ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံအတွင်းရှိ ဆာ့ဘ်သမ္မတနိုင်ငံ၏ အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် အား ကရင်မလင်နန်းတော်တွင် လက်ခံတွေ့ဆုံ

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံအတွင်းရှိ ဆာ့ဘ်သမ္မတနိုင်ငံ၏ အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် အား ကရင်မလင်နန်းတော်တွင် လက်ခံတွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံအတွင်းရှိဆာ့ဘ်သမ္မတနိုင်ငံ၏အကြီးအကဲ မီလိုရက်ဒ် ဒိုဒစ် (Milorad Dodik) အား ကရင်မလင် နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ရုရှားသမ္မတ ဗလာ ဒီမာပူတင်သည် ဒိုဒစ်ကို ဆီးနိတ်နန်းတော်ရှိ ၎င်း၏ကိုယ်စားပြုခန်းမတွင် တွေ့ဆုံခဲ့ပြီး ရုရှားသမ္မတနှင့် ဆာ့ဘ် သမ္မတနိုင်ငံ၏အကြီးအကဲတို့သည် ခိုင်မာသောလက်ဆွဲနှုတ်ဆက်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ “မော်စကိုတွင် ခင်ဗျားကိုတွေ့ရ၍ ဝမ်းသာပါသည်” ဟု ရုရှားသမ္မတက စကားစမြည်ပြောဆိုမှုအစတွင် ပြောကြားခဲ့ပါသည်။ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်သည် ဆာရာယေဗိုမြို့မှ အင်တာပိုလ်ရုံးက ၎င်းအားထုတ်ပြန်ထားသော အပြည်ပြည် ဆိုင်ရာ ဖမ်းဝရမ်းကို မထောက်ထားဘဲ မော်စကိုသို့ရောက်ရှိလာခြင်းဖြစ်သည်။ ဒိုဒစ်က ကရင်မလင်နံရံများအနီးမှ ဗီဒီယိုတစ်ခုတင်ကာ ရုရှားမြို့တော်သို့ လာရောက်သည့် အကြိမ်တိုင်းတွင် နာဇီတို့လက်မှ ဥရောပကို ကာကွယ်ပေးခဲ့သော ဆိုဗီယက်စစ်သားများအား ဂုဏ်ပြုသည့် “အညတရစစ်သည်ဗိမာန်” သို့ အမှတ်တရသွားရောက်လေ့ရှိကြောင်း ရေးသားခဲ့ပါသည်။ မေလ ၉ ရက်တွင် အောင်ပွဲနှစ် ၈၀ မြောက် အထိမ်းအမှတ် အခမ်းအနားအတွက် မော်စကိုသို့ ထပ်မံ လာရောက်မည်ဟု၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား-TASS