နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးအဖွဲ့၏ အကြံပေးချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်စ် တွေ့ဆုံ

News Image

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးအဖွဲ့၏ အကြံပေးချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်စ် တွေ့ဆုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးအဖွဲ့၏ အကြံပေးချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်စ် နှင့် ဧပြီ ၅ ရက် (သောကြာနေ့)က တွေ့ဆုံခဲ့ပါသည်။ 

ပါမောက္ခယူနွတ်စ် က မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ဖြစ်ပွားခဲ့သော အသက်ဆုံးရှုံးမှုများနှင့်ပတ်သက်၍ မြန်မာပြည်သူများ နှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်မှ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်းအပါအဝင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ခဲ့သည့်အကြောင်းကို ဆွေးနွေး ခဲ့ကြပါသည်။ 

“နောက်ထပ်လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပံ့ပိုးရန် အသင့်ရှိ နေပါသည်။ မိမိတို့၏ သင်္ဘောများလည်း အသင့်ပြင်ဆင်ထား ပါသည်” ဟု ပါမောက္ခယူနွတ်စ်က ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ်က BIMSTEC ၏ ဥက္ကဋ္ဌရာထူးအတွက် ပါမောက္ခယူနွတ်စ်အား ဂုဏ်ပြုကြောင်း ပြောကြား ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ဒေသတွင်းအဖွဲ့အစည်းအား စွမ်းအားသစ်များ ရရှိလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။

ကိုးကား - ပါမောက္ခယူနွတ်စ်၏ လူမှုကွန်ယက် စာမျက်နှာ ( Facebook)