ကျောက်ဆည်မြို့နယ်၊ လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး

News Image

  • ကျောက်ဆည်မြို့နယ်၊ လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး

ကျောက်ဆည်၊ ဇူလိုင်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံ စားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်း ကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ရောင်းချပေးရာတွင် ပြည်သူများအဆင်ပြေစေရေး ဆီဝယ်ယူနိုင်သည့်စာအုပ်များပြုလုပ်ပြီး ဒေါ်တင်နွဲ့ ဗိုလ်တစ်ထောင် စားဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ တစ်ပိဿာလျှင်ငွေ(၇၁၁၅)ကျပ်နှုန်းဖြင့် ဆီ ဝယ်စာအုပ်တစ်အုပ်လျင် ဆီ(၂)ပိဿာနှုန်းဖြင့် ဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ခရိုင်ဆီ ကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်  စက်ရုံ/ အလုပ်ရုံများ၊ ဌာနဆိုင်ရာဦးစီးဌာနများတွင်လည်း စားအုန်းဆီ များ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။                    

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)