Genocide ကျူးလွန်သည်ဟု စွဲချက်ဖြင့် အစ္စရေးအပေါ် တရားစွဲဆို ထားသည့် တောင်အဖရိကဘက်က ဘရာဇီး ပူးပေါင်းပါဝင်မည်
လူမျိုးတုံးသတ်ဖြတ်သည်ဟု စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုထားသော တောင်အာဖရိက နိုင်ငံဘက်မှ ဘရာဇီးနိုင်ငံက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါသည်။
လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ရန် တားဆီးကာကွယ်သည့် သဘော တူညီချက် (Genocide Convention) ကို အခြေခံကာ တောင်အာဖရိက နိုင်ငံက စတင်တင်သွင်းခဲ့သည့် တရားစွဲဆိုမှုနှင့်ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ တရားရုံးသို့ တရားဝင် လျှောက်လွှာတင်သွင်းခြင်း လုပ်ငန်းစဉ် ကို ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရသည် ကြေညာခဲ့ပါသည်။
စာတမ်းများအရ သိရှိရသော ဂါဇာကမ်းမြောင်ဒေသတွင် အမျိုးသမီး များနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများအား စုပေါင်း သတ်ဖြတ်မှုများနှင့် အရပ်သားများအပေါ် ထပ်တလဲလဲ မတရားသဖြင့် ကျူးလွန်နေသည့် ရက်စက်မှုများကို ဘရာဇီးအာဏာပိုင်များက ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပါသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ကိုးကား၍ တောင်အာဖရိ ကနိုင်ငံက အစ္စရေးနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွဲချက်တင်ကာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စတင် တရား စွဲဆိုခဲ့ပါသည်။ ICJ ကလည်း ၂၀၂၄ ခုနှစ်အတွင်း ပါလက်စတိုင်း နယ်မြေတွင် လူမျိုးတုံးသတ်ဖြတ်မှုများ မပြုလုပ်နိုင်ရေး လိုအပ်သည့် အစီအမံများ လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ထိုအချိန်မှစ၍ တောင်အဖရိကသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံး သို့ အရေးပေါ်တောင်းဆိုချက်များစွာ တင်သွင်းကာ ဂါဇာဒေသတွင် စစ်ဆင်ရေးအဆုံးသတ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချဲ့ထွင်ရန် ဖိအားပေးခဲ့သည်။
ကိုးကား - TASS
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃