သတင်းများ

အီတလီက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် ပြင်သစ်-ဗြိတိန် အစီအစဉ်ကို ငြင်းပယ်

အီတလီဝန်ကြီးချုပ် ဂျော်ဂျီအာမီလိုနီသည် ယူကရိန်းသို့တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အကြံပြုချက်ကို ငြင်းပယ်လိုက်ပြီး ပြင်သစ်နှင့် ဗြိတိန်တို့က ကိယက်ဗ်နှင့် မော်စကိုအကြား နောက်ဆုံးတွင် စစ်ပြေငြိမ်းရေး အာမခံချက်ရရှိရန် ငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်နိုင်ရေး အကြံပြုခဲ့ခြင်းဖြစ်သည်။

မီလိုနီသည် မတ်လ ၁၈ ရက်နေ့က အီတလီအထက်လွှတ်တော်သို့ ပြောကြားချက်တစ်ခုတွင် သူမ၏ကန့်ကွက်မှုကိုထည့်သွင်းဖော်ပြခဲ့ပြီးဤသီတင်းပတ်အတွင်း ဘရပ်ဆဲလ်၌ကျင်းပမည့် ဥရောပကောင်စီအစည်းအဝေးတွင် ယူကရိန်းပဋိပက္ခကိုဆွေးနွေးမည်ဟု မျှော်လင့် ထားသည်။

ပြင်သစ်နှင့် ဗြိတိန်တို့သည် EU နိုင်ငံများ မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းမှုများကို ဦးဆောင်နေပြီး ပြင်သစ်သမ္မတ မက်ခရွန်က နိုင်ငံတစ်နိုင်ငံလျှင်တပ်ဖွဲ့ဝင်ဦးရေ ထောင်ဂဏန်းခန့်ကို ယူကရိန်း၏ အဓိက နေရာများတွင်တပ်စွဲထားမည်ဟု အဆိုပြုထားသည်။

မီလိုနီက အီတလီအစိုးရသည် အဆိုပြုချက်ကို လေးစားသော်လည်း အဆိုပြုချက်၏ အကျိုုးရလဒ်အပေါ် ယုံကြည်စိတ်ချမှုမရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ပြင်သစ်-ဗြိတိန် အဆိုပြုချက်ကို “ပဋိပက္ခကို ပိုမို ရှုပ်ထွေးစေနိုင်ကာ စွန့်စားရာကျပြီး ထိရောက်မှုမရှိသောရွေးချယ်မှု” အဖြစ် ဖော်ပြခဲ့သည်။ ထို့အပြင် အီတလီသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

မော်စကိုသည် နေတိုးအဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းတွင် တပ်စွဲထားရန် အကြံပြုချက်ကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ပြီး ၎င်းသည် ရုရှားနှင့် အမေရိကန်ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

ပါရီနှင့်လန်ဒန်တို့သည် ဝါရှင်တန်က ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ဖိအားပေးဆောင်ရွက်နေစဉ်တွင် ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုများကိုစုစည်းရန် အလျင်အမြန် ဆောင်ရွက်နေကြသည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

USAID ဖျက်သိမ်းရေး DOGE ကြိုးပမ်းနေခြင်းကို ရပ်တန့်ရန် အမေရိကန် ဖယ်ဒရယ်တရားရုံး၏ တရားသူကြီး တားမြစ်မိန့်ထုတ်ပြန်

အမေရိကန်သမ္မတ Donald Trump ဦးဆောင်သည့် အစိုးရအနေဖြင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းရန်အတွက် ထပ်မံကြိုးပမ်းနေခြင်းကိုရပ်တန့်ရန် ဖက်ဒရယ်တရားရုံး တစ်ရုံးက အမိန့်ချမှတ်လိုက်ပါသည်။

Maryland ပြည်နယ်မှ တရားရုံးသည် မတ်လ ၁၈ ရက်တွင် ပဏာမ တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ကြောင်း Associated Press နှင့် အခြားမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

USAID ကို အစိုးရစွမ်းဆောင်ရည်စစ်ဆေးရေးအဖွဲ့ (DOGE) က ဖျက်သိမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်နိုင်သည် ဟု တရားသူကြီးကဆုံးဖြတ်ခဲ့ပါသည်။

Elon Musk ဦးဆောင်သော DOGE သည် USAID ၏ အစီအစဉ်များစွာကို ရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းအင်အား လျှော့ချရေးကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဝန်ထမ်းအများအပြားကို အလုပ်မှအနားပေးခဲ့သည်။

လွှတ်တော်က ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ဖျက်သိမ်းသင့်/ မသင့်၊ မည်သည့်အချိန်၌ ဖျက်သိမ်းသင့်သည်၊ မည်ကဲ့သို့ဖျက်သိမ်းမည် စသည်တို့နှင့်ပတ်သက်၍ ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်အမတ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာကို DOGE နှင့် Elon Musk က ဖယ်ရှားခဲ့သည်ဟု အဆိုပါ တရားသူကြီးက ဆိုပါသည်။

နိုင်ငံတကာထောက်ပံ့ရေးအစီအစဉ်များကိုကြီးကြပ်သည့် ၎င်းအေဂျင်စီကို ဖြိုခွင်းရန် Musk နှင့် DOGE တွင် အခွင့်အာဏာမရှိကြောင်း USAID ဝန်ထမ်းများနှင့် အခြားသူများက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

စီရင်ချက်ချသည့် မတ်လ ၁၈ ရက်နေ့၌ပင် သမ္မတ Trump က အယူခံ ဝင်မည့်ကိစ္စအတွက် အမြန်ဆုံးဆောင်ရွက်သွားမည်ဟု FOX News သို့ ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လက်လီရောင်းချမှုများ အမေရိကန်တွင် ရောင်းအားတက်

ဖေဖော်ဝါရီလမှစ၍ အမေရိကန်၏ လက်လီရောင်းချမှုများသည် စားသုံးသူများ၏ လိုအပ်ချက်အရ ဝယ်ယူမှု (discretionary spending) များကြောင့် အနည်းငယ် အရောင်းသွက်လာပါသည်။ ထိုကဲ့သို့ အရောင်းသွက်လာခြင်းသည် အမေရိကန်သမ္မတထရမ့်၏ အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းနှင့် အစိုးရဝန်ထမ်းများအား အလုပ်ထုတ်ပစ်ခြင်း များကြောင့် နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုမရှိခြင်းကို ပိုမိုထင်ဟပ်နေပါသည်။  သို့သော်မတ်လ ၁၇ ရက်(တနင်္လာနေ့)တွင်ထုတ်ပြန်ခဲ့သည့် အမေရိကန်၊ စီးပွားရေးဌာန၏ အစီရင်ခံစာအရ အမေရိကန်၏ စီးပွားရေးသည် ပထမ သုံးလပတ်တွင် အတန်အသင့် တိုးတက်မှုရှိကြောင်း၊ ဖေဖော်ဝါရီလတွင် လက်လီရောင်းချမှုများမ

ဖေဖော်ဝါရီလမှစ၍ အမေရိကန်၏ လက်လီရောင်းချမှုများသည် စားသုံးသူများ၏ လိုအပ်ချက်အရ ဝယ်ယူမှု (discretionary spending) များကြောင့် အနည်းငယ် အရောင်းသွက်လာပါသည်။ ထိုကဲ့သို့ အရောင်းသွက်လာခြင်းသည် အမေရိကန်သမ္မတထရမ့်၏ အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းနှင့် အစိုးရဝန်ထမ်းများအား အလုပ်ထုတ်ပစ်ခြင်း များကြောင့် နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုမရှိခြင်းကို ပိုမိုထင်ဟပ်နေပါသည်။  သို့သော်မတ်လ ၁၇ ရက်(တနင်္လာနေ့)တွင်ထုတ်ပြန်ခဲ့သည့် အမေရိကန်၊ စီးပွားရေးဌာန၏ အစီရင်ခံစာအရ အမေရိကန်၏ စီးပွားရေးသည် ပထမ သုံးလပတ်တွင် အတန်အသင့် တိုးတက်မှုရှိကြောင်း၊ ဖေဖော်ဝါရီလတွင် လက်လီရောင်းချမှုများမှာ ၀.၂% မြင့်တက်ခဲ့ကြောင်း  ထုတ်ပြန်ထားပါသည်။ Kohl’s, Macy’s နှင့် Walmart ကဲ့သို့သော လက်လီ အရောင်းဆိုင်ကြီး များက ၎င်းတို့၏ မတ်လအတွက် ရောင်းအားသတ်မှတ်ချက်ကို မြှင့်ထား ကြပါသည်။ ထို့အပြင် စားသောက်ဆိုင်များနှင့် ဘားများ၏ ရောင်းအား သည် လွန်ခဲ့သည့် ၁၃ လနှင့် နှိုင်းယှဉ်ပါက ရောင်းအားကျသွားကြောင်း သိရှိရပါသည်။ 

ကိုးကား-Reuters

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

အမေရိကန်က ခရိုင်းမီးယားကို ရုရှား၏ အစိတ်အပိုင်းအဖြစ် အသိအမှတ် ပြုနိုင်

အမေရိကန်သည် ခရိုင်းမီးယားကို ရုရှား၏အစိတ်အပိုင်းအဖြစ် အသိ အမှတ်ပြုရန် စဉ်းစားနေပြီး ကုလသမဂ္ဂအား ထိုသို့ပြုလုပ်ရန် တိုက်တွန်းနိုင်ကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုဒ် Semafor က မတ်လ ၁၇ ရက်နေ့တွင်ဖော်ပြခဲ့သည်။

Semafor ၏ ဖော်ပြချက်အရ သမ္မတ Donald Trump သည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချမှတ်ရသေးကြောင်းနှင့် ခရိုင်းမီးယား၏ အခြေအနေ နှင့်ပတ်သက်သော ဆွေးနွေးမှုများသည် “စစ်ပွဲအဆုံးသတ်ရန် ၎င်း၏ အစိုးရအဖွဲ့ကတွန်းအားပေးဆောင်ရွက်နေသော ဆောင်ရွက်ချက်များနှင့် ကိုက်ညီနေသည်” ဟု ဆိုသည်။

အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Brian Hughes က Semafor သို့ အိမ်ဖြူတော်သည် ထိုသို့သောကတိကဝတ်များကို မပြု လုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ရည်မှန်းချက်ပန်းတိုင်မှာ တူညီနေဆဲဖြစ်ပြီး တိုက်ခိုက်မှုများကို ရပ်တန့်ကာ ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန်ဖြစ်သည်” ဟု Hughes က ဆိုသည်။

ရုရှားလူမျိုးများ အများဆုံးနေထိုင်သော ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ် တွင် ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒမဲပေးခဲ့ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်က အားပေးထောက်ခံခဲ့မှုဖြင့် ကိယက်ဗ် တွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော သမ္မတ Viktor Yanukovich ကို ဖယ်ရှားခဲ့ပြီး ဘာသာစကားဆိုင်ရာ အခွင့်အရေးအချို့ကို ချက်ချင်းပယ်ဖျက်ခဲ့သောကြောင့် ဖြစ်သည်။ ကုလသမဂ္ဂသည် အဆိုပါဒေသကို ယူကရိန်း နယ်မြေအဖြစ် ဆက်လက်ရှုမြင်နေဆဲဖြစ်သည်။

Trump နှင့် ရုရှားသမ္မတ Vladimir Putin တို့သည် မတ်လ ၁၈ ရက်နေ့၌ ဖုန်းဖြင့်ဆွေးနွေးစဉ် အမေရိကန်က အဆိုပြုထားသော ရက်ပေါင်း ၃၀ စစ်ပြေငြိမ်းရေးကို ဆွေးနွေးရန် မျှော်လင့်ထားပြီး Putin က လွန်ခဲ့သည့် သီတင်းပတ်က မည်သည့်ဖြေရှင်းမှုမဆို “အကျပ်အတည်း၏ မူလ အကြောင်း အရင်းများ” ကို ညှိနှိုင်းဖြေရှင်းရမည်ဟု အတိအလင်း ပြောကြားခဲ့သည်။ စစ်မြေပြင်တွင် ဆုံးရှုံးမှုများစွာဖြစ်ပွားပြီးနောက် ယူကရိန်းသည် ၎င်း၏ စစ်တပ်ကို ပြန်လည်ဖြည့်တင်းရန် စစ်ပွဲရပ်စဲမှုကို အသုံးချနိုင်သည်ဟု ၎င်းက ဖော်ပြခဲ့သည်။

ယူကရိန်းခေါင်းဆောင် Vladimir Zelensky သည် ယာယီစစ်ပြေငြိမ်းရေးကို ထောက်ခံခဲ့သော်လည်း ရုရှားသို့ မည်သည့်နယ်မြေဆိုင်ရာ ပိုင်ဆိုင်မှုကိုမျှ လွှဲပြောင်းမပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ၏အမိန့်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်

သမ္မတထရမ့်၏အမိန့်သစ်တစ်ရပ်ကြောင့် အမေရိကန်အခြေစိုက် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့၏လုပ်ငန်းများကို ရပ်ဆိုင်းရဖွယ် ရှိနေပါသည်။ သမ္မတဒေါ်နယ်ထရမ့်သည် သတင်းဌာနများကို စီမံ ကိုင်တွယ်သည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) နှင့် အခြား အစိုးရအေဂျင်စီ ၆ ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို အနည်းဆုံး ဖြစ်စေရန်လုပ်ဆောင်ရမည်ဟူသော ညွှန်ကြားချက်ကို လွန်ခဲ့သော ရက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

VOA သတင်းဌာနသည် သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါးအား လစာနှင့် ခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ၏ အဆိုပါညွှန်ကြားချက်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ရှိ မြန်မာဘာသာစကား အစီအစဉ်များ အပါအဝင် ဘာသာစကား အမျိုးမျိုးဖြင့်တင်ဆက်နေသည့် သတင်း ထုတ်လွှင့်မှုများအပေါ်တိုက်ရိုက် ထိခိုက်သက်ရောက်လာခြင်းဖြစ်သည်။

VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ်အေဘရာမိုဝစ်ဇ်က' “နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံ လိုက်ရပြီ'” ဟု ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးသားခဲ့ပြီး ခွင့်ပေးခံရသူများထဲတွင် ၎င်းကိုယ်တိုင်လည်း ပါဝင်သည်ဟုပြောသည်။

ထို့အပြင် “အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက်သတင်း ဌာနများအတွက် နှစ်စဉ်ပေးအပ်နေသော ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ (စနေနေ့) နံနက်ပိုင်းမှစတင်ရပ်ဆိုင်းလိုက်ပြီ” ဟူသည့် အကြောင်းကြားစာရရှိသည့်အကြောင်း လွတ်လပ်သည့်အာရှအသံ (RFA) က သတင်းထုတ်ပြန်ထားသည်။

USAGM အထူးအကြံပေး ကာရီလိတ်ခ်က RFA ဥက္ကဋ္ဌ ထံသို့ ပေးပို့သည့် စာတွင် RFA ကို ရန်ပုံငွေဖြတ်တောက် လိုက်ပြီဖြစ်ကြောင်းနှင့် အသုံးမပြု ရ သေးသည့်ရန်ပုံငွေများကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲပေး ရန်လည်းပါဝင်သည်ဟု RFA က သတင်းထုတ်ပြန်ထားသည်။

ထရမ့်၏အမိန့်ကြောင့် သတင်းလုပ်ငန်းများ မည်သည့်အချိန်တွင် မည်ကဲ့သို့ ရပ်ဆိုင်းမည်ဆိုသည်ကို ယခုအချိန်၌ ရှင်းလင်းစွာ မသိရသေးဟုလည်း RFA က ပြောထားပါသည်။

ကိုးကား-NP News

ထရမ့်နှင့် ပူတင် ၏ အရှေ့အလယ်ပိုင်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

ထရမ့် ၏ အကြံပြုချက်ကို ထောက်ခံပြီး ယူကရိန်းနှင့် ရုရှားတို့သည် ရက် ၃၀ ကြာ စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြပါသည်။

ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး လုံခြုံရေးနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မတ်လ ၁၉ ရက်နေ့တွင် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း ၁၇၅ ဦး ကို လဲလှယ်မည်ဖြစ်ပြီး ရုရှားမှာ ကုသမှုခံယူနေသည့် အပြင်းအထန် ဒဏ်ရာ ရထားသော ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယူကရိန်းအနေဖြင့် ရက် ၃၀ အပစ်ရပ်ကာလအတွင်း စစ်သားစုဆောင်းခြင်းနှင့် လက်နက်ပြန်လည် ဖြည့်တင်းခြင်းများ မပြုလုပ်ရန် ရုရှားဘက်က တောင်းဆိုထားပါသည်။

ကိုးကား-ကရင်မလင်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့် စကားပြောဆိုနေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ဖုန်းဖြင့် စကားပြောဆိုမှုကို မော်စကိုစံတော်ချိန် ၁၇:၀၀ (ဝါရှင်တန်စံတော် ချိန် ၁၀:၀၀) တွင် စတင်ခဲ့ပြီး ၂ နာရီနှင့် ၂၈ မိနစ် ကြာမြင့်ခဲ့ကြောင်း State Duma မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား- ရိုက်တာ ၊ State Duma

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက်နေ့ဖြစ်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားအား စိန့်ပီတာစဘတ်ရှိလူငယ်များက ရုရှားနိုင်ငံတော် အလံနှင့် ခရိုင်းမီးယား ဟူသည့် စာလုံးများ ဖြင့် သရုပ်ဖော်ခဲ့ကြသည်။

ထိုနေ့တွင် သမ္မတ ပူတင်နှင့် ထရမ့် ဖုန်းဆက်စကားပြောရန်လည်း ရှိသေးပြီး ရုရှားဘက်က ယခုကဲ့သို့ နေ့မျိုးကို သေချာရွေးထားသည်ဟု ထင်မြင်ရပါသည်။

ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် လက်ရှိအချိန်အထိ အသိအမှတ် မပြုကြသေးဘဲရှိနေသေးသော်လည်း လက်ရှိ ယူကရိန်း ပဋိပက္ခ ညှိနှိုင်းရေး ပြီးဆုံးပါက (သို့) လက်ရှိ သမ္မတ ထရမ့်ဖြင့် ဖုန်းပြောပြီးချိန် အမေရိကန် က ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုမည်လားဆိုတာကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကိုးကား-ဒေသတွင်းမီဒီယာ

အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ်၏ အာတိတ် ရည်မှန်းချက်များပေါ်တွင် သက်ရောက်စေနိုင်

အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းသည် တရုတ်၏ အာတိတ် ရည်မှန်းချက်များပေါ်တွင် သက်ရောက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည် ဟု South China Morning Post က ရေးသားဖော်ပြသည်။ 

ပေကျင်းသည် မြောက်ဝင်ရိုးစွန်းလမ်းကြောင်းသို့ ဝင်ရောက်ရန် မော်စကိုအား မှီခိုအားထားနေရသောကြောင့် ပထဝီဝင်နိုင်ငံရေးအရ ပြန်လည်ချိန်ညှိမှုမှာ အခက်အခဲဖြစ်သွားနိုင်ကြောင်း မြင်တွေ့နေ ရပါသည်။

တရုတ်နိုင်ငံသည် မြောက်ဘက်ဝင်ရိုးစွန်းနိုင်ငံများနှင့် ဒေသတွင်းဖြစ်နိုင်ခြေရှိသော အမေရိကန်-ရုရှား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကြီးမားသော ဝင်ရိုးစွန်းပါဝါ ဖြစ်လာရန် ရည်မှန်းချက်အပါအဝင် ၎င်း၏အာတိတ်မူဝါဒကို ပြန်လည် သတ်မှတ်ရန် မျှော်လင့်ထားကြောင်း ကျွမ်းကျင်သူများနှင့် အတွင်းသိများထံမှ သိရသည်။

ပေကျင်းသည် ၎င်း၏ကြီးမားသော အခြေခံအဆောက်အဦ အစီအစဉ်ဖြစ်သည့် Belt and Road Initiative ကို ဖြည့်စွက်ရန်အတွက် “ဝင်ရိုးစွန်းပိုးလမ်းမ” စီမံကိန်းအစီအစဉ်ကို ၂၀၁၈ ခုနှစ် စက္ကူဖြူ စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

၄င်းသည် အာတိတ်စက်ဝိုင်း၏တောင်ဘက် ၁၄၀၀ ကီလိုမီတာ (၈၇၀ မိုင်) အကွာတွင် တည်ရှိပြီး ဒေသတွင်းတွင် တရုတ်ပိုင်နက် နယ်မြေမရှိသော် လည်း၊ “အာတိတ်အနီးနိုင်ငံများ” အစီအစဉ်တွင် တရုတ်၏ ဖော်ပြချက်သည် ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့်ကြားတွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား သံသယပွားစေခဲ့သည်။

ဒေသတွင်း ကမ်းရိုးတန်း၏ ထက်ဝက်ကျော်ကို ဖြတ်ကျော်ကာ ယင်းတွင် ၎င်း၏ အချုပ်အခြာအာဏာကို ကာလရှည်ကြာ ဦးစားပေး ထိန်းသိမ်းထားခဲ့သည့် ရုရှား အပါအဝင် အာတိတ်နိုင်ငံများ၏ တုံ့ပြန်မှုကိုလည်း လှုံ့ဆော်ခဲ့သည်ဟု ရေးသားဖော်ပြပါသည်။

ကိုးကား- South China Morning Post

ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စု တရားသူကြီးက ထရမ့်အစိုးရအား တောင်းဆို

သမ္မတ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုတစ်ခုဖြစ်သည့် ပြည်နှင်ဒဏ်ပေးခြင်းခံရသော ဗင်နီဇွဲလားနိုင်ငံသားများ၏ လေယာဉ်တင်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များအား မတ်လ ၁၈ ရက် နောက်ဆုံးထား ပြန်ကြားပေးရန် ပြည်ထောင်စုတရားသူကြီးက ထရမ့်အစိုးရအား မတ်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပါသည်။

အဆိုပါပြည်နှင်ဒဏ်ပေးခံရသည့် ဗင်နီဇွဲလားနိုင်ငံသားများသည် ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် Tren de Aragua ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့အား အမေရိကန်အပေါ် သာမန်မဟုတ်သည့် စစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အဖြစ် ကြေညာရန်အတွက် ၁၇၉၈ ခုနှစ် နိုင်ငံခြားရန်သူများအက်ဥပဒေကို ကိုးကားထားသည့် အစိုးရအဖွဲ့၏ ကြေညာချက် တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-Reuters

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)