ထိုင်းတရားရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။ သက်ဆင်ကို မလေးရှားနိုင်ငံသို့သွားရောက်ခွင့် ပေး၊ မပေး ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကြားနာပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းတရားရုံးက သက်ဆင်ကို မလေးရှားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ထိုင်းဘတ် (၅) သန်း အာမခံပေးရမည်ဟု ဆုံးဖြတ် ခဲ့ကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးအဖြစ် နှစ်ပေါင်းများစွာကြာ ပြည်ပတွင်နေထိုင်ခဲ့ပြီး ၎င်းတည်ထောင်ခဲ့သော ဖြူထိုင်း ပါတီအာဏာရချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာကာ ကျခံရမည့်ပြစ်ဒဏ်များကို လက်ခံခဲ့ကြောင်း သိရသည်။
တရားရုံးဆုံး၏ဆုံးဖြတ်ချက်သည် သက်ဆင်နှင့်ပတ်သက်၍ ထိုင်းဘုရင့်နန်းတော်၏ဆုံးဖြတ်ချက်ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်းပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်ကလည်း တရားရုံးတွင် မလေးရှားနိုင်ငံသို့သွားရောက်မည့် သက်ဆင်၏ခရီးစဉ်ကို ထောက်ခံပေးခဲ့ကြောင်းသိရသည်။ ထိုင်းဘုရင့်နန်းတော်သည် သက်ဆင်ကို လွန်ခဲ့သောနှစ် ဇွန်လက သက်ညှာခွင့်ပေးထားပြီး သက်ညှာခွင့်အမိန့်တွင် တရားရုံးခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့သွားရောက်ခွင့် ပေးမည်မဟုတ်ဟု ပါရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော မလေးရှားနိုင်ငံဝန်ကြီးချုပ် အီဘရာ ဟင်သည် သက်ဆင်ကို ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်းမကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သက်ဆင် ၏ ခရီးစဉ်အတွင်း မည်သည့်ကိစ္စကို ဆွေးနွေးမည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရာ မြန်မာအရေးကို အဓိကထားဖြေရှင်း ရဖွယ်ရှိနေကာ အတွေ့အကြုံရင့်ကျက်သော ထိုင်းဝန်ကြီးချုပ်ဟောင်းကို အကြံပေးအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် သက်ဆင်တို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အတွင်း မြန်မာအရေးကိုထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ကိုးကား-NP News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရပ်ဆဲလ်မြို့ (ဥရောပသမဂ္ဂဌာနချုပ်)သည် ဝါရှင်တန်အား “ဆိုးရွားစွာ ဆက်ဆံ” သည်ဟု စွပ်စွဲပြောကြားခဲ့ပြီး၊ ဥရောပသမဂ္ဂ ထုတ်ကုန်များအပေါ် သွင်းကုန်အခွန်များ စတင် တင်းကြပ် အသုံးပြုရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ကြေညာခဲ့ပါသည်။
ကိုးကား - RIA Novosti

အီးယူအနေဖြင့် စွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ဟန်ဂေရီနိုင်ငံက ၆ လအတွင်း ရုရှားနိုင်ငံအပေါ် အီးယူ၏ပိတ်ဆို့မှုသက်တမ်းတိုးခြင်းအား ဗီတိုအာဏာဖြင့် ကန့်ကွက်မည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဇန်နဝါရီလ ၃၁ ရက်တွင်ပြောသည်။

ဥရောပကော်မရှင်က မိမိတို့သဘောတူထားသည့်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဖယ်ရှားရမည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် မိမိတို့အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရနိုင်ရေး ဆွေးနွေးရမည်ဖြစ်ကြောင်း အော်ဘန်က ဟန်ဂေရီအသံလွှင့်ဌာနတစ်ခုဖြစ်သည့် Kossut နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ဟန်ဂေရီပြည်သူများသည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုကြောင့် ထိခိုက်မှုများကို ဆက်လက် ခံစားနေရပြီး ယူကရိန်းနိုင်ငံ၏ ရိုင်းပျပြီးလေးစားမှု မရှိသော အပြုအမူများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ၎င်းကဆက်ပြောခဲ့ကြောင်း Izvestia တွင်ဖော်ပြထားသည်။
ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများသက်တမ်းတိုးခြင်းကို ဟန်ဂေရီက ကန့်ကွက်ခြင်းမရှိစေရန်အတွက် ရုရှားမှဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံမှတစ်ဆင့်ဖြတ်သန်း၍ ဟန်ဂေရီနိုင်ငံသို့ ပေးပို့နိုင်ရန်အတွက် ယူကရိန်းအစိုးရနှင့် စေ့စပ်ဆွေးနွေးပေးမည်ဟု ဥရောပကော်မရှင်က ကတိပြုထားကြောင်း သိရသည်။
ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် ဟန်ဂေရီနိုင်ငံက တစ်နှစ်လျှင် ယူရို ၆ ဒသမ ၅ ဘီလီယံဆုံးရှုံးနေရသောကြောင့် အဆိုပါပိတ်ဆို့မှုအားဖယ်ရှားရန် ဆန္ဒရှိနေကြောင်း အော်ဘန်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံက ဒွန်ဘတ်ဒေသရှိ ပြည်သူများအား ကာကွယ်ရန်အတွက် ယူကရိန်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အထူးစစ်ဆင်ရေးစတင်ဆင်နွှဲပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။
Ref: Sputnik, Izvestia
Source: Myawady Web Portal

အမေရိကန် သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်၏ ရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီးနောက် ဂျော့ဆိုးရော့စ်၏သား ဖြစ်သူက ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်နှင့် ဒါကာမြို့၌ လာရောက်တွေ့ဆုံကြောင်း၊ ၎င်းတို့ နှစ်ဦး၏ တွေ့ဆုံမှုသည် သုံးလအတွင်း ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ဖယ်ရှားခံရသည့် ရှိတ်ဟာစီနာ အစိုးရ နေရာတွင် နိုဘယ်ဆုရှင်က ကြားဖြတ်အစိုးရ အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ်အကြာ အောက်တိုဘာလအတွင်းက နယူးယောက်မြို့တွင်လည်း တွေ့ဆုံခဲ့ကြဖူးသည်ဟု နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”တွင် ဇန်နဝါရီလ ၃ဝ ရက်က ရေးသားဖော်ပြခဲ့ပါသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ ဒါကာမြို့၌ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအပေါ် ထောက်ခံကြောင်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အလက်ဇန္ဒြားဆိုးရော့စ်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (OSF) ဥက္ကဋ္ဌ “ဘိုင်နာဂျီ-နောင်ရိုဂျီး” တို့က ပြောဆိုခဲ့သည်ဟု X လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုများ၊ ဆုံးရှုံးဘဏ္ဍာများကို ပြန်လည်ရရှိရေး ဆောင်ရွက်ရန်၊ သတင်းမှားများတိုက်ဖျက်ရန်နှင့် အခြားအရေးကြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အကြောင်းကို ဆွေးနွေးကြသည်ဟု ဆိုပါသည်။
ဘင်္ဂလားဒေ့ရှ် မီဒီယာ၏အဆိုအရ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပိုင်ဆိုင်မှုများပြန်လည်ရရှိရေး၊ ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်များနှင့် ရိုဟင်ဂျာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးကိစ္စတို့သည် ဆွေးနွေးမှုအစီအစဉ်တွင် အဓိက အကြောင်းအရာများဖြစ်ကြောင်း သိရှိရပါသည်။

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာသည်ဟု Bloomberg သတင်းဌာနကရေးသားဖော်ပြထားပါသည်။
“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဇီလန်စကီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် စလိုဗက်ကီးယား၊ သြစတြီးယား၊ ခရိုအေးရှားနှင့် ဟန်ဂေရီစသည့် နိုင်ငံများရှိ အမျိုးသားရေးဝါဒီများက ယူကရိန်းအား ထောက်ခံမှုကိုမေးခွန်းထုတ်လာကြသည်” ဟု Bloomberg သတင်းဌာနက ရေးသားထားပါသည်။

ဥရောပခေါင်းဆောင်များသည် ယူကရိန်း ပဋိပက္ခတွင် ရုရှား၏ သဘောထားကို စဉ်ဆက်မပြတ်ထောက်ခံလာကြပြီး သို့မဟုတ် သို့မဟုတ် ယူကရိန်းအား အပြည့်အဝထောက်ခံမှုကို ကန့်ကွက်လာကြသည်ဟု အမေရိကန် သတင်းအေဂျင်စီက ထပ်လောင်းပြောကြားခဲ့ပါသည်။
ကိုးကား - Bloomberg

ဇန်နဝါရီ ၂၀ တွင် လက်မှတ်ရေးထိုးလိုက်သည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်ရေးအမိန့်အရ အမေရိကန်ရှိ Google အသုံးပြုသူများအတွက် Google Map ပေါ်တွင် မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) အမည်ကို အမေရိကပင်လယ်ကွေ့ (Gulf of America) အမည်သို့ ပြင်ဆင်ပြောင်းလဲတော့မည်ဖြစ်ကြောင်း Google က ဇန်နဝါရီ ၂၇ ရက်(တနင်္လာနေ့)တွင် ကြေညာလိုက်ပါသည်။

ထို့ပြင် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ထွတ် ဖြစ်သည့် Mount Denali ကို Mount McKinley အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုပြောင်းလဲမှုများကိုအမေရိကန်အစိုးရက တရားဝင် ညွှန်ကြားလာပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။
ကိုးကား -ALJAZEERA

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို အခွန်နှုန်းထားတိုးမြှင့်ကောက်ခံမည်ဟု ပြောကြားလိုက်ခြင်းအပေါ် ဘရာဇီး သို့ တင်သွင်းလာသည့် အမေရိကန် ကုန်ပစ္စည်းများကို လည်း ပြန်လည်တုံ့ပြန်တိုးမြှင့်ကောက်ခံသွားမည်ဟုဘရာဇီးသမ္မတ လူးအစ် အင်နာစီယိုလူလာဒါ ဆေးလ်ဗာက ဇန်နဝါရီ ၃၀ ရက်(ကြာသပတေးနေ့)တွင် ပြောကြား လိုက်သည်။

မိမိအနေဖြင့် အမေရိကန်ကို လေးစားသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဘရာဇီးနိုင်ငံအပေါ် လေးလေးစားစား ဆက်ဆံစေလိုကြောင်း သမ္မတ လူးအစ် က မှတ်ချက်ပြုထားသည်။ ထိုမှတ်ချက်က ထရမ့်နှင့် အမေရိကန် မဟာမိတ်နိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်နိုင်ခြေ အလားအလာကို ပြသနေပါသည်။
ထို့ပြင် အခြားသော လက်တင်အမေရိကနိုင်ငံများကလည်း ထရမ့်၏ အကောက်ခွန်နှုန်းထား အဆမတန်တိုးမြှင့်ကောက်ခံပြီး အမေရိကန်ပြည်တွင်းစီးပွားရေးကို ဖော်ဆောင်မည့်မူဝါဒအပေါ် အလားတူတုံ့ပြန်လာနိုင် ကြောင်း ပြသနေပါသည်။
ထရမ့်သည် ဇန်နဝါရီ ၃၀ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံးကုန်သွယ်ဖက်နှစ်နိုင်ငံဖြစ်သည့် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများ၏ ကုန်စည်များအပေါ်အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ကနေဒါ နှင့် မက္ကဆီကို နိုင်ငံတို့မှ ကုန်ပစ္စည်းများနှင့်အတူ ဝင်ရောက်လာသော မူးယစ်ဆေးဝါးများနှင့် ခိုလှုံသူများကို မလိုလားသောကြောင့် ထရမ့်က ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ဒေါ်နယ်ထရမ့်က ဘရာဇီးနှင့်အာဂျင်တီးနားသည် ငွေကြေးတန်ဖိုး ဈေးကစားခြင်း (Currency Manipulation) ပြုလုပ်နေပြီး ဒေါ်လာနှင့် ပြိုင်ဆိုင်မှုရှိစေရန် ဘရာဇီး ငွေကြေး ရီရယ်နှင့် အာဂျင်တီးနားငွေကြေး ပီဆိုကို မတည်ငြိမ်သည့်မူဝါဒများ အသုံးပြုနေသဖြင့် အမေရိကန်၏ လယ်ယာထုတ်ကုန်များ ထိခိုက်လျက်ရှိသည်ဟု စွပ်စွဲထားပါသည်။
ထရမ့်၏ “အမေရိကန်သည်သာ ပထမ” ဟူသော မူဝါဒကြောင့် မည်ကဲ့သို့ ဆက်ဖြစ်လာမည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကိုးကား-ALJAZEERA

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံအကြား အခွန် နှစ်ထပ်ကောက်ခံမှုရှောင်ရှားရေး သဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ဆိုင်းငံ့မည်ဖြစ်ကြောင်း ဆွီဒင်အစိုးရက ကြေညာလိုက်ပါသည်။
ထိုသို့သဘောတူညီချက်ဆိုင်းငံ့ခြင်းကြောင့် ရုရှားကုမ္ပဏီများအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆောင်ရွက်ရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် လည်းကောင်း အခက်အခဲပိုမိုကြုံတွေ့လာနိုင်မည်ဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်အား ဆိုင်းငံ့ရန် အစိုးရ၏ အဆိုတင်သွင်းခြင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဆွီဒင်ပါလီမန်၌ သဘောတူညီခဲ့ကြပါသည်။ ရုရှားနိုင်ငံ သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဆွီဒင်အပါအဝင် မိမိနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော နိုင်ငံပေါင်း ၃၈ နိုင်ငံနှင့်ချုပ်ဆိုထားသည့် အခွန်ဆိုင်ရာသဘောတူ စာချုပ်များပါအချက်များကို ဆိုင်းငံ့ခဲ့ပါသည်။
ယခုလိုစာချုပ်ဆိုင်းငံ့ခြင်းသည် အခွန်နှစ်ထပ်ကောက်ခံမှုရှောင်ရှားရေး သဘောတူစာချုပ်အား ရပ်စဲခြင်းမဟုတ်ဘဲ နောင်တချိန်တွင် စာချုပ်ပြန်လည် အသက်ဝင်လာမည် ဖြစ်ကြောင်း ဆွီဒင်အစိုးရက ရှင်းပြထားပါသည်။
ကိုးကား-TASS
Photo: IPleaders

၂၀၂၂ ယူကရိန်း- ရုရှား ပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)က ဈေးနှုန်းသက်သာသည့် ရုရှား ရေနံနှင့်ဂတ်စ်တင်သွင်းမှုကို အရှိန်မြှင့်ပြီး လျှော့ချရန်အတွက် ကြိုးပမ်းခဲ့ကြပြီး ယခုအခါတွင် အီးယူနိုင်ငံ အချင်းချင်းကြား၌ သဘောထားကွဲလွဲမှုများ စတင် ဖြစ်ပေါ်လာလျက်ရှိသည်။

ယူကရိန်း ပဋိပက္ခဖြေရှင်းရေးကို အာရုံစိုက်လာကြပြီး သဘောတူညီမှုတစ်ခုပြုလုပ်နိုင်ပါက သဘောတူညီမှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရုရှားရေနံနှင့် ဂတ်စ် တင်သွင်းမှု ပြန်လည်စတင်နိုင်ရန်အတွက် ဆွေးနွေးမှုများကို အီးယူတာဝန်ရှိသူများ လုပ်ဆောင်နေကြောင်း စီးပွားရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ ပါသည်။
ဂျာမနီနှင့် ဟန်ဂေရီတို့မှ တာဝန်ရှိသူများက ရုရှားမှ သွင်းကုန်များ ပြန်လည်စတင်ခြင်းသည် အီးယူ၏ စွမ်းအင်ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချနိုင်ပြီး စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်အတွက် မော်စကိုအစိုးရကို တိုက်တွန်းပေးနိုင်သည်ဟု ပြောဆိုလျက်ရှိနေပါသည်။ ၎င်းတို့က အပစ်ရပ်ရေးအတွက် ရုရှား-ယူကရိန်း ၂ နိုင်ငံစလုံးကို လှုံ့ဆော်ပေးနိုင်မည်ဟု ယုံကြည်နေကြသည်။
မော်စကို၏ ပို့ကုန်ဝင်ငွေများတိုးမြင့်လာခြင်းနှင့် ရုရှား စွမ်းအင်အပေါ် အီးယူအဖွဲ့ မှီခိုအားထားမှုအား လျှော့ချနိုင်ရေး ကြိုးပမ်းခဲ့မှုကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း ပြောဆိုလျက်ရှိကြသည်။
မော်စကိုအစိုးရဘက်မှလည်း အဆိုပါအစီအစဉ်၏ ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ EU သည် မကြာမီ ကာလအတွင်း ရုရှားဓာတ်ငွေ့ဝယ်ယူမှုများကို ပြန်လည် စတင်နိုင်မည့်အခြေအနေမရှိကြောင်း ဒူမားလွှတ်တော် စွမ်းအင်ကော်မတီ ပထမဥက္ကဋ္ဌ အိုင်ဂေါအာနန်စကစ်က ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။
အီးယူမှ ယူကရိန်းနှင့်ပတ်သက်၍ ရုရှားစွမ်းအင်တင်ပို့မှုများအား ပိတ်ဆို့အရေးယူမှုများဆောင်ရွက်ခဲ့ခြင်း၊ Nord Stream ပိုက်လိုင်းကို ၂၀၂၂ ခုနှစ်က ဖျက်ဆီးမှုများလုပ်ခဲ့ခြင်းများကြောင့် ရုရှားက အီးယူနိုင်ငံများသို့ တင်ပို့နေသည့် စွမ်းအင်ပမာဏကိုလျှော့ချခဲ့သည်။ အီးယူနိုင်ငံများသုံးစွဲနေသော စွမ်းအင်ပမာဏ ၄၀% ကျော်သည် ရုရှားထံမှဖြစ်သည်။ မော်စကိုနှင့် သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ယူကရိန်းက ၎င်း၏ပိုင်နက်အတွင်း ရုရှားဓာတ်ငွေ့များ စီးဆင်းမှုကို ဇန်နဝါရီ ၁ ရက်က ရပ်တန့်စေခဲ့သည်။ အီးယူသည် အမေရိကန်နှင့် နော်ဝေးကဲ့သို့သော နိုင်ငံများမှ ပိုမိုဈေးကြီးသော သဘာဝဓာတ်ငွေ့အရည် (LNG) တင်သွင်းမှုများကြောင့် စွမ်းအင်ကဏ္ဍအတွက် ကုန်ကျစရိတ်များ ပိုမိုခဲ့ရသည်။ အမေရိကန်သမ္မတ ထရမ့်ကလည်း အမေရိကန်ထုတ် LNG ကို ပိုမိုဝယ်ယူရန် အီးယူနိုင်ငံများကို ယခင်ကတိုက်တွန်းခဲ့ပြီး လိုက်နာခြင်းမရှိပါက အခွန်ကောက်ခံမှုတိုးမြှင့်မည်ဟု ခြိမ်းခြောက်ထားပါသည်။ မြင့်မားသော စွမ်းအင်ဈေးနှုန်းများက အီးယူစီးပွားရေးကို သိသိသာသာထိခိုက်လာစေပြီး တရားဝင်အချက်အလက်များအရ အီးယူ၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ဂျာမနီ၏ စီးပွားရေးသည် ၂၀၂၃ နှင့်၂၀၂၄ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ကျဆင်းသွားကြောင်း သိရပါသည်။
ကိုးကား-RT

ဇန်နဝါရီလ ၃၁ ရက် (သောကြာနေ့)တွင် ဒုသမ္မတ ဆာရာ ဒူတာတေးကို စွပ်စွဲပြစ်တင်ရန် ဖိလစ်ပိုင် အောက်လွှတ်တော်ကို တောင်းဆိုသည့် ထောင်နှင့် ချီသော ဆန္ဒပြသူများက မနီလာမြို့ရှိ လမ်းမများပေါ် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဒုသမ္မတ ဆာရာဒူတာတေးသည် အကျင့်ပျက်ခြစားမှုနှင့် အစိုးရရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားလုပ်မှုတို့ကြောင့် စွပ်စွဲပြစ်တင်မှု ၃ ခုတို့နှင့် ရင်ဆိုင်နေရသည်။ ကွန်ဂရက်လွှတ်တော်က ဒုသမ္မတအပေါ် စွပ်စွဲပြစ်တင်မှုလုပ်ဆောင်ခြင်းကို လာမည့်အပတ်သို့ ရွှေ့ဆိုင်းမည့်အစား မေလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
အသက် ၄၆ နှစ်အရွယ် ဒုသမ္မတသည် သမ္မတ ဖာဒီနန် မားကို့စ်နှင့် ဆက်ဆံရေးတင်းမာလျက်ရှိသော်လည်း သမ္မတအနေဖြင့် ၎င်း၏ တာဝန်များကို ဆက်လက်မထမ်းဆောင်နိုင်ပါက ဒုသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်ခံဆောင်ရွက်သူဖြစ်ပြီး သူမအပေါ် စွပ်စွဲပြစ်တင်မှုများကို ငြင်းဆိုထားသည်။
မားကို့စ်ကိုယ်တိုင်ကလည်း လွှတ်တော်အတွင်း ဒူတာတေးအပေါ် စွပ်စွဲပြစ်တင်မှုကို ဆက်လက်မပြုလုပ်ရန်နှင့် ထိုသို့ပြုလုပ်ခြင်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်များကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း ဆန္ဒပြပွဲတွင် လူပေါင်း ၄,၀၀၀ ခန့် ပါဝင်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲ ၇,၄၀၀ ကို ဖြန့်ကြက်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-CNA