စဉ် | သီချင်းအမည် | အဆိုရှင် |
---|---|---|
၁။ | ကထိန်သင်္ကန်း | ပြင်ပအဆိုရှင် |
၂။ | လမြတ်တန်ဆောင် | ဌာနအဆိုရှင် |
၃။ | ဘုံကထိန် | ပြင်ပအဆိုရှင် |
၄။ | ကျွန်တော်မပါရင်ပွဲမစည် | ပြင်ပအဆိုရှင် |
၅။ | သာစွတန်ဆောင်တိုင် | ပြင်ပအဆိုရှင် |
၆။ | ကထိန်ပွဲတော်အတူနွှဲပျော် | ပြင်ပအဆိုရှင် |
၇။ | ပျော်စရာဘုံကထိန် | ဌာနအဆိုရှင် |
၈။ | တန်ဆောင်တိုင်ပွဲတော်ည | ပြင်ပအဆိုရှင် |
၉။ | တို့ရွာထဲကဘုံကထိန်ပွဲ | ပြင်ပအဆိုရှင် |
၁၀။ | ဖူးပွင့်ဝေဆီ(၁၂)လရာသီ | ပြင်ပအဆိုရှင် |
Source- မြန်မာ့အလင်း

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၊ ညီလာခံခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိကြသည့် အကဲဖြတ်အနုပညာရှင်ကြီး ၁၈၀ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ၂,၅၈၄ ဦးတို့က တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြသည့် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အနှစ်သာရရှိရှိဖြင့် ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း။
ယခုကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ပြိုင်ပွဲကာလရက်သတ္တပတ်မျှသာ ကြာမြင့်ခဲ့သော်လည်း ပြိုင်ပွဲကြီးမှ အမျိုးသားရေးအနှစ်သာရနှင့် အဓိပ္ပာယ်များစွာကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တိုတောင်းလှသည့်ကာလအတွင်း၌ မြန်မာ့အနုသုခုမ၏ ယဉ်ကျေးသိမ်မွေ့သည့် ပညာအဆီအနှစ်များ၊ မြန်မာ့ဓလေ့စရိုက် ထုံးတမ်းစဉ်လာများနှင့် မြန်မာ့လူမှုအဖွဲ့အစည်း၏ တွေးခေါ်မြော်မြင်မှု အခြေခံသဘောတရားများကို မြန်မာ့အနုပညာစွမ်းအားများဖြင့် ပီပီပြင်ပြင်ဖော်ညွှန်းပြသနိုင်ခဲ့ခြင်းသည် မြန်မာလူမျိုးတိုင်းအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်ကြောင်း။
ကျွန်တော်တို့မြန်မာလူမျိုးများသည် သမိုင်းအဆက်ဆက်တွင် ယဉ်ကျေးမှုအနုပညာရပ်များကို ဖျော်ဖြေရေးသက်သက်အဖြစ်သာ ရှုမြင်ခံစားခဲ့ကြခြင်းမဟုတ်ဘဲ လူမှုဖွံ့ဖြိုးမှုကို တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အမျိုးသားရေးအမွေအနှစ်များအဖြစ် အလေးထားပြီး အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်လာခဲ့ကြခြင်း ဖြစ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရုပ်သေးသဘင်နှင့် ဇာတ်တော်ကြီး ယှဉ်ပြိုင်တင်ဆက်မှုများသည် အစဉ်အလာကြီးမားပြီး ခမ်းနားထည်ဝါခဲ့သည့် မြန်မာ့ရုပ်သေးသဘင်နှင့် ဇာတ်သဘင်တို့၏ တန်ဖိုးနှင့်အနှစ်သာရပေါ်လွင်အောင် ကြိုးစားဖော်ထုတ်ယှဉ်ပြိုင်တင်ဆက်နိုင်ခဲ့ကြသည်ကို အားရကျေနပ်ဖွယ် တွေ့မြင်ရကြောင်း။
အထူးသဖြင့် ရှေးခေတ်ဂီတစာဆိုကြီးများ သီကုံးစပ်ဆိုခဲ့သည့် တေးဂီတနှင့်သီချင်းတွေကို မျိုးဆက်သစ်လူငယ်များက စိတ်အားထက်သန်စွာ သီဆိုတီးမှုတ်နေကြသည်ကို တွေ့မြင်ကြားသိရခြင်းသည် အမျိုးသားရေးအားမာန်တက်ကြွစေသည့် မြင်ကွင်းများပင်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နှစ်စဉ်မပြတ် တစ်ဆင့်ပြီးတစ်ဆင့် အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာအောင် စနစ်တကျ စီမံအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း ယခုအခါ မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များ၏ စွမ်းရည်နှင့်တန်ဖိုးကို မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်မျိုးသားလုံး၏ ရင်ထဲ၌ စွဲထင်ကိန်းအောင်းလာစေခဲ့ပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများကို တတ်နိုင်သည့်ဘက်က မြှင့်တင်ပေးနိုင်ခဲ့ပြီဟု ဆိုနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် လွန်စွာအရေးပါသည့် အခြေခံအကြောင်းတရားများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိထားကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် အဆိုပါအန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့် မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များကို ဆက်လက်ပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၏အနာဂတ်ကို အမျိုးသားရေးအကျိုးစီးပွားဖြစ်ထွန်းနိုင်မှု လမ်းကြောင်းမှန်ပေါ် တည့်မတ်မြဲမြံခိုင်မာစွာ ရပ်တည်နိုင်စေရေးအတွက် အနုပညာစွမ်းပကားဖြင့် ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြပါဟု အနုပညာရှင်ကြီးများနှင့်အတူ မျိုးဆက်သစ်အနုပညာရှင်များအားလုံးကို အလေးထားတိုက်တွန်းမှာကြားလိုကြောင်း။
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အနုပညာရှင်များအားလုံးကို မှာကြားလိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာအလယ်တွင် ဝင့်ဝင့်ထည်ထည်နှင့် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ရှင်သန်ထွန်းကားနေအောင် စွမ်းဆောင်ပေးကြရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရနိုးကြားရှင်သန်နေစေရန် အနုပညာစွမ်းပကားဖြင့် ပူးပေါင်းပါဝင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာကြီးမားမှု၊ မျိုးရိုးဂုဏ်ရှိန်ထည်ဝါမှု၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုနှင့်ယဉ်ကျေးသိမ်မွေ့သည့် မြန်မာ့ဂုဏ်ရည်များကို မျိုးဆက်သစ်လူငယ်များအတွင်း စိမ့်ဝင်ပျံ့နှံ့နေပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ အကအဖွဲ့များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်၏ ဇနီးက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားရိုးရာတေးဂီအဖွဲ့က “တူရိယာစုံစွ ရခိုင်ဂီတ” တေးသီချင်းဖြင့် တီးခတ်ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်က မဟာဂီတအဆိုပြိုင်ပွဲ(အမျိုးသမီး)တွင် ဝါသနာရှင်(ပထမတန်း)အဆင့်၌ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက မဟာဂီတအဆိုပြိုင်ပွဲ(အမျိုးသား)တွင် ဝါသနာရှင်(ပထမတန်း)အဆင့်နှင့် ဝါသနာရှင်(ဒုတိယတန်း) အဆင့်တို့၌ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက မဟာဂီတအဆိုပြိုင်ပွဲ (အမျိုးသား)တွင် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီးနှင့် ကောင်စီဝင်များ၏ ဇနီးများက မဟာဂီတအဆိုပြိုင်ပွဲ(အမျိုးသမီး)တွင် ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်ကောင်စီဝင်များက ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲဝါသနာရှင် အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာရှင်အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း) (အမျိုးသား)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ ကောင်စီဝင်များ၏ ဇနီးများက ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာရှင်အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း) (အမျိုးသမီး)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ဇနီးများက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့်(ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား)ပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့်(ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲအခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မသွန်းဝတီထွဋ်က “မြန်မာ့ဂီတလှပဝေဆာ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ဇနီးများက အကပြိုင်ပွဲ(အမျိုးသား)(အမျိုးသမီး)တွင် ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲ၌ အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်သူ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မောင်ဟိန်းလင်းမာန်သွေးက ကပြဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက အက၊ အရေးနှင့် အတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထိုသို့ ဂုဏ်ပြုဆုများပေးအပ်စဉ် အရေးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်အပြီး၌ အရေးပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ရွှေတံဆိပ်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မအိန္ဒြေမြင့်မိုရ်က “လူငယ်အားမာန် အမြဲရှင်သန်” တေးသီချင်းဖြင့်လည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်အပြီး၌ အတီး(ဒုံမင်း)ပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)တွင် ရွှေတံဆိပ်ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးမှ မောင်ဟိန်းထက်ပိုင်က “ရွှေမင်းဂံ” သီချင်းဖြင့်လည်းကောင်း သီဆိုတီးခတ်ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အဖွဲ့များနှင့် ကြိုးဆွဲအဖွဲ့ထူးချွန်ဆု၊ ဆိုငိုပြောအဖွဲ့ထူးချွန်ဆု၊ ပံ့ပိုးဆိုင်းအဖွဲ့ထူးချွန်ဆုနှင့် ဇာတ်ညွှန်းထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲတွင် ပူးတွဲပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အဖွဲ့များနှင့် ဇာတ်သရုပ်ဆောင်ထူးချွန်ဆုရရှိသူများ၊ နှစ်ပါးသွားထူးချွန်ဆုနှင့် ဇာတ်ညွှန်းထူးချွန်ဆု၊ ဒါရိုက်တာထူးချွန်ဆုနှင့် ပံ့ပိုးဆိုင်းအဖွဲ့ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို စတင်ကျင်းပရာ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာ ရိုးရာသံစုံတေးဂီတအဖွဲ့၏ စုပေါင်းတီးခတ်ဖျော်ဖြေမှုဖြင့် တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ၊ မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်သိက္ခာမြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း။
မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြည်ထောင်စုတိုင်းရင်းသားသွေးချင်းများသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ထို့ပြင် ထုထည်ပမာဏ ကြီးမားခိုင်ခန့်သည့် မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်ကြီးများကို စိုက်ထူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း။
ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရ ရှင်သန်ပွင့်လန်းနေစေရန်အတွက် တစ်မျိုးသားလုံး ကြိုးပမ်းဆောင်ရွက်နေကြသည့် အမျိုးသားအဆင့် ပွဲတော်များစွာရှိကြောင်း၊ ထိုအထဲမှ ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ ဇာတိမာန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင် ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ပြည်ထောင်စုသားအားလုံး ပူးပေါင်းပါဝင်ပြီး အောင်အောင်မြင်မြင်ဖြင့် ကျင်းပလာခဲ့သည်မှာ ယခုအခါ ငွေရတုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း။ အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အမျိုးသားရေးကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် အရေးပါသည့် အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း။
၁၉၉၃ ခုနှစ်မှစတင်ပြီး ယနေ့တိုင်ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကြီးများ၏ ကျေးဇူးကြောင့် ယင်းအချိန်က ဝါသနာရှင်မျိုးဆက်သစ်လူငယ်များသည် ယခုငွေရတုပြိုင်ပွဲကာလတွင် ပညာရှင်အဆင့် အနုပညာရှင်ကြီးများအဖြစ် မြင်တွေ့နေကြရပြီဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝါသနာရှင်သွေးချင်း မောင်နှမများကို အနုပညာအမွေ လက်ဆင့်ကမ်းပေးဝေနေကြပြီဖြစ်သဖြင့် အမျိုးသားရေးအတွက် အားရကျေနပ်ဖွယ်ရာဖြစ်သည်ကို ပြောကြားလိုကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် မျိုးနွယ်စုကြီးများ အတူတကွ ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှုဟူ၍ ဘုံသဘော ဆောင်သည့် အမျိုးသားရေးစရိုက်လက္ခဏာကို လက်ခံကျင့်သုံးသည့် ပြည်ထောင်စုအဖြစ် စည်းလုံး ညီညွတ်စွာ နေထိုင်လျက်ရှိကြကြောင်း၊ ထို့ကြောင့်လည်း မြန်မာတိုင်းရင်းသားများ၏ သုခုမအနုပညာကို လေ့လာကြည့်မည်ဆိုပါက တူရိယာပစ္စည်းများ မည်သို့ပင်ကွဲပြားခြားနားစေကာမူ “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်”ဆိုသည့် မြန်မာတို့၏တူရိယာငါးပါးအခြေခံတွင် တစ်စုတစ်စည်းတည်း တူညီစွာ ပါဝင်လျက်ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။
အလားတူ တိုင်းရင်းသားအကများနှင့်ပတ်သက်ပြီး ကွဲပြားခြားနားသကဲ့သို့ရှိသော်လည်း “စည်းနှင့်ဝါး” ကိုအခြေခံသည့် “ခေါင်း၊ ခါး၊ ခြေ၊ လက်” အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှုပ်ရှားကပြ ကြခြင်းသာဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသားအားလုံးတို့၏ အကများသည် တူညီသည့် အခြေခံအတွင်း၌ပင် ဆင့်ပွားတည်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် ပြည်နယ်အသီးသီး၏ ရိုးရာအကများကို နှစ်စဉ်မဲနှိုက်စေပြီး မဲကျရာတိုင်းရင်းသားရိုးရာအကကို တိုင်း ဒေသကြီးနှင့်ပြည်နယ်များက အနုပညာရှင်များအနေဖြင့် အတူတကွ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖလှယ်ကြခြင်းအားဖြင့် တစ်ဦး၏ယဉ်ကျေးမှုကို တစ်ဦးက သိရှိ နားလည်လာပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားစေရုံသာမက တိုင်းရင်းသား ရိုးရာအနုပညာရပ်များ ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်နိုင်ရေးအတွက်လည်း များစွာအထောက် အကူပြု နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။
ထို့အပြင် ယခုနှစ် ငွေရတုပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိယာများနှင့် စုပေါင်းတီးခတ်ထားသည့် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြခြင်းအပြင် ထူးခြားသောဝိသေသ ဖြစ်သည့် ပြည်နယ်များ၏ တိုင်းရင်းသားရိုးရာတေးဂီတများနှင့် ဂုဏ်ပြုဖျော်ဖြေနိုင်ခြင်းသည်လည်း ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံး၏ ရိုးရာအနုပညာအမွေအနှစ်တန်ဖိုးများကို ဖော်ထုတ် ပြသနိုင်ရုံသာမကဘဲ သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့် သက်သေပြု တင်ဆက်ပြသခြင်းပင် ဖြစ်ကြောင်း။
ခေတ်အဆက်ဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ရပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကို ခံခဲ့ရကြောင်း၊ သို့သော် မြန်မာအနုပညာရှင်များအနေဖြင့် ကိုလိုနီနယ်ချဲ့များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသား ရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြသည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာ့ရိုးရာသွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက် ဆက်လက်ဖြစ်ထွန်းနေသည်ကို ဂုဏ်ယူဝင့်ကြွားဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ရဟန်းစာဆိုများအပါအဝင် လူပညာရှိ၊ ရဟန်းပညာရှိများသည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များဖြစ်သည့် (၅၅၀) နိပါတ်တော်နှင့် ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ပုံပြင်လိုတစ်မျိုး၊ ပျို့ကဗျာလင်္ကာစာပေလိုတစ်နည်း၊ စာဟောကွက်စိပ်ဇာတ်သဘင်လိုတစ်ဖုံ၊ နည်းလမ်းမျိုးစုံဖြင့် ဖန်တီးဖွဲ့ဆိုပြီး အရွယ်သုံးပါးစလုံးအတွက် လိုက်ဖက်သည့် နည်းလမ်းရွေးချယ်ခံစားနိုင်စေရန် စီမံထားရစ်ခဲ့ကြကြောင်း။
ယခုနှစ်ပြိုင်ပွဲ၏ မဟာဇနကဇာတ်တော်ကြီး ကပြတင်ဆက်မှုများတွင် “မဟာဇနက” ဇာတ်တော်ကြီးမှ ပေးလာသည့် သင်ခန်းစာဖြစ်သည့် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် မြင့်မားခိုင်ကြည်သည့် စိတ်ဓာတ်တို့ဖြင့် မှန်ကန်စွာ အားထုတ်ကြိုးပမ်းမည်ဆိုပါက မည်သို့ပင် အခက်အခဲအဟန့်အတားများ ကြုံတွေ့ရပါစေ၊ ကျော်လွှားအောင်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရစမြဲဖြစ်သည်ဆိုသည့် သင်ခန်းစာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော် သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း။
အလားတူ ပညာရှင်အဆင့် ရုပ်သေးပြိုင်ပွဲ၌ ကပြယှဉ်ပြိုင်မည့် “ဝေဿန္တရာ” ဇာတ်တော်ကြီးတွင်လည်း ပရမတ္ထပါရမီ၏ သဘောသဘာဝဖြစ်သည့် ပါရမီဖြည့်ဖက် ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့် သီလကုသိုလ်အကျိုးနှင့် ဓမ္မနှင့်အဓမ္မ အားပြိုင်မှုတို့ကို ပေါ်လွင်အောင် ညွှန်းဖွဲ့တင်ဆက်နိုင်ကြ လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း။
အနုပညာရှင်များအားလုံးကို မေတ္တာရပ်ခံမှာကြားလိုသည်မှာ နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင် အမျိုးသားရေးစရိုက်လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေရစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ မြန်မာလူမျိုးတို့၏သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာရိုးရာ သံစုံတေးဂီတ အဖွဲ့မှ တိုင်းရင်းသားဂီတပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေ အနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ် တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်(၄)ရပ်ဖြင့်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် ၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိက
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် ၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိကယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ခိုးကြီး ဘုရားစေတီများအား ဖူးမြော်ကြည်ညိုသည်။
စည်ရှည်တံတားဆောက်လုပ်ရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေး နန်းမြို့တွင်းသို့ရောက်ရှိကြပြီး နန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စည်ရှည်တံတား၏သမိုင်းအကျဉ်းနှင့် ယခင် တံတားအဟောင်း အထောက်အထားအချက်အလက်များကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စည်ရှည်တံတားပြန်လည်တည်ဆောက်မည့်အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတား ပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက်မူလပုံစံအတိုင်း တည်ဆောက်သွားရန်လိုကြောင်း၊ တံတားနှင့် ဆက်စပ်လျက်ရှိသည့်လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးသို့ရောက်ရှိကြပြီး ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားဆင်းတုတော်ကြီးအား ဖူးမြော်ကြည်ညိုကာ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော်မြတ်ကြီးပင့်ဆောင်ထားရှိမှု အခြေအနေများအားကြည့်ရှု၍ ရေရှည် တည်တံ့ ခိုင်မြဲရေးနှင့်ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန်မှာကြားကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးထိန်းသိမ်းရေးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းသည်။၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ခဲ့မှုမှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုကာ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးအား လက်ယာရစ်လှည့်လည်၍ ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ နဂိုမူလရှေးဟောင်းအမွေအနှစ်လက်ရာများအတိုင်း လက်ရာမပြတ်ထိန်းသိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကိုပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွား ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) သို့ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ကျောင်းတော်ကြီးအတွင်းအပြင်ရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ အတွင်းမာရဘင်အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇတ်၊ ဥတေနဇာတ်တော်တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းတော်ကြီး အတွင်းရှိတိုင်လုံးများ သပ်ရပ်မှုနှင့်ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ အမွေအနှစ်လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ် ဧရိယာထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်လက်ရာများ ဖြစ်သည့်အတွက် အထူးဂရုပြုထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များခိုင်ခံ့နေစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဖြင့်မှာကြားသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျ မာရဇိန် ကျောက်တော်ကြီးဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက လက်ခံရယူသည်။ ယင်းနောက် ဘုရားကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးသို့ရောက်ရှိကြပြီး ဦးစီးပဓာနနာယ ဆရာတော် အဂ္ဂမဟာပန္တိတ ဘဒန္တထုတိဝရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဦးစီးပဓာနနာယ ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့အား ဓမ္မဒါနအဖြစ် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပြန်လည် ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။
ထို့နောက် ကျွန်းကျောင်းတော်ကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ကျွန်းကျောင်းတော်ကြီး အတွင်းရှိ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ဓာတ်ပုံ ပြခန်းအားကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မြနန်းစံကျော် ရွှေနန်းတော်ကြီး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိ သူများက ရွှေနန်းတော်ကြီးနှင့် အဆောင်တော်များ ထိန်းသိမ်းထားရှိမှုအခြေအနေများနှင့် ၂၀၂၃ ခုနှစ် မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကိုကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www,moi.gov.mm