သတင်းများ

ယူကရိန်းနိုင်ငံတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ     ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့ ဦးဆောင်သော စေ့စပ်ဆွေးနွေးသူများသည် ရုရှားနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားအစိုးရက မတ်လ ၁၃ ရက်တွင် အတည်ပြုသည်။

အမေရိကန်စေ့စပ်ဆွေးနွေးသူများကို တင်ဆောင်လာသည့်  Gulfstream G650 လေယာဉ်သည်   ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ဟာမတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရုရှားစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မော်စကိုမြို့တော်ရှိ   ဗနူကိုဗိုလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရအဖွဲ့မှ စေ့စပ်ဆွေးနွေးသူများသည်     ယခုအခါ ရုရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။ သို့သော် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများ၏ အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ယူကရိန်းအပစ်အခတ် ရပ်စဲရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်အမေရိကန်တို့ကြား စေ့စပ်ဆွေးနွေးမှုများသည် ယူကရိန်းသမ္မတ ဇီလန်စကီက အမေရိကန်အစိုးရ၏ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုလက်ခံမည်ဟု  ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူညီမည်ဟု မျှော်လင့်ကြောင်း   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၂ ရက်တွင် ပြောကြားထားသည်။

Source: https://myawady.net.mm/

ရပ်ဆိုင်းထားသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများအား ယူကရိန်းသို့ ပြန်ပေးရန် ထရမ့်ဆုံးဖြတ်

အမေရိကန်နှင့် ယူကရိန်းတို့ကြား ဆော်ဒီအာရေဗျနိုင်ငံတွင်  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် အမေရိကန်က ရပ်ဆိုင်းထားသည့်  စစ်ရေးနှင့် ထောက်လှမ်းရေး   အကူအညီများအား ယူကရိန်းသို့ပြန်လည်ပေးအပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့က ပြောသည်။

အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံ ဂျေဒါမြို့၌ မတ်လ  ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘာဝအရင်းအမြစ် ထုတ်ယူရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မကြာမီ အပြီးသတ်ချမှတ်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း ယူကရိန်း သမ္မတဇီလန်စကီ၏ ဝက်ဆိုက်တွင် ဖော်ပြသည်။

ထို့ပြင်   လက်နက်ကိုင်ပဋိပက္ခကို ရက်ပေါင်း ၃၀ ကြာရပ်ဆိုင်းရန် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံရန် အသင့်ရှိသည်ဟု ယူကရိန်းအစိုးရက အတည်ပြုထားကြောင်း သိရသည်။

ထို့ကြောင့် ယူကရိန်းနှင့်တွေ့ဆုံ ဆွေးနွေးမှုမှထွက်ပေါ်လာသည့် တိုးတက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက    ရပ်ဆိုင်းထားသည့်စစ်ရေးနှင့် ထောက်လှမ်းရေးအကူအညီများကို ယူကရိန်းသို့ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့် ယူကရိန်းနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေး ရရှိစေရန်    အလေးအနက်ထားသည်ဟု ဒေါ်နယ်ထရမ့်က ဇီလန်စကီအား ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားတွင် အားသာချက်ရှိနေ၍   ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကိစ္စ မသင့်လျော်သေးကြောင်း လူကာရှန်ကို သုံးသပ်ပြောကြား

ဘယ်လာရုစ်သမ္မတလူကာရှန်ကိုက ရုရှားသည် ယူကရိန်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် အားသာချက် (strong cards) ကို ကိုင်ဆောင်ထားနေပြီး ၎င်းတို့အနေဖြင့် အဆိုပါအချက်ကို မည်သည့်အချိန်တွင် အသုံးချမည်ဆိုသည့်အပေါ် မူတည်ပြီးမှသာ သဘောတူညီချက်တစ်ရပ် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မတ်လ ၁၁ ရက်က အမေရိကန်၏ ယူကရိန်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ရရှိလာသည့် ရက် ၃၀ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အဆိုနှင့်ပတ်သက်၍ ယခုအချိန်မှာ ရုရှားအနေဖြင့် လက်ခံရန် မသင့်လျော်သေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှားတပ်ဖွဲ့ များသည် တိုက်ပွဲတွင် အောင်မြင်မှုရရှိနေသဖြင့် ခေတ္တရပ်ဆိုင်းရန် သဘောတူညီလိုက်ခြင်းက ၎င်း(ရုရှား)တို့အတွက် အားနည်းချက်ဖြစ်သွားနိုင်ကြောင်း လူကာရှန်ကိုက ခန့်မှန်းသုံးသပ်ထားပါသည်။ 

ရုရှားသည် ၎င်းတို့ရရှိထားသော အားသာချက်များကို ကိုင်ထားပြီး သင့်တင့်လျှောက်ပတ်သည့် အချိန်တွင် မှန်မှန်ကန်ကန် အသုံးချမည့် အချိန်ကျမှသာ သဘောတူညီချက်တစ်ရပ် ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံ သုံးသပ်ထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဆွေးနွေးညှိနှိုူင်းမှုများပြုလုပ်ရန် ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့ မော်စကို သို့ ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများအတွက် မော်စကိုသို့ ရောက်ရှိလာခဲ့သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။

လေကြောင်းပျံသန်းမှု မှတ်တမ်းများနှင့် ရုရှားနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ Witkoff ၏ လေယာဉ်သည် မော်စကို Vnukovo လေဆိပ်သို့ ဒေသစံတော်ချိန် မတ်လ ၁၃ ရက်(ကြာသပတေး)နေ့ မွန်းတည့် ၁၂:၃၀ နာရီခန့်တွင် ဆိုက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များ ဆော်ဒီအာရေဗျတွင် မတ်လ ၁၁ ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် Witkoff သည် ရုရှား မြို့တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ယူကရိန်းသည်မော်စကိုနှင့် ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနှင့် စစ်ရေးအကူအညီနှင့် သတင်းအချက်အလက်မျှဝေမှုကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြန်မာ့အရေးတွင် ဝင်စွက်ဖက်သော မီဇိုရမ်ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြချက်ပေးသောစကားမှာ မမှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးငြင်းပယ်

မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ၏လုပ်ရပ်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးသော စကားမှာ မမှန်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal က အဆိုပါဝန်ကြီးဌာန၏ မတ်လ ၇ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့တွင် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ ပေါင်းစည်းခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြုအမူနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်း ညီညွတ် စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ် ပြည်နယ်မှ လွှတ်တော်အမတ် Lalmuanpuia Punte က အိန္ဒိယနိုင်ငံမှ မီဒီယာအချို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် The WEEK မီဒီယာမှ သတင်းထောက်က အထက်ပါ မီဇိုရမ်ပြည်နယ် လွှတ်တော် အမတ်၏ စကားအပေါ် တုံ့ပြန်ချက်ပေးရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်တွင်ဖြစ်ပေါ်နေသော အခြေအနေများကို သတင်းများ ရရှိထားကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်သော အိန္ဒိယ၏ သဘောထားကို ကောင်းစွာရှင်းရှင်းလင်းလင်း သိစေပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal က ဆိုသည်။

“နိုင်ငံခြားရေးရာ မူဝါဒကိစ္စတွေနှင့် ပတ်သက်လာပါက အဆိုပါ ကိစ္စများသည် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်နယ်ပယ်တွင် ပါဝင်မှု မရှိကြောင်း ထပ်လောင်းပြောချင်ပါသည်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကိုးကား-NP News

ICC အနေဖြင့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ဟု တရုတ်ပြော

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ပြီး   နိုင်ငံရေးနှင့် မပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံရေး ဇာတ်သွင်းခြင်း  သို့မဟုတ် စံနှစ်မျိုး အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောကြားသည်။

ICC မှ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂူဒူတာတေး ပြည်ပနိုင်ငံမှ မနီလာမြို့တော်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းနှင့် စပ်လျဉ်း၍ မတ်လ ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် မောင်နင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

ဒူတာတေးဖမ်းဆီးခံရမှုသည်  အလွန်အရေးကြီးသည့်  ဖြစ်စဉ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ယင်းဖြစ်စဉ်အား အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု မောင်နင်းက  ဆက်လက်ပြောကြားသည်။

ထို့ပြင် ICC  အနေဖြင့် ဘက်မလိုက်သည့် စည်းမျဉ်းကို တိကျစွာ လိုက်နာသင့်ပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များကိုလည်း ဥပဒေနှင့်အညီ စဉ်းစားချင့်ချိန်၍အသုံးချခြင်းဖြင့် စံနှစ်မျိုး အသုံးပြုခြင်းအား ရှောင်ရှားသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ရှုမြင်ကြောင်း မောင်နင်းက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက် ဘယ်လာရုစ်နှင့်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းအကြောင်း ဗလာဒီမာပူတင် ပြောမည်

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက်မည့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မတ်လ ၁၃ (ကြာသပတေးနေ့)တွင် တွေ့ဆုံမည် ဖြစ်ပါသည်။ ထိုခရီးစဉ်သည်လူကာရှန်ကို၏ ပြန်လည်ရွေးကောက်ခံရပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်ပါသည်။

ထိုတွေ့ဆုံပွဲတွင် ရုရှား-ဘယ်လာရုစ်တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံအတွင်း ပိုမိုပေါင်းစည်းရေးဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတကာအရေးပေါ် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပါသည်။ တွေ့ဆုံပွဲအပြီးတွင် ခေါင်းဆောင်များသည် ပူးတွဲစာချုပ်အချို့ကို လက်မှတ်ရေးထိုးမည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။

သတင်းစာရှင်းလင်းပွဲ၌ ယူကရိန်းအကြောင်း ပြောလာနိုင်သည် ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒင်မီထရီပက်စကိုဗ်က ပြောကြားလိုက်ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတနှင့်ဘယ်လာရုစ်သမ္မတတို့က ပူးတွဲပြီး သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားသွားမည် ဖြစ်ကြောင်း၊ အကြောင်းအရာအားလုံးမှာ သတင်းထောက်များ မေးမြန်းလာမည့်မေးခွန်းများအပေါ်တွင် မူတည်နေကြောင်း ကရင်မလင် ပြောခွင့်ရက ပြောကြားထားပါသည်။

မတ်လ ၁၁ ရက်က အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီအာရေဗျရှိ ဂျက်ဒါ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်တွင် ယူကရိန်းအစိုးရသည် ရက် ၃၀ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန်နှင့် အမေရိကန်နှင့် မြေရှားသတ္တု အရင်းအမြစ်ဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးရန်အသင့် ဖြစ်နေ ကြောင်း ဖော်ပြထားပါသည်။

အပြန်အလှန်အနေဖြင့် အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကူအညီနှင့် ထောက်လှမ်းရေးသတင်းများ ချက်ချင်း ပြန်လည်ပေးမည်ဟု ကတိကဝတ် ပြုထားပါသည်။ ရုရှားသည် အဆိုပါ ဆွေးနွေးပွဲ ရလဒ်များအရ အမေရိကန်ဘက်က တရားဝင် ကမ်းလှမ်းလာမှုကိုမျှော်လင့်နေပါသည်။ 

DR Congo နှင့် M23 သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ စတင်မည်

DR Congo နှင့် M23 သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မတ်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အန်ဂိုလာနိုင်ငံက မတ်လ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ အာဖရိကအလယ်ပိုင်းရှိ ပဋိပက္ခဒဏ်ခံနေရသောနိုင်ငံတွင် ရေရှည်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို စေ့စပ်ပေးရန် အန်ဂိုလာက ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆွေးနွေးပွဲများကို အန်ဂိုလာနိုင်ငံ၏မြို့တော် Luanda တွင် ကျင်းပမည်ဖြစ်ကြောင်း အန်ဂိုလာသမ္မတ Joao Goncalves Lourenco ၏ ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DR Congo သမ္မတ Felix Tshisekedi သည် အန်ဂိုလာသမ္မတနှင့် DR Congo အရှေ့ပိုင်းရှိ ပဋိပက္ခများကို ဆွေးနွေးရန် Luanda သို့ သွားရောက်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အန်ဂိုလာ သမ္မတ သည် လက်ရှိတွင် အာဖရိကသမဂ္ဂ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

သယံဇာတကြွယ်ဝသော DR Congo ၏ အရှေ့ပိုင်းပြည်နယ်များတွင် ဇန်နဝါရီလက ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး M23 သူပုန်များက North Kivu မြို့တော် Goma နှင့် South Kivu မြို့တော် Bukavu အပါအဝင် အဓိကမြို့ကြီးများစွာကို သိမ်းပိုက်ခဲ့သည်။ ပြီးခဲ့သည့် အပတ် က Kinshasa ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း လူပေါင်း ၈,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

DR Congo သည် အိမ်နီးချင်းနိုင်ငံဖြစ်သော ရဝန်ဒါကို M23 သူပုန်များကို ထောက်ခံသည်ဟု မကြာခဏပင် စွပ်စွဲခဲ့ပြီး ထိုစွပ်စွဲချက်ကို အနောက် နိုင်ငံအချို့ကလည်း ထောက်ခံခဲ့သည်။ ရဝန်ဒါကမူ ယင်းစွပ်စွဲချက်များ ကို မမှန်ကန်ကြောင်း အမြဲငြင်းဆိုခဲ့သည်။

DR Congo အာဏာပိုင်များသည် ယခင်က သူပုန်များနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး ရဝန်ဒါက Kinshasa အား M23 နှင့် တိုက်ရိုက်ဆွေးနွေးရန် တောင်းဆိုခဲ့သည့်နောက် အန်ဂိုလာမှ စေ့စပ်ပေးသော ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းခဲ့သည်။ ယခုလ အစောပိုင်းတွင် DR Congo ဝန်ကြီးချုပ် Judith Suminwa Tuluka က BBC သို့ပြောကြားရာတွင် သူမ၏အစိုးရသည် ရဝန်ဒါနှင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ရဝန်ဒါသည် “DR Congo ၏ နယ်မြေပိုင်နက်နှင့် အချုပ်အခြာ အာဏာကို ကျူးကျော်သူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဂိုလာသမ္မတ Joao Lourenco ၏ ရုံးမှ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် နှစ်ဖက်အဖွဲ့များသည် မတ်လ ၁၈ ရက်နေ့တွင် အန်ဂိုလာမြို့တော် Luanda ၌ “တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ” စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုက အားတက်ဖွယ်ဖြစ်ဟု လက်ရော့ပြော

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုသည် အားတက်ဖွယ်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က မတ်လ  ၁၀ ရက်တွင် ပြောကြားလိုက်ကြောင်း သိရသည်။

NATO အဖွဲ့၏ အင်အားဖြန့်ကြက်မှုသည် ယူကရိန်းပဋိပက္ခကို စတင်စေခဲ့သည့် အဓိက အကြောင်းရင်းဖြစ်ကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုခြင်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားတို့ကြား ဆွေးနွေးမှုများသည် အားတက်ဖွယ်များပင်ဖြစ်သည်ဟု လက်ရော့က ရုရှားမဂ္ဂဇင်းကြီးတစ်ခုနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားအစိုးရအနေဖြင့် နိုင်ငံများကြားပြုလုပ်မည့် စေ့စပ်ဆွေးနွေးမှုများကို ထောက်ခံလျက်ရှိသည်ဟု ၎င်းက အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့ကြား ပြုလုပ်သည့် စေ့စပ်ဆွေးနွေးမှု ကို ကိုးကား၍ ဆက်လက်ပြောကြားထားသည်။

လက်ရှိတွင် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကို အဆုံးသတ်နိုင်ရေးအတွက် လိုအပ်နေသေးသော်လည်း ထရမ့်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့်ဆွေးနွေးမှုများသည် ယေဘုယျအားဖြင့် ယူကရိန်းအရေးကို အဆုံးသတ်နိုင်ရေးအတွက် အထောက်အကူပြုလျက် ရှိသည်ဟု လက်ရော့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

Politico သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (USAID) မှ အကြီးတန်းအရာရှိ တစ်ဦးက ကျန်ရှိနေသော ဝန်ထမ်းများအား အဖွဲ့၏ယခင်ဌာနချုပ်ဟောင်းတွင် သိမ်းဆည်းထားသည့် လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟုဆိုသည်။ ထိုညွှန်ကြားချက်ကို USAID အတွင်း ပေးပို့ ခဲ့သည့် အီးမေးလ်တစ်စောင်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သမ္မတ Donald Trump နှင့် မကြာသေးမီက တည်ထောင်ခဲ့သည့် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ ခေါင်းဆောင် Elon Musk တို့က USAID အား အခွန်ထမ်းများ၏ငွေကြေးကို အလွဲသုံးစား ပြုခြင်းနှင့် ခြစားမှုများကို အားပေးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု မကြာခဏစွပ်စွဲခဲ့ကြသည်။ ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် USAID အနေဖြင့် ဝန်ထမ်း ၂,၀၀၀ ကို အလုပ်ထုတ်ခဲ့ရပြီး ကျန်ရှိနေသော ဝန်ထမ်း အများစု ကို ခေတ္တအနားပေးခဲ့ရသည်။

USAID ၏ ယာယီအမှုဆောင်အတွင်းရေးမှူး Erica Carr က ကျန်ရှိ နေသော ဝန်ထမ်းများအား မတ်လ ၁၁ ရက်နေ့က Ronald Reagan အဆောက်အဦရှိ လျှို့ဝှက်စာရွက်စာတမ်းများနှင့် ဝန်ထမ်းမှတ်တမ်းများကို ရှင်းလင်းရန် တစ်ရက်အတွင်း ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ သူမက ဝန်ထမ်းများအား စာရွက်စာတမ်းများကို စက်ဖြင့် ဖြတ်ဖျက်ခြင်းကို ဦးစားပေးပြုလုပ်ရန်နှင့် မီးရှို့ဖျက်ဆီးသည့် အိတ်များကို ချွေတာစွာ အသုံးပြုရန်အကြံပြုခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂