သတင်းများ

USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

Politico သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (USAID) မှ အကြီးတန်းအရာရှိ တစ်ဦးက ကျန်ရှိနေသော ဝန်ထမ်းများအား အဖွဲ့၏ယခင်ဌာနချုပ်ဟောင်းတွင် သိမ်းဆည်းထားသည့် လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟုဆိုသည်။ ထိုညွှန်ကြားချက်ကို USAID အတွင်း ပေးပို့ ခဲ့သည့် အီးမေးလ်တစ်စောင်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သမ္မတ Donald Trump နှင့် မကြာသေးမီက တည်ထောင်ခဲ့သည့် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ ခေါင်းဆောင် Elon Musk တို့က USAID အား အခွန်ထမ်းများ၏ငွေကြေးကို အလွဲသုံးစား ပြုခြင်းနှင့် ခြစားမှုများကို အားပေးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု မကြာခဏစွပ်စွဲခဲ့ကြသည်။ ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် USAID အနေဖြင့် ဝန်ထမ်း ၂,၀၀၀ ကို အလုပ်ထုတ်ခဲ့ရပြီး ကျန်ရှိနေသော ဝန်ထမ်း အများစု ကို ခေတ္တအနားပေးခဲ့ရသည်။

USAID ၏ ယာယီအမှုဆောင်အတွင်းရေးမှူး Erica Carr က ကျန်ရှိ နေသော ဝန်ထမ်းများအား မတ်လ ၁၁ ရက်နေ့က Ronald Reagan အဆောက်အဦရှိ လျှို့ဝှက်စာရွက်စာတမ်းများနှင့် ဝန်ထမ်းမှတ်တမ်းများကို ရှင်းလင်းရန် တစ်ရက်အတွင်း ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ သူမက ဝန်ထမ်းများအား စာရွက်စာတမ်းများကို စက်ဖြင့် ဖြတ်ဖျက်ခြင်းကို ဦးစားပေးပြုလုပ်ရန်နှင့် မီးရှို့ဖျက်ဆီးသည့် အိတ်များကို ချွေတာစွာ အသုံးပြုရန်အကြံပြုခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ထရမ့် က ပူတင် နှင့် ဖုန်းဖြင့်ဆွေးနွေးမှုများ ပြုလုပ်မည်

အမေရိကန်သမ္မတ Donald Trump က ၎င်းသည် ယခု သီတင်းပတ်အတွင်း ရုရှားသမ္မတ Vladimir Putin နှင့် ဖုန်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်နိုင်ကြောင်း မတ်လ ၁၁ ရက်နေ့တွင်ပြောကြားခဲ့ပြီး မော်စကိုဘက်မှ ယူကရိန်းနှင့် ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးဆိုင်ရာ အဆိုပြုချက်ကို သဘောတူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

Trump က ယူကရိန်းနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များ ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒါတွင် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် သတင်းထောက်များအား ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ကိယက်ဗ် ဘက်မှ မော်စကိုနှင့် စစ်ပြေငြိမ်းရေးဆိုင်ရာ အမေရိကန်၏ အဆိုပြုချက်ကို သဘောတူညီခဲ့သည်။ အမေရိကန်သမ္မတက ထိုကဲ့သို့သော သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုနိုင်ပါက ပဋိပက္ခကိုအဆုံးသတ်ရန် နောက်ဆုံး သဘောတူညီချက်ရရှိရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

ပူတင်ကလည်း သဘောတူလိမ့်မည်ဟု ထင်မြင်ကြောင်းနှင့် မြေနေရာ ပိုင်ဆိုင်မှုနှင့် ကျန်အချက်အလက်များကို ထပ်မံညှိနှိုင်း ဆောင်ရွက်သွားမည် ဟု Trump က ပြောကြားခဲ့သည်။

“ရုရှားဘက်မှ စစ်ပြေငြိမ်းရေးကို သဘောမတူပါကလည်း ၎င်းတို့အနေဖြင့် ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု အမေရိကန် သမ္မတ က ပြောကြားခဲ့ပြီး ညှိနှိုင်းမှုအဆင်မပြေပါက “လူများစွာ” သေဆုံးနိုင်ကြောင်း သတိပေးခဲ့သည်။ ရုရှားနှင့် အမေရိကန်အရာရှိများသည်ဆွေးနွေးမှုများ အမြန်ဆုံးပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

Trump က ၎င်း၏ပြောကြားချက်များကိုဖော်ပြခဲ့ပြီးနောက် မကြာမီတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မော်စကိုနှင့် ဝါရှင်တန်တို့အကြား လာမည့်ရက်များအတွင်း ဆက်သွယ်မှုများဖြစ်နိုင်ကြောင်းနှင့် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကရင်မလင် သတင်းထောက် Dmitry Smirnov အဆို အရ အမေရိကန်နှင့် ရုရှားသမ္မတနှစ်ဦးအကြား ဖုန်းဖြင့်ဆွေးနွေးမှုကို မတ်လ ၁၅ ရက်(သောကြာ)နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ရိုမေးနီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Georgescu ၏ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင်မှုကို ထောက်ခံဆုံးဖြတ်

Associated Press ၏ ဖော်ပြချက်အရ ရိုမေးနီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတရွေးကောက်ပွဲဝင်ရန် မျှော်မှန်းထားသူ Calin Georgescu ၏ အယူခံတစ်ရပ်ကို ပယ်ချခဲ့သည်။ Georgescu သည် ဗဟိုရွေးကောက်ပွဲဗျူရို Central Electoral Bureau’s (BEC)မှ ယခုနှစ် မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲသစ်တွင် ပါဝင်ခွင့်မရှိကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက BEC ၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး Georgescu ၏ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ဖျက်ကြောင်း အတည်ပြုခဲ့သည်။ BEC က မတ်လ ၉ ရက်နေ့တွင် ၎င်း၏ဝင်ရောက်ယှဉ်ပြိုင်မှုကို ပယ်ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်တွင် အချက်အလက်ပေါင်း ၁,၀၀၀ ကျော်ကို ကိုးကားခဲ့သည်။ Georgescu သည် ရွေးကောက်ပွဲပြန်လည်ကျင်းပမှုအတွက် များစွာသော မဲဆန္ဒရှင်များ၏ အားပေးမှုကိုရရှိထားသူဖြစ်ပြီး လတ်တလောစစ်တမ်းများအရ ၄၀% မှ ၄၅% အထိ မဲအရေအတွက် ရှိခဲ့သည်။

Georgescu ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည့် အကြောင်းရင်းများနှင့်ပတ်သက်၍ ကွဲလွဲချက်များရှိနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ၎င်း၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ထောက်ခံခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ် တို့အပေါ် ကြီးမားသောသက်ရောက်မှုများ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ များက မှတ်ချက်ပြုကြသည်။

ဤဖြစ်ရပ်သည် နိုင်ငံရေးပါတီများနှင့် နိုင်ငံသားများအကြား ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်တောင်းဆိုမှုများ ပိုမို မြင့်တက်လာစေခဲ့သည်။ ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ စနစ်တို့သည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကို ပိုမိုအာမခံနိုင်ရန် လိုအပ်ကြောင်း ပြသနေသည်။

ဂါဇာမှ ပါလက်စတိုင်းသားများကို ရွှေ့ပြောင်းပေးမည့် ဒေါ်နယ်ထရမ့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ပါလက်စတိုင်းသားများကို ဂါဇာကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းပေးမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး လက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘတ်ဇာလယ် စမော့ထရစ်ခ်က မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

“အဆိုပါစီမံချက်ကို အမေရိကန်အစိုးရနှင့် ပူးပေါင်းပြီးပုံဖော်နေပြီ ဖြစ်ပါကြောင်း၊ ယင်းစီမံချက်က အရှေ့အလယ်ပိုင်းမှာရော၊ အစ္စရေး အတွက်ပါ သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်သည့် အလား အလာရှိပါကြောင်း” ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ်ခ်က အစ္စရေး လွှတ်တော်အစည်းအဝေးတွင် ပြောသွားခဲ့သည်။

ထို့ပြင် စမော့ထရစ်ခ်အဆိုအရ ပါလက်စတိုင်းသားများ ရွှေ့ပြောင်းရေး ကို ကြီးကြပ်တာဝန်ယူမည့် စီမံရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် ပြင်ဆင် နေကြပြီဖြစ်သည်။ စမော့ထရစ်ခ်သည် ဟားမက်ကို စစ်ဆင်နွှဲရန် အကြိမ်ကြိမ်ထောက်ခံလာသူ၊ ဂါဇာဒေသတွင် အစ္စရေးတို့ ထာဝရ ရပ်တည် နိုင်ရေးကို ထောက်ခံမှုပြသလာသူဖြစ်သည်။

သို့သော်ထရမ့်၏စီမံချက်က ရွှေ့ပြောင်းလာမည့် ပါလက်စတိုင်းသား များကို ခေါ်ယူလက်ခံပေးမည့်နိုင်ငံများကို ရှာဖွေရဦးမည်ဟု စမော့ထရစ်ခ် ကဆိုသည်။ ယင်းစီမံချက်ကို အစ္စရေးက ထောက်ခံသော်လည်း ပါလက် စတိုင်းသားများနှင့် အာရပ်နိုင်ငံများက လက်မခံနိုင်ကြပေ။

အချိန်ယူရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်းကို ဝန်ကြီးစမော့ထရစ်ခ်က တွက်ဆပြခဲ့ပြီး တစ်နေ့ကို လူတစ်သောင်းနှုန်းဖြင့် ရွှေ့မည်ဆိုလျှင် တစ်ပတ် ခုနစ်ရက်ဖြင့် ခြောက်လကြာမြင့်မည်ဖြစ်ကြောင်း ၊ အကယ်၍ တစ်နေ့ကို လူငါးထောင်နှုန်းဖြင့် ရွှေ့မည်ဆိုပါက အချိန်တစ်နှစ်ထိကြာသွားမည် ဖြစ်ကြောင်း ၊ အလွန့်အလွန်ရှည်လျားမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြောသည်။

ကျွမ်းကျင်သူများကမူ ဂါဇာရှိနေထိုင်သူများကို အတင်းအကျပ် ပြောင်းရွှေ့ပေးမည်ဆိုပါက နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်း ဖြစ်လိမ့်မည်ဟု သတိပေးတားနေကြသည်။

အာရပ်ခေါင်းဆောင်များကမူ စစ်ပွဲအပြီး ပါလက်စတိုင်းပြည်သူ နှစ် ဒသမ ၁ သန်းကို အပြောင်းအရွှေ့လုပ်စရာမလိုသည့် အီဂျစ်နိုင်ငံ၏ စီမံချက်ကို ထောက်ခံနေကြသည်။ အစ္စရေးနှင့်အမေရိကန်ကမူ ကန့်ကွက်ထားသည်။ အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကုန်ကျမည့်စီမံချက်ဖြစ်ပြီး ဟားမက် အုပ်စုကလည်း လက်ခံကြိုဆိုခဲ့သည်။

အီဂျစ်၏ ဂါဇာထူထောင်ရေးစီမံချက်က အဆင့်သုံးဆင့် ၊ ကာလအားဖြင့် ငါးနှစ်ခန့်ကြာမည်။ ပထမအဆင့် သီတင်းပတ်ခြောက်ပတ်အတွင်း အပျက်အစီးပုံများနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းသွားမည်ဖြစ်ပြီး ဒေါ်လာသုံးဘီလီယံ ကုန်ကျမည်။

ဒုတိယအဆင့်က နှစ်နှစ်ကြာမည်ဖြစ်ကာ အိမ်ရာများနှင့် လျှပ်စစ်မီး ၊ ရေ စသည့် ဝန်ဆောင်ရေးလုပ်ငန်းများ တည်ဆောက်သွားမည်။ ဒေါ်လာ ၂၀ ဘီလီယံကုန်ကျမည်။ တတိယအဆင့်တွင် လေဆိပ်တစ်ခု၊ ဆိပ်ကမ်း နှစ်ခု၊ စက်မှုဇုန်တစ်ခုတို့ထည့်ဆောက်မည်ဖြစ်ပြီး ဒေါ်လာဘီလီယံ ၃၀ ကုန်ကျမည်။ အချိန်နှစ်နှစ်ကြာမည်။ ထို့ပြင်စီမံချက်အရ ပါလက်စတိုင်း ပညာရှင်များပါသည့် အုပ်ချုပ်ရေးကော်မတီတစ်ရပ်ဖွဲ့ပြီး ၎င်းကော်မတီ က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဂါဇာသို့ ပြန်ရောက်မလာမီ ဂါဇာအရေး ကို ယာယီစီမံသွားမည်ဖြစ်သည်။

ကိုးကား-Eleven Media Group

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကိယက်ဗ်အနေဖြင့် ရုရှားသိမ်းပိုက်ထားသော နယ်မြေ ၂၀% ကိုစွန့်လွှတ်ရမည်ဟုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်နှင့် ယူကရိန်း အရာရှိများကြား ဆော်ဒီအာရေဗျ၌ မတ်လ ၁၁ ရက် (အင်္ဂါ) နေ့က ကျင်းပသည့် အစည်းအဝေး၏ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကိယက်ဗ်မှ မည်သည့်လိုက်လျောမှုများ ပေးနိုင်သည်ကို အသေးစိတ်သိရှိရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရူဘီယိုက မည်သည့်လျှော့ပေါ့မှုများကို ဆိုလိုသည်ဟု မဖော်ပြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် ၎င်း၏ နယ်မြေ အချို့ကို စွန့်လွှတ်ရနိုင်ကြောင်း ထပ်ခါတလဲလဲ အကြံပြုခဲ့သည်။

ရုရှားတပ်များသည် လက်ရှိတွင် ယူကရိန်း၏ နယ်မြေ ၂၀% နီးပါးကို သိမ်းပိုက်ထားပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ပဋိပက္ခ မတိုင်မီ မော်စကိုထိန်းချုပ်ထားသည့် ၇% ခန့်မှ တိုးလာခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုသည် ယူကရိန်း၏ အရှေ့ပိုင်း ဒွန်နက်စ်ခ်၊ လူဟန့်စ်ခ်၊ ခေရဆန်နှင့် ဇာပိုရီဇီဇီးယားဒေသများကို လုံးဝ ထိန်းချုပ်ရန် လိုလားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် စစ်ရေးလေ့လာရေးအဖွဲ့ Institute for the Study of War ၏ အဆိုအရ ရုရှားသည် လက်ရှိတွင် လူဟန့်စ်ခ်ဒေသ၏ ၉၉%၊ ဒွန်နက်စ်ခ်ဒေသ၏ ၇၀% နှင့် ခေရဆန်နှင့် ဇာပိုရီဇီ ဇီးယား ဒေသ များ၏ ၇၅% ခန့်ကို သိမ်းပိုက်ထားသည်။

မော်စကိုက အဆိုပါဒေသများကို “ရုရှား၏ နယ်မြေသစ်များ” ဟု ခေါ်ဆိုပြီး ထိုဒေသများရှိ ပြည်သူများသည် ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲများ ကျင်းပခဲ့သည်။

အဆိုပါဒေသများတွင် ကလေးငယ် ၁ သန်းအပါအဝင် လူဦးရေ ၆ သန်း ခန့် နေထိုင်လျက်ရှိကြောင်းသိရှိရသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်က ဇီလန်စကီး နုတ်ထွက်စေချင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗလာဒီမာဇီလန်စကီးအား ယူကရိန်း ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သင့်ကြောင်း ၎င်း၏လက်ထောက်များအား သီးသန့်ပြောကြားခဲ့သည်ဟု NBC သတင်းဌာနက အမေရိကန် အစိုးရအရာရှိတစ်ဦး၏ပြောကြားချက်ကိုကိုးကားပြီး ဖော်ပြခဲ့သည်။

အဆိုပါသတင်းသည် အမေရိကန်အရာရှိကြီးများနှင့် ဇီလန်စကီး၏ ကိုယ်စားလှယ်အဖွဲ့တို့အကြား ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒါမြို့၌ မတ်လ ၁၁ ရက်(အင်္ဂါ)နေ့တွင် ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲမတိုင်မီ ထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz နှင့် ထရမ့်၏ အရှေ့ အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff တို့သည် Andrey Yermak ဦးဆောင်သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် သုံးနှစ်ကြာ ပဋိပက္ခအဆုံးသတ်ရန် ဆွေးနွေးမည်ဖြစ်သည်။

ထရမ့်သည် ဇီလန်စကီး၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ သဘောထားပြောင်းလဲမှုကို တွေ့မြင်လိုပြီး နယ်မြေအခွင့်အရေးများကိုလျှော့ပေးရန် သဘောထားပါဝင်ကြောင်း အမေရိကန်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အခြားအမေရိကန်အရာရှိတစ်ဦးတို့၏ပြောဆိုချက်များကို ကိုးကားကာ မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် NBC ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ထရမ့်က ဇီလန်စကီးသည် သမ္မတရွေးကောက်ပွဲကျင်းပရန်နှင့် နိုင်ငံ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် အဆင်သင့်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရုရှားနှင့် ပဋိပက္ခအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားခြင်းကို အကြောင်းပြကာ ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆန်ခဲ့သည့် ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ်၊ မေလတွင် တရားဝင် ကုန်ဆုံးခဲ့သည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇီလန်စကီးအား တရားဝင်နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် မော်စကိုက မသတ်မှတ်သော်လည်း ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖေဖော်ဝါရီလတွင် ပြောကြား ခဲ့သည်။

Kiev International Institute of Sociology ၏ နောက်ဆုံး လေ့လာချက်အရ ယူကရိန်းခေါင်းဆောင်၏ ထောက်ခံမှုရာခိုင်နှုန်းသည် ၆၈% ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းက အိမ်ဖြူတော်၌ ထရမ့်နှင့် အမေရိကန် ဒုသမ္မတ J.D. Vance တို့နှင့် အပြန်အလှန်ငြင်းခုံပြီးနောက် ထိုကိန်းဂဏန်းများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့်ဆွေးနွေးမှုများသည် လွန်စွာအပြုသဘောဆောင်ဟု ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဆို

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Andry Yermak က မတ်လ ၁၁ ရက်နေ့တွင် ဆော်ဒီ၌ ကျင်းပခဲ့သော အမေရိကန်နှင့် ဆွေးနွေးပွဲများသည် လွန်စွာအပြုသဘောဆောင်သော ရလဒ်များဖြင့် စတင်ခဲ့သည်ဟုဆိုသည်။

“အမေရိကန်အဖွဲ့နှင့် တွေ့ဆုံမှုသည် လွန်စွာအပြုသဘောဆောင်မှုများနှင့်စတင်ခဲ့ပြီး တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ၎င်းတို့ လုပ်ဆောင်နေပါသည်” ဟု ယူကရိန်းသမ္မတ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Yermak က ပြောကြားခဲ့သည်။

Yermak သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် အခြားအရာရှိများနှင့်အတူ ယူကရိန်းညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၎င်းတို့သည် မတ်လ ၁၁ ရက်(အင်္ဂါနေ့)တွင် ဆော်ဒီအာရေဗျ နိုင်ငံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ICC ၏ ဖမ်းဝရမ်းအရ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီး

ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ နိုင်ငံတော်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ICC ၏ ဖမ်းဆီးရေး ဝရမ်းထုတ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဒူတာတေးကို ဟောင်ကောင်မှ မနီလာ လေဆိပ်သို့ ရောက်ရှိပြီးနောက် မကြာမီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပြီး ယခင်က ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သည့် ၎င်း၏ ကြမ်းတမ်းသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ရသော်လည်း ၎င်း၏ မှန်ကန်သော လုပ်ဆောင်မှုများအတွက် လုံးဝတောင်းပန်ခြင်း မပြုဟုဆိုသည်။

ဖမ်းဆီးခံရပြီးနောက် ၎င်းက ဝရမ်းထုတ်သည့် အခြေခံအကြောင်းရင်းကို မေးခွန်းထုတ်ခဲ့ပြီး “ကျွန်တော် ဘာမှားခဲ့လို့လဲ” ဟု မေးခဲ့သည်။

ဒူတာတေး၏ ယခင်သမ္မတ ပြောရေးဆိုခွင့်ရှိသူ Salvador Panelo က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ICC မှ နုတ်ထွက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးမှုကို “တရားမဝင်” ဟု ဝေဖန်ခဲ့သည်။

ICC က ဖိလစ်ပိုင်နိုင်ငံသည် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည့် အချိန်မတိုင်မီ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ယခင်က ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများက ဖမ်းဆီးခံရခြင်းသည် ၎င်း၏ မူးယစ်ဆေးဝါးစစ်ပွဲတွင် သေဆုံးခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုများ အတွက် “သမိုင်းဝင်အချိန်” ဖြစ်သည်ဟု International Coalition for Human Rights in the Philippines (ICHRP) က ပြောကြားခဲ့သည်။

ဒူတာတေးသည် မေလ ၁၂ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒါဗာအိုမြို့တော်ဝန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

၎င်း၏သမီး Veronica Duterte မှ တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဒူတာတေးကို မနီလာရှိ Villamor လေကြောင်းအခြေစိုက်စခန်းရှိ ဧည့်ခန်းတစ်ခုတွင် ဖမ်းဆီးထားသည်ကို ပြသခဲ့သည်။ 

ကိုးကား-BBC

ဇီလန်စကီးက ထရမ့်ကို တောင်းပန်

အမေရိကန်ပြည်ထောင်စု၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff က ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အိမ်ဖြူတော်ပြဿနာနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Witkoff က ယခုအပတ်အတွင်း ဆော်ဒီအာရေဗျတွင် ကျင်းပမည့် အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ များအကြား ဆွေးနွေးပွဲ မတိုင်မီ မတ်လ ၁၀ ရက်(တနင်္လာ)နေ့က Fox News နှင့် အင်တာဗျူး တစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်သည် သိသိသာသာ တိုးတက်မှုရရှိရန် မျှော်လင့်နေပြီး ကိယက်ဗ်နှင့် သတ္ထုတွင်းထွက်ပစ္စည်း များဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် နေကြောင်း Witkoff က ပြောကြားခဲ့သည်။

“ဇီလန်စကီးက သမ္မတထရမ့်ထံ စာတစ်စောင်ပို့ခဲ့ပြီး Oval Office မှာ ဖြစ်ခဲ့သည့် အဖြစ်အပျက်အတွက် ၎င်းဘက်က တောင်းပန်ခဲ့သည်” ဟု ၎င်းက ပြောသည်။ “အဆိုပါအချင်းအရာသည် အရေးကြီးသည့် အဆင့် တစ်ခုဟု ၎င်းကမှတ်ယူကြောင်း၊ ဤဆွေးနွေးမှုနှင့် သက်ဆိုင်သည့်အမေရိကန်ကိုယ်စားလှယ်အဖွဲ့များနှင့် ယူကရိန်းနိုင်ငံသားများနှင့် ဥရောပ နိုင်ငံသားများအကြား ဆွေးနွေးမှုများစွာရှိခဲ့သည်” ဟု ဆက်လက် ပြောကြား ခဲ့သည်။

ထရမ့်က မကြာသေးမီက ဇီလန်စကီးထံမှ အရေးကြီးသော စာတစ်စောင် ကို လက်ခံရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ကိယက်ဗ်က “တတ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း” ဖော်ပြထား ကြောင်း ပြောကြားခဲ့သည်။

သို့သော် အမေရိကန်သမ္မတက စာတွင် Oval Office ပြဿနာနှင့် ပတ်သက်၍ တောင်းပန်ချက်ပါရှိကြောင်း ဖော်ပြခဲ့ခြင်းမရှိပေ။

ယူကရိန်းထောက်ခံရေး အစည်းအဝေး မတ် ၁၅ တွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

ယူကရိန်းထောက်ခံရေးနှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က လာမည့် မတ်လ ၁၅ ရက်တွင် နိုင်ငံတကာအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိ သူက ပြောကြားလိုက်ပါသည်။

ယခုပြုလုပ်မည့် အစည်းအဝေးသည် ပြီးခဲ့သည့် မတ်လ ၂ ရက်က လန်ဒန်မြို့ Lancaster House မှာ ပြုလုပ်ခဲ့သည့် ယူကရိန်းကို အကူအညီထောက်ပံ့ပေးရေး အစည်းအဝေးရလဒ်များအပေါ်   ထပ်မံ အဖြေရှာမည့် ဆွေးနွေးပွဲဖြစ်ပါသည်။

ပြီးခဲ့သည့်အစည်းအဝေးမှာ ဥရောပ ၁၈ နိုင်ငံနှင့်အဖွဲ့အစည်းများ  ပါဝင်ခဲ့သော်လည်း တချို့နိုင်ငံများက  ယူကရိန်းကို အပြည့်အဝထောက်ခံရန်  မသင့်လျော်ဟု ထောက်ပြခဲ့ကြကြောင်း၊ ထို့ကြောင့် ယူကရိန်း ထောက်ပံ့ပေးရေး ထောက်ခံလိုသူနိုင်ငံများ စုစည်း၍  မတ် ၁၅ ရက်တွင် အွန်လိုင်း အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း  Starmer က ထပ်လောင်း ပြောကြားထားပါသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃