ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ (၆၄၂)ဦး အောင်မြင်
ကျောက်ဆည်၊ ဇူလိုင်-၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာဖြေဌာနကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ရာ (၆၄၂)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၁၁၄၉)ဦးရှိပြီး အောင်မြင်သူ(၅၆၀)ဦး၊ အလွတ်ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၃၃၅)ဦးရှိပြီး အောင်မြင်သူ(၈၂)ဦးရှိကြောင်းနှင့် ဂုဏ်ထူးဖြင့်အောင်မြင် သည့်ကျောင်းသား/ကျောင်းသူများအနေဖြင့် (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂) ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၇) ဦး၊ (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၈) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၄၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁၂)ဦး ဖြစ်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၃.၂၆) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)