အပြင်ဘက်လေဆိပ်ရှိ ခန်းမတစ်ခုတွင် ကြိုဆိုခဲ့ကြပြီး “သင်တို့အားလုံးကို ဒီနေရာကနေ ကြိုဆိုပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သင်တို့ကြုံတွေ့ခဲ့ရသည်များကို ကိုယ်ချင်းစာပါသည်” ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါသည်။ “အဆိုပါလူအများစုသည် ၎င်းတို့၏အိမ်များ၊ လယ်ယာများကို ကျူးကျော်ခံရခြင်းနှင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ခဲရသည့်သူများပါ။ ထိုအကြောင်းအရာများကို တောင်အာဖရိက အစိုးရက လုံးဝစိတ်မဝင်စားခဲ့ဘဲ လစ်လျူရှုခံနေရသည့် သူများပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
ဒတ်ခ်ျကိုလိုနီနယ်ချဲ့များ၏ သားမြေးများဖြစ်သည့် လူဖြူဦးရေ ၇ % ခန့် သည် တောင်အာဖရိကတွင် နေထိုင်လျက်ရှိသည်။ အမေရိကန်အစိုးရသည် ယခင်ကလည်း လူဖြူ မိသားစု ၅၄ ဦးကို နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့ဖူးသည်။ ထရမ့်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တောင်အာဖရိက လူဖြူများအတွက် လျင်မြန်သောလမ်းကြောင်းပေါ်မှ နိုင်ငံသားဖြစ်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါသည်။ “ဘာကြောင့်လဲဆို ၎င်းတို့ အသတ်ခံနေရသည်။ လူတွေ အသတ်ခံရသည်ကို မိမိတို့အနေဖြင့် မမြင်လိုပါ” ဟု ဆိုပါသည်။ “ထိုကိစ္စကို လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုဟု မသတ်မှတ်ချင်သော်လည်း ဖြစ်ပျက်နေသည့်ကိစ္စက ကြောက်စရာကြီးပါ”ဟုလည်း ဆိုပါသည်။ တောင်အာဖရိကတွင် “လူဖြူလူမျိုးတုံး သတ်ဖြတ်မှု” နှင့်ပတ်သက်၍ ထရမ့်၏ ပြောဆိုချက်သည် ပရီတိုးရီးယားမြို့တွင် မွေးဖွားခဲ့သော ၎င်း၏မဟာမိတ် ဘီလီယံနာ အီလွန်မက်၏ စကားကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
တောင်အာဖရိကသမ္မတက ထရမ့်၏ စွပ်စွဲချက်များကို “လုံးဝမှားယွင်းသော စွပ်စွဲချက်များဖြစ်သည်” ဟု ဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးက “တောင်အာဖရိကလူဖြူများ အထူးသဖြင့် လယ်သမားများဖြစ်သည့် လူဖြူများကို နှိပ်စက်ညှဉ်းပန်းမှု ရှိသည်ဆိုသည်မှာ လုံးဝမရှိပါ” ဟု ဆိုထားပါသည်။
ကိုးကား- MNP

မေ ၁၄ ရက်တွင် ရာချီသည့် ဆန္ဒပြသူများသည် ဘန်ကောက်မြို့ရှိ မလေးရှားနိုင်ငံ သံရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ၎င်း၏ အကြံပေးချုပ်အဖြစ် ခန့်အပ်ထားခြင်းအား ပြန်လည် သုံးသပ်ပေးရန် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် မလေးရှား ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြပါသည်။

ဆန္ဒပြခေါင်းဆောင်များက သံရုံးကိုယ်စားလှယ်ထံ သက်ဆင်သည် ၎င်း၏ ပြစ်ဒဏ်ကိုရှောင်ရှားရန်အတွက် နိုင်ငံရပ်ခြားသို့ ဆယ်စုနှစ် နှစ်ခုနီးပါး ထွက်ပြေးနေသော အဂတိလိုက်စားမှုများဖြင့် အပြစ်ရှိကြောင်း တရားစီရင်ခံထားရသောသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို တင်ပြခဲ့ကြသည်။
ကိုးကား- Thai PBS

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည်။

ယခုအကြိမ် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုသည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိရာ အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့ပြီးလက်တွေ့ကျသော တိုးတက်မှုများရရှိကြောင်း၊ နှစ်ဖက်လုံးက တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ယန္တရား ထူထောင်ရန် တစ်ပြိုင်နက် သဘောတူညီခဲ့ကြောင်း၊ တရုတ်-အမေရိကန်အနေဖြင့် သက်ဆိုင်ရာအသေးစိတ်အကြောင်းအရာများကို အမြန်ဆုံး အတည်ပြုသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု၌ ရရှိခဲ့သည့် သဘောတူညီမှု ပူးတွဲကြေညာချက်ကို မေ ၁၂ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍတွင် တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းက ဒေသစံတော်ချိန် မေ ၁၁ ရက် ညပိုင်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မျက်မှောက်အခြေအနေတွင် ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုက နိုင်ငံတကာအသိုင်းအဝိုင်း၏ အထူးဂရုပြုမှု ကို ခံခဲ့ရကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ အတူကြိုးပမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးမှုသည် အကျိုး သက်ရောက်မှု များစွာရရှိခဲ့ပြီး တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုအား ဖြေရှင်းသော အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခဲ့ရာ သဘောထားကွဲလွဲမှုများကို ရင်ကြားစေ့ပေးရန် နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် တစ်ဆင့်တိုးအုတ်မြစ်ချပေးခဲ့ပြီး အခြေအနေများကိုလည်း ဖန်တီးပေးခဲ့ကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိပြီး ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အရေးကြီးသော အကျိုးသက်ရောက်မှုများလည်းရှိကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က နှစ်နိုင်ငံခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သော အရေးကြီးသဘောတူညီချက်များကို တက်တက်ကြွကြွ လက်တွေ့ ဖော်ဆောင်ရန် ကိစ္စရပ်များအား ဖြေရှင်းရေးသည့် လက်တွေ့ကျသော သဘောထားကို အခြေခံ၍ ရိုးသား ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်းနှင့် သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုစာရင်းကို တိုးချဲ့ကာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးအမြတ်ကို ကြီးမား လာစေရန်၊ တရုတ်- အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ရရှိစေရေးအား တွန်းအားပေးရန်၊ ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုသေချာမှုနှင့် တည်ငြိမ်မှုများ ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မေ ၁၃ တွင် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ်ရောက်ရှိလာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင် ဘုရင့်ရိုးရာကြိုဆိုမှုများဖြင့် ချီးမြှင့်ကြိုဆိုခဲ့ပြီး ရီယက်မြို့တော်သို့ ရောက်ရှိလာသော သမ္မတထရမ့်အား အိမ်ရှေ့မင်းသား Mohammed bin Salman ကိုယ်တိုင် လေယာဉ်ကွင်းတွင် ကြိုဆိုခဲ့ပါသည်။

သမ္မတထရမ့်နှင့် အိမ်ရှေ့မင်းသားတို့သည် ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး ဆော်ဒီအရာရှိကြီးများနှင့် မိတ်ဆက်စကားပြောဆိုပြီးနောက် လေဆိပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြကာ လေဆိပ်အတွင်းရှိ ဆော်ဒီဘုရင့် မိသားစုဝင်များ၏ ပုံတူများအောက်တွင် ရွှေခြည်ထိုးထားသော ခမ်းနားသည့် ခရမ်းရောင်ခုံများတွင် ထိုင်၍အနားယူကာ ခရီးဦးကြို နှုတ်ဆက်စကားများ ပြောဆိုခဲ့ကြပါသည်။
အဆိုပါခရီးစဉ်တွင် အမေရိကန်အစိုးရအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ စီးပွားရေး ဝန်ကြီး Howard Lutnick နှင့် စွမ်းအင်ဝန်ကြီး Chris Wright တို့လည်း ပါဝင်ခဲ့ကြသည်။
အိမ်ရှေ့မင်းသား Mohammed bin Salman သည် သမ္မတထရမ့်၏ နိုင်ငံရေးမဟာမိတ်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရန် အမေရိကန်၏ ကြားဝင်ဖျန်ဖြေရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် သမ္မတထရမ့်၏ ပထမ သက်တမ်းကတည်းက နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် အားထုတ်ခဲ့သူဖြစ်ပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး ဂုဏ်ပြု ကြိုဆိုခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။
သမ္မတထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် ရီယက်မြို့တော်ကို ဦးစွာရွေးချယ်ခြင်းသည် ၂၀၁၈ ခုနှစ်က သတင်းစာ ဆရာ Jamal Khashoggi လုပ်ကြံခံရမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံအား နိုင်ငံတကာမှ သီးသန့်ခွဲထားမှုများကို ဖြေလျှော့ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
Bloomberg Economics ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တာဝန်ခံ Dina Esfandiary က CNN ၏ Becky Anderson အား “ဆော်ဒီအာရေဗျ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသ အလျင်အမြန်ပြောင်းလဲနေချိန် အရေးပါသော အချိန်ကာလတွင် ဆော်ဒီ၏အရည်အသွေးများကို ပြသရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်လာမည်” ဟု ပြောကြားခဲ့သည်။
ထရမ့်၏ခရီးစဉ်သည် ရီယက်အတွက် “ဒေသတွင်းရှိ အမေရိကန်၏ လုပ်ဆောင်ချက်များနှင့် ဒေသတွင်းပဋိပက္ခများဆိုင်ရာ မိမိတို့၏ကန့်သတ်ချက်များ သတ်မှတ်ရန် အခွင့်အလမ်းလည်းဖြစ်မည်” ဟု ၎င်းက ဆိုသည်။ သူမက “ယနေ့ အရှေ့အလယ်ပိုင်းဒေသသည် ထရမ့်၏ ပထမ သက်တမ်းကာလခရီးစဉ်များနှင့် များစွာကွဲပြားနေကြောင်း” ဖြည့်စွက် ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျသည် ယခင်ရန်ဘက်ဖြစ်ခဲ့သော အီရန်နှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိပြီး အီရန်၊ အမေရိကန်နှင့် အစ္စရေးကြား စစ်ရေးတင်းမာမှုများတွင် ပါဝင်မိမည်ကို စိုးရိမ်နေသည်။
“ဆော်ဒီအာဏာပိုင်များသည် ဒေသတွင်းတည်ငြိမ်ရေးအတွက် မည်သည့်ဆွေးနွေးပွဲကိုမဆို လက်ခံကျင်းပရန် အဆင်သင့်ရှိကြောင်း” ဟု အဲစ် ဖန်ဒီယာရီက ပြောကြားခဲ့သည်။
သမ္မတထရမ့်သည် ယခုသီတင်းပတ်အတွင်း ကာတာ၊ ဒိုဟာနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့များသို့လည်း ဆက်လက် ခရီးဆက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ၂၀၁၇ ခုနှစ်က ထရမ့်၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို ပြန်လည်အမှတ်ရစေသည်။
ကိုးကား- CNN

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဥရောပသမဂ္ဂ (EU) အား ကုန်သွယ်ရေးအရ “တရုတ်ထက်ပင် ပိုမိုဆိုးရွားသည့်အဖွဲ့” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဧပြီလအစောပိုင်းတွင် ဝါရှင်တန်သည် EU ကုန်ပစ္စည်းအားလုံးကို ၂၀% အကောက်ခွန်နှင့် ကားနှင့်သတ္တုတင်သွင်းကုန်များကို ၂၅% အကောက်ခွန် စီမံချက်များ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အကောက်ခွန် ရက် ၉၀ ခေတ္တရပ်ဆိုင်းမည်ဟု ကြေညာသော်လည်း အခြေခံ ၁၀% နှင့် အထူးကား အကောက်အခွန် ၂၅% တို့မှာ သဘောတူညီချက်မရမချင်း ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။

“ဥရောပသမဂ္ဂသည် တရုတ်ထက် အများကြီးပိုဆိုးပါသည်” ဟု ထရမ့်က တနင်္လာနေ့ (မေ ၁၂) တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
“EU က ကုန်သွယ်မှုကဏ္ဍတွင် မိမိတို့ကို တရားမျှတမှုကင်းမဲ့စွာ ဆက်ဆံခဲ့ပါသည်။ ၎င်းတို့က မိမိတို့ထံ ကားအစီးရေ ၁၃ သန်းရောင်းပါသည်။ မိမိတို့က ၎င်းတို့ထံ တစ်စီးမျှ မရောင်းပါ။ ၎င်းတို့က စိုက်ပျိုးရေးထွက်ကုန် တွေရောင်းပါသည်။ မိမိတို့က ၎င်းတို့ဆီ လုံးဝနီးပါးမရောင်းပါ” ဟု သမ္မတက ဆိုပြီး ဘရပ်ဆဲလ်သည် “Apple၊ Google၊ Meta အပါအဝင်အမေရိကန်ကုမ္ပဏီကြီးများကို တရားစွဲနေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
ထရမ့်က “အမေရိကန်၌ အလုံးစုံအာဏာရှိနေခြင်းကြောင့် EU အနေဖြင့် များစွာလျှော့ချလာရမည်” ဟု ခန့်မှန်းထားသည်။

ကာ့ဒ်အလုပ်သမားများပါတီ (PKK) ကို ဖျက်သိမ်းလိုက်ပြီး တူရကီနိုင်ငံကို နှစ်ပေါင်းလေးဆယ်ကျော် လက်နက်ကိုင်တိုက်ခိုက်နေခြင်းကို အဆုံးသတ်လိုက်ပြီဟု မေလ ၁၂ ရက်တွင် ကြေညာခဲ့ကြောင်း ကာ့ဒ် လိုလားသော ANF သတင်းဌာနက ဖော်ပြခဲ့သည်။
“၁၂ ကြိမ်မြောက် PKK ပါတီကွန်ဂရက်က PKK ၏ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံကို ဖျက်သိမ်းပြီး ပါတီ၏လက်နက်ကိုင် လှုပ်ရှားမှုနည်းလမ်းကို အဆုံးသတ်ပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်” ဟု PKK က လွန်ခဲ့သော သီတင်းပတ်တွင် ပါတီညီလာခံကျင်းပခဲ့ပြီးနောက် ထုတ်ပြန်သောထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၁၉၉၉ ခုနှစ်ကတည်းက အစ္စတန်ဘူလ်အလွန် ကျွန်းတစ်ကျွန်းတွင် အကျဉ်းချခံထားရသော PPK ပါတီခေါင်းဆောင် အဗ္ဗဒူလာအိုကာလန်၏ တောင်းဆိုချက်အတိုင်း ပါတီကိုဖျက်သိမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
PKK တိုက်ခိုက်ရေးသမားများ လက်နက်စွန့်ပြီး ပါတီအားဖျက်သိမ်းရန် အဗ္ဗဒူလာအိုကာလန်က ဖေဖော်ဝါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်ရန် PKK က ပါတီညီလာခံကျင်းပရန် အိုကာလန်က ပေးစာထဲ၌ တိုက်တွန်းခဲ့သည်။ ပါတီ ခေါင်းဆောင်ပိုင်းက ၎င်း၏တိုက်တွန်းမှုကို လက်ခံခဲ့သည်။
ကိုးကား- Eleven