သတင်းများ

ဒေါ်နယ်ထရမ့်နှင့် အီလွန်မက်ကို သန်းချီပြည်သူများ ဆန္ဒပြ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အီလွန်မက်တို့၏ အစိုးရဆိုင်ရာ မူဝါဒများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် သန်းချီသော ပြည်သူများက ဧပြီလ ၅ ရက်(စနေနေ့)တွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြပါသည်။ 

ဖက်ဒရယ်အစိုးရဌာနများမှ ဝန်ထမ်းများအား ထုတ်ပစ်ခြင်း၊ လူမှုရေး အာမခံဌာနများ ပိတ်သိမ်းခြင်း၊ ပညာရေးဝန်ထမ်းများ အလုပ်အကိုင် ဖြတ်တောက်ခြင်း၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ရန်ပုံငွေများဖြတ်တောက်ခြင်းစသည့် သမ္မတထရမ့်၏ အမိန့်ညွှန်ကြားချက် အပေါ် ဆန့်ကျင်သောအားဖြင့် အမေရိကန် ပြည်နယ် ၅၀ လုံးရှိ အစိုးရ ဆိုင်ရာအဆောက်အအုံများ၊ ပန်းခြံများ၊ မြို့တော်ခန်းမများတွင် “Hands Off !!” အမည်ရှိ ဆန္ဒပြပွဲပေါင်း ၁၄၀၀ ကျော် တစ်ပြိုင်တည်း ပြုလုပ် ကြပါသည်။

ထရမ့်အစိုးရ၏ သက်တမ်းစတင်ချိန်မှ ပြည်တွင်း၊ နိုင်ငံတကာဆိုင်ရာ ပြုပြင်ပြောင်းလဲလိုက်သည့်အမိန့်များအပေါ် ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်အပြင် အခြား ဥရောပရှိ ဘာလင်၊ ဖရန့်ဖတ်၊ ပါရီနှင့် လန်ဒန် ကဲ့သို့ ကမ္ဘာ့မြို့ကြီးများတွင်လည်း တစ်ချိန်တည်း ဆန္ဒပြပွဲများ ပြုလုပ် ခဲ့ကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အီလွန်မက်သည်ထရမ့်နှင့်ဗန့်စ်၏အကြံ​ပေးအဖြစ်ဆက်ရှိမည်

အမေရိကန် ဒုတိယသမ္မတ ​ဂျေဒီဗန့်စ် က အီလွန်မက်သည် အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) ၏ ဦးဆောင်သူအဖြစ် တာဝန်ထမ်း ဆောင်မှု ပြီးဆုံးသွားပြီးနောက် သမ္မတ ထရမ့်နှင့် ၎င်းအတွက် “သူငယ်ချင်း နှင့် အကြံပေး” အဖြစ် ဆက်လက်ရှိနေမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ 

အီလွန်မက်၏ အထူးအစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မှုသည် မေလနှောင်းပိုင်းတွင်ကုန်ဆုံးမည်ဖြစ်ပါသည်။ ထို့နောက် ဘီလျံနာ တစ်ဦး ဖြစ်သည့် ၎င်းအနေဖြင့် ၎င်း၏ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများဆီသို့ ပြန်လည်ဦးတည်မည်ဟု မျှော်လင့်ရသည်။ 

DOGE ဌာနကို ထရမ့်၏ အမိန့်ကြော်ငြာစာ (executive order) ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းဌာနသည် ၂၀၂၆ ခုနှစ်အထိ ဆက်လက်လုပ်ငန်းများ လည်ပတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာ

Photo Credit to people.com

နေတန်ယာဟု ဒေါ်နယ်ထရမ့်နှင့် ဧပြီ ၇ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဧပြီ ၇ ရက်တွင် အမေရိကန် ဝါရှင်တန် သို့ သွားရောက်ပြီး ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ခရီးစဉ် စီစဉ်ထားကြောင်း Axios သတင်းဌာနက ဖော်ပြထားပါသည်။

တွေ့ဆုံမှုတွင် အမေရိကန်၏ သွင်းကုန်အခွန်များကိစ္စ၊ အီရန် နျူကလီးယား အစီအစဉ်နှင့် ဂါဇာကမ်းမြောင်ဒေသအခြေအနေတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။

ခရီးစဉ်ကို အစောပိုင်းက ဧပြီလအလယ်ပိုင်းတွင် စီစဉ်ထားသော်လည်း နေတန်ဟာဟုနှင့် ဆက်နွှယ်နေသည့် တရားရုံး ကြားနာမှုနှင့် တိုက်ဆိုင် နေသဖြင့် ခရီးစဉ်ရက်စွဲ ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း သတင်း အရင်းအမြစ် က ပြောပြထားပါသည်။

နေတန်ဟာဟုအနေဖြင့် အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယား စာချုပ် ချုပ်ဆိုနိုင်မှု အလားအလာနည်းပါးနေကြောင်း ယုံကြည်ထားပြီး၊ သံတမန်နည်းလမ်းအရ မအောင်မြင်ပါက အီရန်နျူကလီးယား စက်ရုံ များကို ထိုးစစ်ဆင်ရန် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီရန် ဆုံးဖြတ်ထား သည်ဟု  Axios က ဖော်ပြထားပါသည်။ 

ဧပြီ လ ၄ ရက်နေ့၌ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်များသည် အမေရိကန်နှင့် ကြားခံမရှိဘဲ တိုက်ရိုက် ဆွေးနွေးရန် မျှော်လင့် နေကြောင်း ပြောကြားထားပါသည်။

ကိုးကား- TASS

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးအဖွဲ့၏ အကြံပေးချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်စ် တွေ့ဆုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးအဖွဲ့၏ အကြံပေးချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်စ် နှင့် ဧပြီ ၅ ရက် (သောကြာနေ့)က တွေ့ဆုံခဲ့ပါသည်။ 

ပါမောက္ခယူနွတ်စ် က မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ဖြစ်ပွားခဲ့သော အသက်ဆုံးရှုံးမှုများနှင့်ပတ်သက်၍ မြန်မာပြည်သူများ နှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်မှ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်းအပါအဝင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ခဲ့သည့်အကြောင်းကို ဆွေးနွေး ခဲ့ကြပါသည်။ 

“နောက်ထပ်လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပံ့ပိုးရန် အသင့်ရှိ နေပါသည်။ မိမိတို့၏ သင်္ဘောများလည်း အသင့်ပြင်ဆင်ထား ပါသည်” ဟု ပါမောက္ခယူနွတ်စ်က ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ်က BIMSTEC ၏ ဥက္ကဋ္ဌရာထူးအတွက် ပါမောက္ခယူနွတ်စ်အား ဂုဏ်ပြုကြောင်း ပြောကြား ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ဒေသတွင်းအဖွဲ့အစည်းအား စွမ်းအားသစ်များ ရရှိလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။

ကိုးကား - ပါမောက္ခယူနွတ်စ်၏ လူမှုကွန်ယက် စာမျက်နှာ ( Facebook)

ဥရောပသမဂ္ဂအဖွဲ့ ဝင်ရောက်ရေး လုပ်ငန်းစဉ် စတင်သည့် ဥပဒေကို အာမေးနီးယားသမ္မတ လက်မှတ်ရေးထိုး

အာမေးနီးယားက ဥရောပသမဂ္ဂသို့ ဝင်ရောက်မှု လုပ်ငန်းစဉ် စတင်သည့် ဥပဒေတစ်ရပ်ကို အာမေးနီးယားသမ္မတ Vahagn Khachaturyan က လက်မှတ်ရေးထိုးလိုက်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါသည်။ 

အာမေးနီးယား ဥပဒေပြုလွှတ်တော်အမတ်များက မတ် ၂၆ ရက်က နိုင်ငံ၏ ဥရောပသမဂ္ဂသို့ ဝင်ရောက်မှု လုပ်ငန်းစဉ် သတ်မှတ်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ်နှင့်နောက်ဆုံးအကြိမ် အတည်ပြုလိုက် ကြပါသည်။ 

အစောပိုင်းက အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က အီးယူ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ဆုံးဖြတ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပါသည်။ အာမေးနီးယား နိုင်ငံ ခြားရေးဝန်ကြီး Ararat Mirzoyan က ဥပဒေကြမ်းအတွက် လိုအပ်သည့် မဲလက်မှတ်အရေအတွက်ရရှိမှုအပေါ် အခြေခံကာ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရှင်းပြထားပါသည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာနှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သောမိတ်ဆွေ” (great friend of India) အဖြစ် ဂုဏ်ပြုခဲ့

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ သည် ထိုင်းနိုင်ငံသို့ ခရီးစဉ်အတွင်း ဧပြီလ ၃ ရက် (ကြာသပတေးနေ့)တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာ နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သော မိတ်ဆွေ"” ဟု ဂုဏ်ပြုခဲ့သည်။ 

နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးမှုအသေးစိတ်

မိုဒီက ၎င်း၏ လူမှုကွန်ယက် X (Twitter) တွင် သက်ဆင်၏ “အုပ်ချုပ်ရေးနှင့် မူဝါဒရေးဆွဲမှုဆိုင်ရာ ကျယ်ပြန့်သော အတွေ့အကြုံ” ကို အသိအမှတ်ပြုခဲ့ပြီး အိန္ဒိယ၏ ယခင်ဝန်ကြီးချုပ် အာတလ် ဘီဟာရီ ဗာဂျ်ပါယီ (Atal Bihari Vajpayee) နှင့် ၎င်း၏ ရင်းနှီးသော ဆက်ဆံရေးကိုလည်း ဖော်ပြခဲ့သည်။ 

“အိန္ဒိယ၏ Act East မူဝါဒနှင့် ထိုင်း၏ Act West မူဝါဒ တို့သည် တစ်ခုနှင့်တစ်ခု ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ပြီး နှစ်နိုင်ငံအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးမည်” ဟု မိုဒီက မှတ်ချက်ပြုခဲ့သည်။ 

မိုဒီသည် BIMSTEC (ဘင်္ဂလားပင်လယ်အော်ဒေသ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့) ၏ ၆ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်ရန် ထိုင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အစည်းအဝေးသည် အိန္ဒိယနှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ အကြား ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။

ကိုးကား-PTI, Reuters

ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီပေါ နိုင်ငံ ၀န်ကြီးချုပ် H.E Mr.KP Sharma Oli တို့ နှစ်နိုင်ငံ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေး

ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီပေါ နိုင်ငံ ၀န်ကြီးချုပ် H.E Mr.KP Sharma Oli တို့ နှစ်နိုင်ငံ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကိုးကား- မြန်မာ့ဂုဏ်ရည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကရင်မလင် နန်းတော်တွင် တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကရင်မလင်နန်းတော်တွင်တွေ့ဆုံစဉ် “ရုရှား နှင့် တရုတ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုသည် တတိယနိုင်ငံများကို မည်သည့်အခါမှ ဦးတည်ခြင်းမရှိဘဲ၊ ပြင်ပမှ နှောင့်ယှက်မှုများကို လက်မခံကြောင်း” ပြောကြားခဲ့ပါသည်။ မော်စကိုနှင့်ပေကျင်းတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ကာလတိုအတိုင်းအတာမဟုတ်ဘဲ ရေရှည်တည်မြဲသည့်သဘောရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အလေးထားပြောကြားခဲ့သည်။ ဝမ်ယိ၏ အဆိုအရရုရှားနှင့်တရုတ်နိုင်ငံတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျယ်ပြန့်သောမျှော်မှန်းချက်များရှိသည်ဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကရင်မလင်နန်းတော်တွင်တွေ့ဆုံစဉ် “ရုရှား နှင့် တရုတ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုသည် တတိယနိုင်ငံများကို မည်သည့်အခါမှ ဦးတည်ခြင်းမရှိဘဲ၊ ပြင်ပမှ နှောင့်ယှက်မှုများကို လက်မခံကြောင်း” ပြောကြားခဲ့ပါသည်။ မော်စကိုနှင့်ပေကျင်းတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ကာလတိုအတိုင်းအတာမဟုတ်ဘဲ ရေရှည်တည်မြဲသည့်သဘောရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အလေးထားပြောကြားခဲ့သည်။ ဝမ်ယိ၏ အဆိုအရရုရှားနှင့်တရုတ်နိုင်ငံတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျယ်ပြန့်သောမျှော်မှန်းချက်များရှိသည်ဟုဆိုသည်။ “နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်တွင် တစ်နေရာတည်း၌ ရပ်တန့်နေမည်မဟုတ်ဘဲ မိမိတို့ရှေ့တွင် အလွန်ကျယ်ပြန့်သော မျှော်မှန်းချက်များရှိသည်” ဟု ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ဝမ်ယိသည် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ တရားဝင်ခရီးစဉ်အဖြစ် မော်စကိုတွင်ရှိနေခဲ့ပါသည်။ ထိုမတိုင်မီက ၎င်းသည် ၎င်း၏ရုရှားလုပ်ဖော်ကိုင်ဖက် ဆာဂေး လာဗရော့ဗ်နှင့် တွေ့ဆုံခဲ့ပြီး ထိုစဉ်အတွင်း နှစ်ဖက်စလုံးသည် ၂၀၂၅ ခုနှစ်အတွက် သံတမန်ရေးရာဌာနများ၏ အကြံဉာဏ်ပေးမှုဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကိုးကား-TASS

ရုရှားသည် ပင်လယ်နက်အစပျိုးမှု မူဘောင်နှင့်ပတ်သက်၍ ကတိစကားများထက် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာဗရော့ဗ် ပြောကြား

ရုရှားသည် ပင်လယ်နက်အစပျိုးမှု မူဘောင်နှင့်ပတ်သက်၍ ကတိစကားများထက် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်နေကြောင်း၊ အမေရိကန်ဘက်မှ မကြာမီတုံ့ပြန်မည်ဟု ကတိပြုထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ “လက်ရှိတွင် မိမိတို့အနေဖြင့် ကတိစကားများ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများကို လိုအပ်နေပါသည်။ ဆိပ်ကမ်းများသို့ အဝင်အထွက်၊ သင်္ဘောငှားရမ်းခ နှုန်းထားများ၊ အာမခံနှင့် အခြားကိစ္စရပ်များတွင် တိုးတက်မှုရှိရန် လိုအပ်ပါသည်။ အမေရိကန် လုပ်ဖော်ကိုင်ဖက် များသည် မိမိတို့၏အဆိုပြုချက်များကို လေ့လာနေပြီး မကြာမီတွင် တုံ့ပြန်မည်ဟု ကတိပြုထားပါသည်" ဟု ၎

ရုရှားသည် ပင်လယ်နက်အစပျိုးမှု မူဘောင်နှင့်ပတ်သက်၍ ကတိစကားများထက် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်နေကြောင်း၊ အမေရိကန်ဘက်မှ မကြာမီတုံ့ပြန်မည်ဟု ကတိပြုထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ “လက်ရှိတွင် မိမိတို့အနေဖြင့် ကတိစကားများ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများကို လိုအပ်နေပါသည်။ ဆိပ်ကမ်းများသို့ အဝင်အထွက်၊ သင်္ဘောငှားရမ်းခ နှုန်းထားများ၊ အာမခံနှင့် အခြားကိစ္စရပ်များတွင် တိုးတက်မှုရှိရန် လိုအပ်ပါသည်။ အမေရိကန် လုပ်ဖော်ကိုင်ဖက် များသည် မိမိတို့၏အဆိုပြုချက်များကို လေ့လာနေပြီး မကြာမီတွင် တုံ့ပြန်မည်ဟု ကတိပြုထားပါသည်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။ ရုရှားနှင့်အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့များ အစည်းအဝေး တွင် လက်တွေ့ အကောင်အထည်ဖော်ရန် သီးသန့်အဆိုပြုချက်များ ပြုလုပ်ခဲ့ကြောင်း လာဗရော့ဖ်က ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဦးဆောင်သော ဂျုံတင်ပို့မှုဆိုင်ရာ ပင်လယ်နက် စီမံကိန်းကိုဂူတာရက်စ် ဦးဆောင်သော ဂျုံတင်ပို့မှုဆိုင်ရာ ပင်လယ်နက်စီမံကိန်းကို ထပ်မံမကျူးလွန်ရန် ယင်း အဆိုပြုချက်များသည် အရေးပါကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ “အဆိုပါစီမံကိန်းတွင် အပိုင်းနှစ်ခု ပါဝင်သည်။ တစ်ခုမှာ ယူကရိန်း၏ဂျုံ တင်ပို့မှုကို အထောက်အကူပြုရန်၊ နောက်တစ်ခုမှာ ရုရှား၏ဂျုံ၊ နှင့်မြေဩဇာ တင်ပို့မှုကို ဖြစ်ပါသည်။ ယူကရိန်းဘက်ဆိုင်ရာအပိုင်းသည် ထိုအချိန်အတွင်း လုပ်ဆောင်ခဲ့ပြီး မိမိတို့အနေဖြင့် မိမိ တို့၏တာဝန်ဝတ္တရားများကို လိုက်နာခဲ့ပါသည်။ သို့သော် ရုရှား၏အကျိုးစီးပွားနှင့်သက်ဆိုင်သော ကတိများကို မည်သူမျှ လုပ်ဆောင်ခြင်းမရှိပါ” ဟု ဝန်ကြီးက ပြန်လည်သတိပေးခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံအတွင်းရှိ ဆာ့ဘ်သမ္မတနိုင်ငံ၏ အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် အား ကရင်မလင်နန်းတော်တွင် လက်ခံတွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံအတွင်းရှိဆာ့ဘ်သမ္မတနိုင်ငံ၏အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် (Milorad Dodik) အား ကရင်မလင် နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ရုရှားသမ္မတ ဗလာ ဒီမာပူတင်သည် ဒိုဒစ်ကို ဆီးနိတ်နန်းတော်ရှိ ၎င်း၏ကိုယ်စားပြုခန်းမတွင် တွေ့ဆုံခဲ့ပြီး ရုရှားသမ္မတနှင့် ဆာ့ဘ် သမ္မတနိုင်ငံ၏အကြီးအကဲတို့သည် ခိုင်မာသောလက်ဆွဲနှုတ်ဆက်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ “မော်စကိုတွင် ခင်ဗျားကိုတွေ့ရ၍ ဝမ်းသာပါသည်” ဟု ရုရှားသမ္မတက စကားစမြည်ပြောဆိုမှုအစတွင် ပြောကြားခဲ့ပါသည်။ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်သည် ဆာရာယေဗိုမြို့မှ အင်တာပိုလ်ရုံးက ၎င်းအားထုတ်ပြန်ထာ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံအတွင်းရှိဆာ့ဘ်သမ္မတနိုင်ငံ၏အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် (Milorad Dodik) အား ကရင်မလင် နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ရုရှားသမ္မတ ဗလာ ဒီမာပူတင်သည် ဒိုဒစ်ကို ဆီးနိတ်နန်းတော်ရှိ ၎င်း၏ကိုယ်စားပြုခန်းမတွင် တွေ့ဆုံခဲ့ပြီး ရုရှားသမ္မတနှင့် ဆာ့ဘ် သမ္မတနိုင်ငံ၏အကြီးအကဲတို့သည် ခိုင်မာသောလက်ဆွဲနှုတ်ဆက်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ “မော်စကိုတွင် ခင်ဗျားကိုတွေ့ရ၍ ဝမ်းသာပါသည်” ဟု ရုရှားသမ္မတက စကားစမြည်ပြောဆိုမှုအစတွင် ပြောကြားခဲ့ပါသည်။ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်သည် ဆာရာယေဗိုမြို့မှ အင်တာပိုလ်ရုံးက ၎င်းအားထုတ်ပြန်ထားသော အပြည်ပြည် ဆိုင်ရာ ဖမ်းဝရမ်းကို မထောက်ထားဘဲ မော်စကိုသို့ရောက်ရှိလာခြင်းဖြစ်သည်။ ဒိုဒစ်က ကရင်မလင်နံရံများအနီးမှ ဗီဒီယိုတစ်ခုတင်ကာ ရုရှားမြို့တော်သို့ လာရောက်သည့် အကြိမ်တိုင်းတွင် နာဇီတို့လက်မှ ဥရောပကို ကာကွယ်ပေးခဲ့သော ဆိုဗီယက်စစ်သားများအား ဂုဏ်ပြုသည့် “အညတရစစ်သည်ဗိမာန်” သို့ အမှတ်တရသွားရောက်လေ့ရှိကြောင်း ရေးသားခဲ့ပါသည်။ မေလ ၉ ရက်တွင် အောင်ပွဲနှစ် ၈၀ မြောက် အထိမ်းအမှတ် အခမ်းအနားအတွက် မော်စကိုသို့ ထပ်မံ လာရောက်မည်ဟု၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။