နေတန်ယာဟု ဒေါ်နယ်ထရမ့်နှင့် ဧပြီ ၇ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဧပြီ ၇ ရက်တွင် အမေရိကန် ဝါရှင်တန် သို့ သွားရောက်ပြီး ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ခရီးစဉ် စီစဉ်ထားကြောင်း Axios သတင်းဌာနက ဖော်ပြထားပါသည်။
တွေ့ဆုံမှုတွင် အမေရိကန်၏ သွင်းကုန်အခွန်များကိစ္စ၊ အီရန် နျူကလီးယား အစီအစဉ်နှင့် ဂါဇာကမ်းမြောင်ဒေသအခြေအနေတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။
ခရီးစဉ်ကို အစောပိုင်းက ဧပြီလအလယ်ပိုင်းတွင် စီစဉ်ထားသော်လည်း နေတန်ဟာဟုနှင့် ဆက်နွှယ်နေသည့် တရားရုံး ကြားနာမှုနှင့် တိုက်ဆိုင် နေသဖြင့် ခရီးစဉ်ရက်စွဲ ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း သတင်း အရင်းအမြစ် က ပြောပြထားပါသည်။
နေတန်ဟာဟုအနေဖြင့် အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယား စာချုပ် ချုပ်ဆိုနိုင်မှု အလားအလာနည်းပါးနေကြောင်း ယုံကြည်ထားပြီး၊ သံတမန်နည်းလမ်းအရ မအောင်မြင်ပါက အီရန်နျူကလီးယား စက်ရုံ များကို ထိုးစစ်ဆင်ရန် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီရန် ဆုံးဖြတ်ထား သည်ဟု Axios က ဖော်ပြထားပါသည်။
ဧပြီ လ ၄ ရက်နေ့၌ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်များသည် အမေရိကန်နှင့် ကြားခံမရှိဘဲ တိုက်ရိုက် ဆွေးနွေးရန် မျှော်လင့် နေကြောင်း ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃