အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် ထရမ့်၏ အထူးသံတမန် ဦးဆောင်သော အမေရိကန် စေ့စပ်ဆွေးနွေးသူများ ရုရှားသို့ရောက်ရှိ

News Image

ယူကရိန်းနိုင်ငံတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ     ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့ ဦးဆောင်သော စေ့စပ်ဆွေးနွေးသူများသည် ရုရှားနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားအစိုးရက မတ်လ ၁၃ ရက်တွင် အတည်ပြုသည်။

အမေရိကန်စေ့စပ်ဆွေးနွေးသူများကို တင်ဆောင်လာသည့်  Gulfstream G650 လေယာဉ်သည်   ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ဟာမတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရုရှားစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မော်စကိုမြို့တော်ရှိ   ဗနူကိုဗိုလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရအဖွဲ့မှ စေ့စပ်ဆွေးနွေးသူများသည်     ယခုအခါ ရုရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။ သို့သော် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများ၏ အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ယူကရိန်းအပစ်အခတ် ရပ်စဲရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်အမေရိကန်တို့ကြား စေ့စပ်ဆွေးနွေးမှုများသည် ယူကရိန်းသမ္မတ ဇီလန်စကီက အမေရိကန်အစိုးရ၏ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုလက်ခံမည်ဟု  ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူညီမည်ဟု မျှော်လင့်ကြောင်း   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၂ ရက်တွင် ပြောကြားထားသည်။

Source: https://myawady.net.mm/