ဒေါ်နယ်ထရမ့်နှင့် အီလွန်မက်ကို သန်းချီပြည်သူများ ဆန္ဒပြ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အီလွန်မက်တို့၏ အစိုးရဆိုင်ရာ မူဝါဒများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် သန်းချီသော ပြည်သူများက ဧပြီလ ၅ ရက်(စနေနေ့)တွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြပါသည်။
ဖက်ဒရယ်အစိုးရဌာနများမှ ဝန်ထမ်းများအား ထုတ်ပစ်ခြင်း၊ လူမှုရေး အာမခံဌာနများ ပိတ်သိမ်းခြင်း၊ ပညာရေးဝန်ထမ်းများ အလုပ်အကိုင် ဖြတ်တောက်ခြင်း၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ရန်ပုံငွေများဖြတ်တောက်ခြင်းစသည့် သမ္မတထရမ့်၏ အမိန့်ညွှန်ကြားချက် အပေါ် ဆန့်ကျင်သောအားဖြင့် အမေရိကန် ပြည်နယ် ၅၀ လုံးရှိ အစိုးရ ဆိုင်ရာအဆောက်အအုံများ၊ ပန်းခြံများ၊ မြို့တော်ခန်းမများတွင် “Hands Off !!” အမည်ရှိ ဆန္ဒပြပွဲပေါင်း ၁၄၀၀ ကျော် တစ်ပြိုင်တည်း ပြုလုပ် ကြပါသည်။
ထရမ့်အစိုးရ၏ သက်တမ်းစတင်ချိန်မှ ပြည်တွင်း၊ နိုင်ငံတကာဆိုင်ရာ ပြုပြင်ပြောင်းလဲလိုက်သည့်အမိန့်များအပေါ် ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်အပြင် အခြား ဥရောပရှိ ဘာလင်၊ ဖရန့်ဖတ်၊ ပါရီနှင့် လန်ဒန် ကဲ့သို့ ကမ္ဘာ့မြို့ကြီးများတွင်လည်း တစ်ချိန်တည်း ဆန္ဒပြပွဲများ ပြုလုပ် ခဲ့ကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃