သတင်းများ

အမေရိကန်သည် ဧပြီလ ၂၀ ရက်နေ့တွင် ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူလို

အမေရိကန်ပြည်ထောင်စုသည် ဧပြီလ ၂၀ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူရန် မျှော်လင့်ထားသော်လည်း နှစ်ဖက်စလုံး၏ ရပ်တည်ချက်များတွင် ကြီးမားသော ကွဲလွဲမှုများရှိသောကြောင့် အချိန်ကာလသည် ရွှေ့ဆိုင်းသွားနိုင်သည်ဟု Bloomberg သတင်းဌာနက သတင်းရင်းမြစ်များကိုကိုးကားပြီး ဖော်ပြ ထားပါသည်။ 

အဆိုပါသတင်းအရ မတ်လအစောပိုင်းတွင် ယူကရိန်းသို့ စစ်ရေးအကူအညီပေးပို့မှုကို ခေတ္တရပ်ဆိုင်းခဲ့သော အိမ်ဖြူတော်သည် ယခုအချိန်ထိ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်ကန့်သတ်ချက်ကိုမျှ သဘောမတူသေးကြောင်း သိရှိရပါသည်။

သမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၃ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မော်စကိုသည် ယူကရိန်းတွင် တိုက်ပွဲများရပ်တန့်ရန် အဆိုပြုချက်များကို သဘောတူကြောင်း၊ သို့သော် ယင်းအဆိုပြုချက်များသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုရရှိစေပြီး အကျပ်အတည်း၏ အကြောင်းရင်းခံများကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

Photo: Bloomberg

ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးကြမည်

ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။ 

ရုရှားနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲများတွင် အပစ် အခတ်ရပ်စဲရေးအတည်ပြုခြင်း၊ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် နယ်မြေဆိုင်ရာ အချုပ်အခြာအာဏာကဲ့သို့သောကိစ္စရပ်များကို ဆွေးနွေးမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ် က CBS ရုပ်သံလိုင်းတွင် ပြောကြားခဲ့ပါသည်။ 

မတ်လ ၂၄ ရက်တွင် အီရိယာ့ဒ်မြို့၌ ရုရှား-အမေရိကန် ပူးပေါင်း ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး၊ ပင်လယ်နက်အတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားမည်ဟု ၎င်းက ဖော်ပြခဲ့သည်။ "ထို့နောက် စစ်မျဉ်းထိန်းချုပ်ရေး လိုင်း (လက်ရှိစစ်မြေပြင်အခြေအနေ)၊ အပစ်အခတ်ရပ်စဲရေး အတည်ပြုရေး နည်းလမ်းများ၊ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စခန်းချရေးနှင့် ရေရှည်ငြိမ်းချမ်းရေး ဆီသို့ ဦးတည်သည့် နယ်မြေလဲလှယ်မှုများကို ဆွေးနွေးမည်" ဟု မိုက်ခ် ဝေါ့လ်ဇ်က ရှင်းပြခဲ့သည်။ အသေးစိတ်အချက်များကို မဖော်ပြသော်လည်း၊ “ယူကရိန်းဘက်က အဆိုပါအချက်ကို လုံခြုံရေးအာမခံချက်အဖြစ် ရှုမြင်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

မတ်လ ၂၄ ရက်တွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဖက်ဒရယ်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ဂရီဂေါ်ရီ ကာရာဆင် နှင့် FSB ညွှန်ကြား ရေးမှူး၏ အကြံပေး ဆာဂျီ ဘီဆီဒါတို့ ဦးဆောင်မည်ဖြစ်ပါသည်။ 

မတ်လ ၁၈ ရက်နေ့က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်းအခြေအနေ၊ စစ်ရေး အရှိန်မြင့် တက်မှုကို တားဆီးရန် အခြေအနေများနှင့် နိုင်ငံတကာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ကရင်မလင်၏ သတင်းထုတ်ပြန်ချက်အရ၊ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပဋိပက္ခဘက်မှ စွမ်းအင် အခြေခံ အဆောက် အအုံများကို ၃၀ ရက်ကြာ ပစ်ခတ်မှုရပ်စဲရန် အမေရိကန်သမ္မတ၏အဆိုကို သဘောတူခဲ့ကြသည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ နှစ်ဖက်စလုံးသည် “ပင်လယ်နက်၌ အပစ်အခတ်ရပ်စဲရေး၊ အပစ်အခတ် အလုံးစုံရပ်စဲရေးနှင့် ရေရှည်ငြိမ်းချမ်းရေး” စနစ်ကို စတင်ရန် နည်းပညာ ဆိုင်ရာ ဆွေးနွေးမှုများ စတင်ရန် သဘောတူညီခဲ့ကြပါသည်။ ပဋိပက္ခကို ဖြေရှင်းရန်လုပ်ဆောင်ရာတွင် အဓိကအခြေအနေမှာ “နိုင်ငံခြားမှ စစ်ရေး အကူအညီနှင့် ယူကရိန်းသို့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်းကို အလုံးစုံရပ်တန့်ရန်” ဖြစ်သည်ဟု အလေးပေး ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစု၏ အခွင့်အရေး မရမချင်း EU ထဲ ယူကရိန်း ဝင်ရောက်ရန်မှာ မဖြစ်နိုင်ကြောင်း ဟန်ဂေရီပြောကြား

ယူကရိန်းနိုင်ငံ Transcarpathia ဒေသရှိ ဟန်ဂေရီလူမျိုးစုများ၏ အခွင့်အရေးများအား ယူကရိန်းအစိုးရက ဖျက်သိမ်းထားမှုအပေါ် ပြန်လည် ရုတ်သိမ်းပေးမှသာ ယူကရိန်း၏ ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်လိုမှု ဆွေးနွေးမှုများအတွက် ဟန်ဂေရီနိုင်ငံက ဗီတိုပြန်လည် ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger ကို ပြောကြားလိုက်ပါသည်။

ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ Transcarpathia ဒေသတွင် နေထိုင်နေသူ ဟန်ဂေရီ လူမျိုးစုများ၏ ဘာသာစကားအသုံးပြုခွင့်နှင့် ပညာရေးလေ့လာဆည်းပူးခွင့်တို့ကို ယူကရိန်းအစိုးရက ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း၊ ထိုလူမျိုးစုများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ယူကရိန်းဘက်က ပြန်လည်ပေးအပ်မည်ဟု ကတိနှင့်စကားသံများ ထွက်ပေါ်ခဲ့မှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ လျစ်လျူရှုထားပါကြောင်း၊ မိမိတို့ ဟန်ဂေရီလူမျိုးစု၏ အခွင့်အရေးများ ပြန်လည် မရရှိသေးချိန်အထိ  ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ထဲ ဝင်ရောက်ရန်  ဖြစ်လာနိုင်မည်မဟုတ်ပါကြောင်း Szijjarto က Reisinger နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားချိန်တွင် ပြောကြားလိုက်ပါသည်။

ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger သည် ပြီးခဲ့သည့်အပတ်က ယူကရိန်းနိုင်ငံသို့ သွားရောက်ကာ ယူကရိန်း အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကိုးကား- TASS           

ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှု ကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြား

ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှုကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က အမေရိကန် အစိုးရသစ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုနေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာများကိုပါ ပြောဆိုနေသောကြောင့် ယင်းအချက်သည် လူတိုင်းအတွက် အကျိုးအမြတ်ရရှိစေမည်ဟု ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ ရောက်ရှိလာပြီး နောက်ပိုင်း အမေရိကန်အစိုးရသည် ၎င်းတို့၏ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲခဲ့ပြီး ရုရှားအစိုးရသည် ယခုချဉ်းကပ်မှုအသစ်ကို ပို၍ပင် နှစ်သက်ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။ 

“အစိုးရသစ်သည် ယခင်အစိုးရ (ဘိုင်ဒင်၏အစိုးရ) ၏ ရပ်တည်ချက်နှင့် လုံးဝကွဲပြားခြားနားသော ရပ်တည်ချက်ရှိသည်မှာ ထင်ရှားသည်” ဟု ၎င်းက VGTRK မှ သတင်းထောက် ပါဗယ် ဇာရူဘင်ကို ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

Photo: France 24

တူရကီနိုင်ငံတွင် တင်းမာမှုများ မြင့်တက်လျက်ရှိ‌

Erdogan ၏ အဓိကပြိုင်ဘက် Ekrem Imamoglu ဖမ်းဆီးခံရခြင်းကြောင့် ကြီးမားသော ဆန္ဒပြမှုများနှင့် တူရကီဈေးကွက်များတွင် ပြင်းထန်သော ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

(Anakra နှင့် Estambul ) အန်ကာရာ နှင့် အစ္စတန်ဘူးမြို့များတွင် လူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားနေကြောင်း သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Snopes

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်၏ပါတီ Awami League ကို ပိတ်ပင်မည်မဟုတ်ကြောင်း ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရက ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ၏ နိုင်ငံရေးပါတီကို ပိတ်ပင်ရန် အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါသည်။ ဤသည်မှာ ယမန်နှစ်က ၎င်းကို ဖြုတ်ချခဲ့သည် ကျောင်းသားတော်လှန်ရေးသမားများ၏ သဘောထား နှင့် ကွဲလွဲနေပါသည်။

ဟာဆီနာ၏ Awami League ပါတီသည် သူမ၏ ၁၅ နှစ်တာ အာဏာ ရှိစဉ် ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပါသည်။ အထူးသဖြင့် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြ လှုပ်ရှားမှုကို ပြင်းထန်စွာ နှိမ်နင်းခဲ့ရာတွင် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ကျောင်းသားခေါင်းဆောင်များသည် ၎င်းတို့၏ အပေါင်းအဖော်များ သေဆုံးမှုအတွက် ဝမ်းနည်းနေဆဲဖြစ်ပြီး ဟာဆီနာ၏ဖခင်လက်ထက်က ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၁ ခုနှစ် သွေးချောင်းစီးလွတ်မြောက်ရေးစစ်ပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည့် Awami League ပါတီကို တားမြစ် ပိတ်ပင်ရန် တောင်းဆိုနေကြသည်။

သို့သော် ဟာဆီနာကို ဖြုတ်ချပြီးနောက် အာဏာရယူခဲ့သည့် ယာယီအစိုးရ၏ ခေါင်းဆောင်ဖြစ်သူ နိုဘယ်ဆုရှင် မုဟမ္မဒ်ယူနွဒ်က ထိုကဲ့သို့ လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့ပါသည်။

"ပါမောက္ခ ယူနွဒ်က ယာယီအစိုးရအနေဖြင့် Awami League ပါတီကို ပိတ်ပင်ရန် အစီအစဉ်မရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်"ဟု ကြာသပတေး နေ့ (မတ် ၂၀) ညနေပိုင်းက ထုတ်ပြန်သည့် အစိုးရထုတ်ပြန်ချက်၌ ဖော်ပြ ထားပါသည်။

သို့သော် လူသတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု များအပါအဝင် ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပါတီခေါင်းဆောင်များကို ဘင်္ဂလားဒေ့ရှ်၏ တရားရုံး၌ တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

ဒါကာမြို့ရှိ တရားရုံးတစ်ရုံးက ဖြုတ်ချခံရပြီးနောက် အိမ်နီးချင်း အိန္ဒိယ နိုင်ငံ၌ ခိုလှုံနေသော ဟာဆီနာနှင့် သူမ၏ မဟာမိတ်များကို ဖမ်းဆီးရန် အမိန့်များ ထုတ်ပြန်ထားပြီးဖြစ်သည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) နှင့် သတင်းထောက် တာကာ ကာလ်ဆင် (Tucker Carlson) နှင့် တွေ့ဆုံမေးမြန်းခန်းမှ အဓိကအချက်များ ကောက်နုတ်ဖော်ပြချက်

 ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံမှု

ရုရှားသမ္မတက ပေးအပ်ခဲ့သည့် ထိပ်တန်း ရုရှား ပန်းချီဆရာတစ်ဦး ရေးဆွဲထားသော အမေရိကန်ခေါင်းဆောင် ထရမ့်၏ ပုံတူကို ပန်းချီကားကို သမ္မတဒေါ်နယ်ထရမ့်ထံ ပို့ဆောင်ပြီးဖြစ်ပါကြောင်း အမေရိကန် သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ပြောကြားခဲ့ပါသည်။

မဲဆွယ်ကာလအတွင်း ထရမ့်အား လုပ်ကြံရန် ကြိုးပမ်းခံရမှုအပေါ် ရုရှား သမ္မတသည် ၎င်း၏ဘာသာရေးလှုပ်ရှားမှုအဖြစ် ဘုရားကျောင်းသို့ သွားကာ သမ္မတထရမ့်အတွက် ဆုတောင်းပေးခဲ့ကြောင်း အမေရိကန် သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ဖွင့်ဟပြောကြားခဲ့ပါသည်။ 

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ရုရှား - အမေရိကန် ဆက်ဆံရေးကို ပြန်လည်ထူထောင်လိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သတင်းစကားကိုသမ္မတ ပူတင်ထံ ပေးပို့ခဲ့ပြီး ရုရှားသမ္မတက အဆိုပါကိစ္စတွင် အပြန်အလှန် သဘောတူညီမှုရှိကြောင်း ပြသခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) ၏ အမြင်တွင် သမ္မတပူတင်သည် "ကြင်နာဖော်ရွေပြီး" အမေရိကန် ကိုယ်စားလှယ်ကို ဧည့်ခံခြင်းဖြင့် အပြုသဘောဆောင်သော အထင်အမြင်ကိုရရှိခဲ့ပါသည်။ 

ရုရှားနှင့် အမေရိကန်သမ္မတများ ၏ ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှု

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် လာမည့်လအနည်းငယ်အတွင်း တွေ့ဆုံနိုင်သည်ဟု ခန့်မှန်း ပြောကြားခဲ့ပါသည်။ 

ယူကရိန်းပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများ

ရုရှားနှင့်ဆွေးနွေးရာတွင် အမေရိကန်ပြည်ထောင်စုသည် “အလွန်ကြီးမားသော” တိုးတက်မှုကို ရရှိခဲ့သည်။

ရုရှားသိမ်းပိုက်ထားသောဒေသများ၏ အခြေအနေကို အမေရိကန် ပြည်ထောင်စု က "အဓိကအရေးပါသော ကိစ္စ" အဖြစ် သတ်မှတ်ထားပါသည်။ 

ရုရှားအနေဖြင့် အပြီးသတ်အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်မည့် အခြေအနေများရှိပြီး ၎င်းသည် “ရှုပ်ထွေးခက်ခဲသောကိစ္စ” တစ်ခု ဖြစ်ပါသည်။ 

ရုရှားနှင့် ယူကရိန်းဘက်မှ ပင်လယ်နက်ရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းအား ယာယီဆိုင်းငံ့မှုကို လာမည့်သီတင်းပတ်တွင် စတင်နိုင်ပါသည်။ 

ယူကရိန်းအား ကူညီထောက်ပံ့မှုနှင့် နေတိုးအဖွဲ့ဝင်ဖြစ်ခြင်း

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းကို ထာဝရငွေကြေးထောက်ပံ့ပေးနိုင်မည်မဟုတ်ဘဲ ပဋိပက္ခကို နျူကလီးယားလက်နက်အသုံးပြုသည့် အချိန်အထိ ခေါ်ဆောင်သွားနိုင်မည်ကို စိုးရိမ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ယူကရိန်းသည် နေတိုးမဟာမိတ် အဖွဲ့ဝင်ဖြစ်လာမည်မဟုတ်ဟူသောအချက်ကို “အတော်အသင့် သဘောတူ” ခဲ့ပါကြောင်းပြောကြားခဲ့ပါသည်။

ဥရောပအပေါ် ခြိမ်းခြောက်မှု 

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ရုရှားတွင် ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် အစီအစဉ် မရှိကြောင်း ၁၀၀% သေချာသည်ဟု ပြောကြားခဲ့ပါသည်။

ယူကရိန်းတွင် ရွေးကောက်ပွဲများ

ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟူသောအချက်ကို ယူကရိန်း အစိုးရက သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စား လှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ပြောကြားခဲ့ပါသည်။ 

ကိုးကား- RIA Novosti

Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးရဖွယ်ရှိသည်ဟု ယူကရိန်း စိုးရိမ်နေ

ယူကရိန်းသမ္မတအကြံပေးများသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးနိုင်သည်ဟု စိုးရိမ်နေကြကြောင်း၊ မကြာမီတွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့အကြား နယ်မြေကိစ္စကို ဆွေးနွေး ဖွယ်ရှိကြောင်း The New York Times သတင်းစာက ဖော်ပြထားပါသည်။

သမ္မတထရမ့်က မည်သည့်ဒေသဟု အတိအကျ ပြောကြားထားခြင်းမျိုး မရှိသေးပါကြောင်း၊ ရုရှားတပ်များ ထိန်းချုပ်ပြီးသား ဒေသများကို ရုရှားက ဆက်လက်ထိန်းချုပ်ရမည်ဟု အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ကြေညာ ပြီးဖြစ်ကြောင်း သတင်းစာက ဖြည့်စွက်ဖော်ပြထားပါသည်။

ထို့ပြင် ယူကရိန်းပဋိပက္ခဖြေရှင်းရေး သဘောတူညီချက်အတွင်း ထရမ့်သည် နယ်မြေများ လွှဲပြောင်းပေးရေးအတွက် ပူတင်၏ ဆန္ဒကို လိုက်လျော နိုင်ဖွယ်ရှိကြောင်း၊ ထိုသို့ဖြစ်ပါက Odessa ဆိပ်ကမ်းမြို့မှာလည်း ပါဝင် နိုင်သည်မှာ သေချာသလောက် ရှိနေပါကြောင်း၊ ရုရှားသည် ခရိုင်းမီးယား ဒေသကို ဆက်လက်ထိန်းချုပ်သွားမည်မှာ မလွှဲမသွေဖြစ်ကြောင်း သတင်းစာ က ဆက်လက်ဖော်ပြထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်း၌ ရွေးကောက်ပွဲကျင်းပမည်ဟု ထရမ့်၏ကိုယ်စားလှယ် ပြောကြား

ယူကရိန်းနိုင်ငံ၌ သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ် Steve Witkoff က သတင်းထောက် Tucker Carlson ကို ပြောကြားခဲ့ပါသည်။

Vladimir Zelensky ၏ သမ္မတသက်တမ်း ငါးနှစ်သည် ၂၀၂၄ ခုနှစ် မေလ၌ ကုန်ဆုံးခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးကာလဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပရန် ငြင်းဆန်ခဲ့ပါသည်။ ရုရှားသမ္မတ Vladimir Putin ကလည်း Zelensky ကို တရားဝင်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခြင်းမရှိဘဲ ၎င်း၏လက်ရှိအခြေအနေသည် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အတားအဆီးဖြစ်နိုင်ကြောင်း ဆိုပါသည်။

သောကြာနေ့ ညနေ (မတ် ၂၂) တွေ့ဆုံမေးမြန်းမှုတွင် Carlson က ထရမ့်၏ ကိုယ်စားလှယ် Witkoff အား “ယူကရိန်း၌ ရွေးကောက်ပွဲကျင်းပမည်ဟု ယူဆပါသလား” ဟု မေးမြန်းခဲ့ရာ Witkoff က “ယူကရိန်း တွင် ရွေးကောက်ပွဲများကျင်းပနိုင်ရေးကို ၎င်းတို့သဘောတူညီခဲ့ကြကြောင်း၊ ရုရှားသည် အင်အားပိုကောင်းကာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသည့်အတွက် Zelensky အနေဖြင့် အလွန်ခက်ခဲသည့် အခြေအနေတွင် ရှိနေကြောင်း" ဆိုပါသည်။

“ယခုအချိန်သည် သဘောတူညီမှုရရန် အကောင်းဆုံး အခိုက်အတန့် ဖြစ်ပြီး သမ္မတ Trump သည် ညှိနှိုင်းမှုရလဒ်ကောင်းများရရှိစေရန်ဆောင်ရွက်ပေးနိုင်သူဖြစ်ကာ စစ်ပွဲအတွက် ရေရှည် ထောက်ပံ့မှုများ ပေးနိုင်ရန် မဖြစ်နိုင်ကြောင်း” Witkoff က ဆက်လက်ပြောကြားခဲ့သည်။

မကြာမီက Trump ၏ အဖွဲ့ဝင်များသည် Zelensky ၏ နိုင်ငံရေးပြိုင်ဘက် ယခင်သမ္မတ Pyotr Poroshenko ၊ ယခင်ဝန်ကြီးချုပ် Yulia Timoshenko တို့နှင့် ဆက်သွယ်ခဲ့ပြီး နိုင်ငံရေးသမားနှစ်ဦးစလုံးက Trump ၏အဖွဲ့နှင့် ဆွေးနွေးခဲ့ခြင်းအား အတည်ပြုခဲ့သော်လည်း ရုရှား နှင့်ပဋိပက္ခ မဖြေရှင်းနိုင်သေးမီကာလတွင် ရွေးကောက်ပွဲကျင်းပရန်ကိုမူ ကန့်ကွက်ခဲ့ကြသည်ဟု Politico မဂ္ဂဇင်းက ဖော်ပြခဲ့ပါသည်။

ကိုးကား-RT

တရုတ်နိုင်ငံသည် ယူကရိန်းတွင် ဖြစ်နိုင်ခြေရှိသော “ငြိမ်းချမ်းရေး တပ်ဖွဲ့” တွင် ပါဝင်နိုင်ခြေကို ဥရောပသမဂ္ဂနှင့် ဆွေးနွေးနေ

ယူကရိန်းပဋိပက္ခအပြီးတွင် ဖြစ်နိုင်ခြေရှိသော “ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့” တွင် ပါဝင်ရန် တရုတ်သည် ဥရောပနိုင်ငံများနှင့် ဆွေးနွေးနေကြောင်း Welt am Sonntag သတင်းစာက ဥရောပသမဂ္ဂ၏ သံတမန်ရေးစက်ဝန်းရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထား ပါသည်။

“တရုတ်နိုင်ငံသည် ယူကရိန်းတွင် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များတွင် ပါဝင်ရန် စဉ်းစားနေပုံရသည်။ တရုတ် သံတမန်များသည် ဘရပ်ဆဲလ်တွင် ဥရောပသားများ၏အမြင်အရ ထိုသို့ လုပ်ဆောင်ခြင်းသည် ဖြစ်နိုင်သလား သို့မဟုတ် လိုလားအပ်သလား စုံစမ်းမေးမြန်းခဲ့သည်” ဟု သတင်းအေဂျင်စီ ကဖော်ပြထားပါသည်။ 

ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဖ်က ယူကရိန်းရှိ ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းသူများကို အသုံးပြုနိုင်ခြေနှင့်ပတ်သက်၍ ရုရှားက ဆွေးနွေးနေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်က မတ်လ ၆ ရက်တွင် ယူကရိန်း၌ နိုင်ငံခြား“ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ” ချထားရေး နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုအတွက် အခွင့်အလမ်းကို ရုရှား အနေဖြင့် မမြင်ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး က ယူကရိန်းတွင် နိုင်ငံခြားတပ်ဖွဲ့ဝင်များ ချထားပါက ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာ စည်းကမ်းချက်များကို အနောက်နိုင်ငံများက သဘောတူညီမှု ရယူလိုမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုတပ်ဖွဲ့သည် “မြေပြင်အခြေအနေများ” ကို ဖန်တီးပေးလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

ဗြိတိန်ဝန်ကြီးချုပ်၏ ကိုယ်စားလှယ် ကီရာ စတာမာကာ က ယူကရိန်း တွင် ငြိမ်းချမ်းရေးတပ်များချထားရန် နိုင်ငံ ၃၀ ကျော်ပါဝင်သည့် "လိုလားသောမဟာမိတ်အဖွဲ့" ဖွဲ့စည်းမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ 

ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က ယခင်နှစ်က အနောက်နိုင်ငံများသည် ယူကရိန်း၏ စစ်စွမ်းဆောင်ရည် ပြန်လည် တည်ဆောက်ရန် စစ်သား ၁ သိန်းခန့် ပါဝင်သော ငြိမ်းချမ်းရေးတပ်ဖွဲ့ကို ချထားမည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။ SVR ၏ အဆိုအရ ထိုအရာသည် ယူကရိန်းကို သိမ်းပိုက်မှုတစ်ခုနှင့် အတူတူပင်ဖြစ်မည်ဟု ယူဆထားပါသည်။

ကိုးကား - RIA Novosti