ဆွေးနွေးညှိနှိုူင်းမှုများပြုလုပ်ရန် ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့ မော်စကို သို့ ရောက်ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများအတွက် မော်စကိုသို့ ရောက်ရှိလာခဲ့သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။
လေကြောင်းပျံသန်းမှု မှတ်တမ်းများနှင့် ရုရှားနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ Witkoff ၏ လေယာဉ်သည် မော်စကို Vnukovo လေဆိပ်သို့ ဒေသစံတော်ချိန် မတ်လ ၁၃ ရက်(ကြာသပတေး)နေ့ မွန်းတည့် ၁၂:၃၀ နာရီခန့်တွင် ဆိုက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များ ဆော်ဒီအာရေဗျတွင် မတ်လ ၁၁ ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် Witkoff သည် ရုရှား မြို့တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ယူကရိန်းသည်မော်စကိုနှင့် ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနှင့် စစ်ရေးအကူအညီနှင့် သတင်းအချက်အလက်မျှဝေမှုကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂