ရုရှားသည် ပင်လယ်နက်အစပျိုးမှု မူဘောင်နှင့်ပတ်သက်၍ ကတိစကားများထက် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာဗရော့ဗ် ပြောကြား
ရုရှားသည် ပင်လယ်နက်အစပျိုးမှု မူဘောင်နှင့်ပတ်သက်၍ ကတိစကားများထက် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်နေကြောင်း၊ အမေရိကန်ဘက်မှ မကြာမီတုံ့ပြန်မည်ဟု ကတိပြုထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ “လက်ရှိတွင် မိမိတို့အနေဖြင့် ကတိစကားများ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများကို လိုအပ်နေပါသည်။ ဆိပ်ကမ်းများသို့ အဝင်အထွက်၊ သင်္ဘောငှားရမ်းခ နှုန်းထားများ၊ အာမခံနှင့် အခြားကိစ္စရပ်များတွင် တိုးတက်မှုရှိရန် လိုအပ်ပါသည်။ အမေရိကန် လုပ်ဖော်ကိုင်ဖက် များသည် မိမိတို့၏အဆိုပြုချက်များကို လေ့လာနေပြီး မကြာမီတွင် တုံ့ပြန်မည်ဟု ကတိပြုထားပါသည်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။ ရုရှားနှင့်အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့များ အစည်းအဝေး တွင် လက်တွေ့ အကောင်အထည်ဖော်ရန် သီးသန့်အဆိုပြုချက်များ ပြုလုပ်ခဲ့ကြောင်း လာဗရော့ဖ်က ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဦးဆောင်သော ဂျုံတင်ပို့မှုဆိုင်ရာ ပင်လယ်နက် စီမံကိန်းကိုဂူတာရက်စ် ဦးဆောင်သော ဂျုံတင်ပို့မှုဆိုင်ရာ ပင်လယ်နက်စီမံကိန်းကို ထပ်မံမကျူးလွန်ရန် ယင်း အဆိုပြုချက်များသည် အရေးပါကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ “အဆိုပါစီမံကိန်းတွင် အပိုင်းနှစ်ခု ပါဝင်သည်။ တစ်ခုမှာ ယူကရိန်း၏ဂျုံ တင်ပို့မှုကို အထောက်အကူပြုရန်၊ နောက်တစ်ခုမှာ ရုရှား၏ဂျုံ၊ နှင့်မြေဩဇာ တင်ပို့မှုကို ဖြစ်ပါသည်။ ယူကရိန်းဘက်ဆိုင်ရာအပိုင်းသည် ထိုအချိန်အတွင်း လုပ်ဆောင်ခဲ့ပြီး မိမိတို့အနေဖြင့် မိမိ တို့၏တာဝန်ဝတ္တရားများကို လိုက်နာခဲ့ပါသည်။ သို့သော် ရုရှား၏အကျိုးစီးပွားနှင့်သက်ဆိုင်သော ကတိများကို မည်သူမျှ လုပ်ဆောင်ခြင်းမရှိပါ” ဟု ဝန်ကြီးက ပြန်လည်သတိပေးခဲ့ပါသည်။
ကိုးကား-TASS