တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကရင်မလင် နန်းတော်တွင် တွေ့ဆုံ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကရင်မလင်နန်းတော်တွင်တွေ့ဆုံစဉ် “ရုရှား နှင့် တရုတ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုသည် တတိယနိုင်ငံများကို မည်သည့်အခါမှ ဦးတည်ခြင်းမရှိဘဲ၊ ပြင်ပမှ နှောင့်ယှက်မှုများကို လက်မခံကြောင်း” ပြောကြားခဲ့ပါသည်။ မော်စကိုနှင့်ပေကျင်းတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ကာလတိုအတိုင်းအတာမဟုတ်ဘဲ ရေရှည်တည်မြဲသည့်သဘောရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အလေးထားပြောကြားခဲ့သည်။ ဝမ်ယိ၏ အဆိုအရရုရှားနှင့်တရုတ်နိုင်ငံတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျယ်ပြန့်သောမျှော်မှန်းချက်များရှိသည်ဟုဆိုသည်။ “နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်တွင် တစ်နေရာတည်း၌ ရပ်တန့်နေမည်မဟုတ်ဘဲ မိမိတို့ရှေ့တွင် အလွန်ကျယ်ပြန့်သော မျှော်မှန်းချက်များရှိသည်” ဟု ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ဝမ်ယိသည် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ တရားဝင်ခရီးစဉ်အဖြစ် မော်စကိုတွင်ရှိနေခဲ့ပါသည်။ ထိုမတိုင်မီက ၎င်းသည် ၎င်း၏ရုရှားလုပ်ဖော်ကိုင်ဖက် ဆာဂေး လာဗရော့ဗ်နှင့် တွေ့ဆုံခဲ့ပြီး ထိုစဉ်အတွင်း နှစ်ဖက်စလုံးသည် ၂၀၂၅ ခုနှစ်အတွက် သံတမန်ရေးရာဌာနများ၏ အကြံဉာဏ်ပေးမှုဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ကိုးကား-TASS