ICC အနေဖြင့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ဟု တရုတ်ပြော
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ပြီး နိုင်ငံရေးနှင့် မပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံရေး ဇာတ်သွင်းခြင်း သို့မဟုတ် စံနှစ်မျိုး အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောကြားသည်။
ICC မှ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂူဒူတာတေး ပြည်ပနိုင်ငံမှ မနီလာမြို့တော်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းနှင့် စပ်လျဉ်း၍ မတ်လ ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် မောင်နင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဒူတာတေးဖမ်းဆီးခံရမှုသည် အလွန်အရေးကြီးသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ယင်းဖြစ်စဉ်အား အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု မောင်နင်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ICC အနေဖြင့် ဘက်မလိုက်သည့် စည်းမျဉ်းကို တိကျစွာ လိုက်နာသင့်ပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များကိုလည်း ဥပဒေနှင့်အညီ စဉ်းစားချင့်ချိန်၍အသုံးချခြင်းဖြင့် စံနှစ်မျိုး အသုံးပြုခြင်းအား ရှောင်ရှားသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ရှုမြင်ကြောင်း မောင်နင်းက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/