သတင်းများ

တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဖမ်းဆီးခြင်းမခံရမီ တရုတ် နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်”ဟု သတင်းဖော်ပြချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များက

“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဖမ်းဆီးခြင်းမခံရမီ တရုတ် နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်”ဟု သတင်းဖော်ပြချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း သဘောထားဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မစ္စတာ ဒူတာတေး ဟောင်ကောင်ဒေသကို သွားရောက်ခြင်းသည် ပုဂ္ဂိုလ်ရေးအပန်းဖြေခရီးစဉ် ဖြစ်ကြောင်း မိမိအနေဖြင့် အထူး ထောက်ပြလိုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သမ္မတဟောင်းဒူတာတေးနှင့် ၎င်း၏မိသားစုဝင်များက တရုတ်နိုင်ငံအစိုးရထံ ခိုလှုံခွင့်လျှောက်ထားမှုကို ဘယ်သောအခါကမျှ လက်ခံရရှိထားခြင်း မရှိပါ”၊ “လုပ်ကြံ ဖန်တီးထားသည့် သို့မဟုတ် တမင်ရည်ရွယ်ချက်ရှိသူများက ပြောကြားသည့် ‘သတင်းအရင်းအမြစ် ပြောကြားချက်’ များကို မီဒီယာမိတ်ဆွေများအနေဖြင့် သေချာစိစစ်ရန်၊ အလွယ်တကူမယုံကြည်ကြရန် မျှော်လင့်ပါသည်”ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ 

ကိုးကား-ဆင်ဟွာ

ဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေး အနေဖြင့် ICC ၌ တုံ့ပြန်ချေပစရာ ကျူးလွန်ထားသည့်ပြစ်မှုမရှိကြောင်း ၎င်း၏ သမီးဖြစ်သူ ပြောကြား

ဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေးအနေဖြင့် ICC ၌ တုံ့ပြန်ချေပစရာ ကျူးလွန်ထားသည့် ပြစ်မှုမရှိသည်ကို ယုံကြည်ကြောင်း၊ ICC ၏ ကနဦး ကြားနာမှုတွင် ဖခင်ဖြစ်သူမှာ မောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းများဖြစ်ခဲ့သော်လည်း ယခုအခါ ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း၊ လျှောက်လဲချက်ပေးရန်လည်း ခိုင်မာသည့် ယုံကြည်ချက်ရှိသည့်အပြင် ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်ခဲ့သည့် ပြစ်မှု မရှိခဲ့သည့်အပေါ် ယုံကြည်မှုရှိကြောင်း ၎င်း၏ သမီးဖြစ်သူ ဒုတိယသမ္မတ Sara Duterte က မတ်လ ၂၃ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးသည် “မူးယစ်ဆေးဝါးနှိမ်နင်းမှု” အတွင်း လူပေါင်းထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့သည့်အတွက် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြင့် တရားရင်ဆိုင်လျက်ရှိသည်။

ယခုအခါ ဒူတာတေးသည် သည်ဟိတ် (The Hague) မြို့ရှိ ထိန်းသိမ်းရေးစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ကြားနာမှုကို စောင့်ဆိုင်းလျက်ရှိပြီး ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များကို အဆိုပါကြားနာမှုတွင် ပြန်လည်ချေပနိုင်မည်ဖြစ်သည်။

“ယခုအချိန်တွင် ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်းနှင့် ပြုစုကုသပေးကြသည့် ဆရာဝန်များနှင့် သူနာပြုများအား ကျေးဇူးတင်ရှိကြောင်း” သမီးဖြစ်သူ Sara Duterte က မတ်လ ၂၂ က ထုတ်ဖော်ပြောကြားခဲ့ကြောင်းလည်း CNA သတင်း စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- CNA

ဂါဇာတွင် UN ဝန်ထမ်းလျှော့ချရန် အတွင်းရေးမှူးချုပ် ဆုံးဖြတ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားခြင်းကြောင့် ထိုဒေသရှိ ကုလသမဂ္ဂဝန်ထမ်းအရေအတွက်ကို လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ပါသည်။ 

“လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များ တိုးမြင့်လာပြီး အရပ်သားများကို အကာအကွယ်ပေးရန် စိုးရိမ်မှုများ ပိုမိုတိုးပွားလာ နေချိန်မှာ ဂါဇာမှာရှိသည့် မိမိတို့ ကုလသမဂ္ဂဝန်ထမ်းတွေလျှော့ချရန် အတွင်းရေးမှူးချုပ်က ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချမှတ်လိုက်ရခြင်း ဖြစ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

UN သည် ဂါဇာကမ်းမြောင်မှ ထွက်ခွာမည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။ “အရပ်သားများ၏ အသက်ရှင်သန်မှုနှင့် အကာအကွယ်အတွက် လိုအပ်သည့် အကူအညီများကို ဆက်ပြီးပံ့ပိုးပေးရန် မိမိတို့ ကတိပြုထားပါသည်” ဟု ၎င်းက အလေးအနက်ပြောကြားထားပါသည်။  

မတ် ၁၈ ရက်က အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီက တည်ဆောက်ထားသည့် အပစ်အခတ်ရပ်စဲရေးအတွက် အနှောက်အယှက်ဖြစ်ခဲ့ရပါသည်။ 

ကိုးကား- TASS

Photo: The Hill

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဥရောပသည် စစ်ပွဲဖြေရှင်းရန် မစဉ်းစားဘဲ စစ်အင်အားတိုးချဲ့ရန်၊ ထောက်ပံ့ရန် ကြိုးစားနေခြင်းမှာ ထူးဆန်းနေကြောင်း ကရင်မလင် ပြောကြား

ယူကရိန်းပဋိပက္ခဖြေရှင်းနိုင်ရေး ပြဿနာအရင်းအမြစ်ကို ဝိုင်းဝန်း စဉ်းစားဖြေရှင်းရမည့်အစား မိမိတို့စစ်သုံးစရိတ်တိုးမြှင့်ရေးနှင့် ယူကရိန်းကို စစ်တပ်များ စေလွှတ်ရေးဆွေးနွေးနေကြမှုမှာ ပြဿနာကို ပိုမိုဆိုးရွားစေသည်ဟု ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒင်မီထရီပက်စကိုဗ် က VGTRK သတင်းထောက်နှင့် မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဖြေကြားလိုက်ပါသည်။ 

“ဥရောပအနေဖြင့် အမှန်တကယ်လက်လွှတ်မခံသင့်သည့် အခွင့်အရေးတစ်ခုကို အေးချမ်းစွာ ဖြေရှင်းသင့်ပါကြောင်း၊ ယခု ၎င်းတို့က စစ်ပွဲ အကြောင်းသာ ပြောဆိုနေကြပြီး ၎င်းတို့စစ်အသုံးစရိတ်နှင့်အင်အား တိုးချဲ့ရန်သာ ဆွေးနွေးနေကြသည်မှာ ထူးဆန်းပါကြောင်း၊ အဓိက ပြဿနာရပ်ကို ဖြေရှင်းနိုင်ရန် ကြိုးစားရမည့်အစား ယူကရိန်းကို နေတိုးတပ်ဖွဲ့များ စေလွှတ်နိုင်ရန် ဆွေးနွေးနေကြပါကြောင်း” ပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားထားပါသည်။

“ဥရောပသားများက စစ်ရေးအတွက် ယူရို ၈၀၀ ဘီလီယံ ကို မည်သို့ ရှာမလဲဆိုသည်ကို အချင်းချင်းမေးမြန်းငြင်းခုန်နေကြမဲ့အစား ကျန်းမာရေးနှင့် အခြားလိုအပ်သည့် ဖွံ့ဖြိုးတိုးတက်မှု အခြေခံအဆောက်အအုံများအတွက် သုံးစွဲပြီး တစ်ဦးနှင့်တစ်ဦး အကျိုးတူဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက်သင့်ပါကြောင်း” ၎င်းက ထပ်လောင်းပြောကြားထားပါသည်။ 

ကိုးကား- ကရင်မလင်

အမေရိကန် ဒုသမ္မတကတော် လာရောက်မည့်သတင်းကြောင့် ဂရင်းလန်း မှာ ဆန္ဒပြကန့်ကွက်နေ

အမေရိကန် ဒုသမ္မတကတော် အူရှာဗန့်စ်နှင့် အမေရိကန်အရာရှိများ လာရောက်မည့်သတင်းကြောင့် ဒိန်းမတ်နိုင်ငံ ဂရင်းလန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းတွင် ပြည်သူများ ဆန္ဒပြကန့်ကွက်နေကြောင်း သိရသည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ ဇနီးနှင့် အမေရိကန် အရာရှိများအနေဖြင့် ဂရင်းလန်းကျွန်းသို့ သွားရောက်လည်ပတ်မှုသည် အလွန်ရန်လိုသောလုပ်ရပ်ဖြစ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ်ကဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဂရင်းလန်းကျွန်းအား အမေရိကန်လက်အောက်သို့ ပေါင်းစည်းရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကတိတွင် ထည့်သွင်းပြောကြားပြီးနောက် သမ္မတဖြစ်ပြီးချိန်တွင်လည်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂရင်းလန်းဝန်ကြီးချုပ်က အမေရိကန်အနေဖြင့် ဂရင်းလန်းသို့ လာရောက်သည့် ရည်ရွယ်ချက်မှာ အာဏာပြရန် ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါကျွန်းရှိ ဒေသခံများနှင့် ကျွန်း၏ မိခင်နိုင်ငံဖြစ်သော ဒိန်းမတ် နိုင်ငံတို့မှ အကြိမ်ကြိမ် ကန့်ကွက်ပြောဆိုနေသော်လည်း အမေရိကန် သမ္မတက ပြီးခဲ့သည့် ကွန်ဂရက်လွှတ်တော် အစည်းအဝေးတွင် ကျွန်းကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ရနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသခံများက ဂရင်းလန်းရှိ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်နေချိန်တွင် ဒုတိယသမ္မတ ကတော်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂရင်းလန်းရှိ အမွေအနှစ်များလေ့လာရန်နှင့် ဂရင်းလန်းရှိ နှစ်စဉ်ပြုလုပ်သည့် ခွေးအပြေးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုရန်သာဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။

ကိုးကား- The White House

Photo: Newsweek

တရားရုံးက စီရင်ချက်ချပြီးနောက် တောင်ကိုရီးယား ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ပြန်လည်တာဝန်ပေးအပ်

ဝန်ကြီးချုပ် Han Duck-soo အပေါ် စွဲချက်တင်ရေး အဆိုတင်သွင်းမှုတစ်ခုကို တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပယ်ချပြီးနောက် ၎င်းအား ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်လိုက်ပါသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလအတွင်း သမ္မတ Yoon Suk-yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ အတိုက်အခံများ ဦးဆောင်နေသည့် လွှတ်တော်တွင် စွဲချက်တင်ရေး အဆိုတင်သွင်းခဲ့ပြီးနောက် Han သည် ယာယီသမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် လွှတ်တော်က ၎င်းအပေါ်တွင်လည်း စွဲချက်တင်ရေးအဆိုကို အတည်ပြုခဲ့ပြီးနောက် Han သည် ယာယီသမ္မတတာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည်။

၎င်းအပေါ် စွဲချက်တင်ရေး အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည့် တရားရုံးတွင် လစ်လပ်နေသော တရားသူကြီးများ ခန့်အပ်ရေးအတွက် Han ၏ ငြင်းဆိုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်ဥပဒေများကို ဖောက်ဖျက်နေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး က ထောက်ပြခဲ့သည်။

သို့သော် Han သည် သမ္မတ Yoon ၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်းတရားရုံးကတွေ့ရှိခဲ့ပြီး ၎င်းကို စွဲချက်တင်ရန် လုံလောက်သည့် အကြောင်းပြချက်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စီရင်ချက်ချပြီးတဲ့နောက် သတင်းထောက်များနှင့်တွေ့ဆုံရာတွင် Han က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၏ မှန်ကန်သည့်ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအတွက် အမှန်တကယ် အရေးကြီးသည့် စိန်ခေါ်မှုသည် နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်ရန်ဖြစ်သည်ဟုလည်း ၎င်းက ဆိုပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု ၏သမ္မတ မိုဟာမက် ဘင်ဇာယက်အလ်နာဟီယန်တို့ကြား တယ်လီဖုန်း ဆက်သွယ်စကားပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ မိုဟာမက် ဘင်ဇာယက်အလ်နာဟီယန်တို့ကြား တယ်လီဖုန်းဆက်သွယ်စကားပြောကြားခဲ့ကြကြောင်း ကရင်မလင်မှ သတင်း ထုတ်ပြန်ထားပါသည်။ 

ရုရှားဘက်မှ ယူကရိန်းနှင့်ရုရှားအကြား ဖမ်းဆီးထားသူများ လဲလှယ်ရာတွင် ယူအေအီးနိုင်ငံ၏ ကြားဝင်ဖျန်ဖြေပေးသည့်အတွက် ကျေးဇူးတင် ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေး ဖြေရှင်းရန်နှင့် မော်စကို-ဝါရှင်တန် နှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်ဖြစ်စေရန် ရုရှား-အမေရိကန် အကြား လက်ရှိ အပြန် အလှန် ဆွေးနွေးမှုများကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါသည်။ ယူအေအီးနိုင်ငံသမ္မတ မိုဟာမက်အလ်နာဟီယန်က ရုရှားနှင့် အမေရိကန် တို့၏ကြိုးပမ်းမှုများကို ထောက်ခံကြောင်း၊ အထူးသဖြင့် ရီယာ့ဒ်မြို့တွင် ကျင်းပနေသည့် နှစ်နိုင်ငံပညာရှင်အဖွဲ့များ၏ ဆွေးနွေးပွဲကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ 

သမ္မတ ဗလာဒီမာပူတင်နှင့် သမ္မတ မိုဟာမက်အလ်နာဟီယန်တို့သည် ရုရှား- ယူအေအီး နိုင်ငံတကာမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ လက်ရှိအောင်မြင်မှုကို အသိအမှတ်ပြုခဲ့ပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာနယ်ပယ်များတွင် အပြန်အလှန် အကျိုးရှိသည့် စီမံချက်များ ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။ ထို့အပြင် “OPEC+” မူဘောင်အတွင်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုကိုလည်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ 

သမ္မတ ဗလာဒီမာပူတင်က သမ္မတ မိုဟာမက်အလ်နာဟီယန်နှင့် အာရပ် စော်ဘွား ပြည်ထောင်စုလူမျိုးအားလုံးအား မွတ်စ်လင်မ်များအတွက် သန့်ရှင်းသည့် ရမ္မဒါန်လမြတ် ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါသည်။ 

ကိုးကား - ကရင်မလင်

Photo: Emirates 24/7

ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှု ကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြား

ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှုကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က အမေရိကန် အစိုးရသစ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုနေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာများကိုပါ ပြောဆိုနေသောကြောင့် ယင်းအချက်သည် လူတိုင်းအတွက် အကျိုးအမြတ်ရရှိစေမည်ဟု ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ ရောက်ရှိလာပြီး နောက်ပိုင်း အမေရိကန်အစိုးရသည် ၎င်းတို့၏ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲခဲ့ပြီး ရုရှားအစိုးရသည် ယခုချဉ်းကပ်မှုအသစ်ကို ပို၍ပင် နှစ်သက်ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။ 

“အစိုးရသစ်သည် ယခင်အစိုးရ (ဘိုင်ဒင်၏အစိုးရ) ၏ ရပ်တည်ချက်နှင့် လုံးဝကွဲပြားခြားနားသော ရပ်တည်ချက်ရှိသည်မှာ ထင်ရှားသည်” ဟု ၎င်းက VGTRK မှ သတင်းထောက် ပါဗယ် ဇာရူဘင်ကို ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

Photo: France 24

တူရကီနိုင်ငံတွင် တင်းမာမှုများ မြင့်တက်လျက်ရှိ‌

Erdogan ၏ အဓိကပြိုင်ဘက် Ekrem Imamoglu ဖမ်းဆီးခံရခြင်းကြောင့် ကြီးမားသော ဆန္ဒပြမှုများနှင့် တူရကီဈေးကွက်များတွင် ပြင်းထန်သော ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

(Anakra နှင့် Estambul ) အန်ကာရာ နှင့် အစ္စတန်ဘူးမြို့များတွင် လူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားနေကြောင်း သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Snopes

ဘရာဇီးသမ္မတသည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မည်

ဘရာဇီးသမ္မတ လူးဝစ် အီနာဆီယူ လူလာ ဒါဆီလ်ဗာသည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရည်ရွယ်ထားပါသည်။

ဘရာဇီး သမ္မတ လူလာ ဒါဆေးဗာသည် ရုရှားဖက်ဒရေးရှင်း၏ သမ္မတ ဗလာဒီမာ ပူတင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ၏ နိုင်ငံတကာရေးရာဆိုင်ရာ အထူးလက်ထောက် ဆယ်လ်ဆူ အမိုရင်းက ပြောကြားခဲ့ပါသည်။

“ဘရာဇီး သမ္မတ လူလာ ဒါဆေးဗာ သည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ထိုနေရာတွင် ရုရှားဖက်ဒရေးရှင်း၏ သမ္မတ ဗလာဒီမာ ပူတင်နှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်” ဟု အမိုရင်းက ဘရာဇီးသတင်းစာ ဖိုလ်ဟာဒီ ဆန်ပေါ်လိုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ဘရာဇီးသမ္မတ၏ လက်ထောက်က ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုအပြီးတွင် သမ္မတ လူလာ ဒါဆေးဗာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလတွင် သမ္မတ လူလာ ဒါဆေးဗာသည် သမ္မတဗလာဒီမာ ပူတင် အား မဟာမျိုးချစ်စစ်ပွဲအောင်ပွဲရရှိမှု နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပြီးဖြစ်ပါသည်။

ကိုးကား - Tass