ဇီလန်စကီးက တူရကီနိုင်ငံ၌ ပူတင်နှင့်တွေ့ဆုံရန် သတ်မှတ်ချက်များ ချမှတ်
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ကြာသပတေးနေ့ (မေ ၁၅) တွင် တူရကီနိုင်ငံ၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကိုယ်တိုင်တွေ့ဆုံရန် အဆင်သင့်ရှိကြောင်း၊ သို့သော် မော်စကိုက မေ ၁၂ ရက်မှစ၍ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး ကြေညာရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ဇီလန်စကီးက “ကျွန်တော် ကြာသပတေးနေ့မှာ တူရကီမှာ ပူတင်ကို ကိုယ်တိုင်တွေ့ဆုံမည်” ဟု X (Twitter) တွင် ရေးသားခဲ့သည်။ ၎င်းက “ယူကရိန်းအနေဖြင့် သံတမန်ထူထောင်မှု (Diplomacy) အတွက် လိုအပ်သည့် အခြေခံဖြစ်စေရန် မေ ၁၂ ကနေ စတင်မည့် အပြည့်အဝဖြင့် ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးကို စောင့်မျှော်နေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
မေ ၁၁ ရက်က ရုရှားသမ္မတ ပူတင်က ယူကရိန်းအား ၂၀၂၂ ခုနှစ်က အစ္စတန်ဘူလ်မြို့တွင် စတင်ခဲ့ပြီး ယူကရိန်းဘက်က တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကန့်သတ်ချက်မရှိ ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂