တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံ

News Image

  • တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံ

တူရကီသမ္မတ Recep Tayyip Erdogan သည် တူရကီနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း တူရကီသမ္မတရုံးမှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Michael Goldman၊ တူရကီနိုင်ငံခြားရေး ဝန်ကြီး Hakan Fidan၊ သမ္မတ၏အုပ်ချုပ်မှုအောက်ရှိ ဆက်သွယ်ရေးရုံးအကြီးအကဲ Fahrettin Altun၊ နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာသမ္မတ၏ အကြံပေးအရာရှိချုပ် Akif Cagatay Kilic၊ သမ္မတ၏ ကိုယ်ရေးအရာရှိ Hasan Dogan နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တူရကီနိုင်ငံသည် ဆီးရီးယားတွင် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်ခံရပါက အကြမ်းဖက်သမားများအား အရေးယူမည် ဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkin ကို ပြောကြားခဲ့ပါသည်။

ထိုအပြင် တူရကီသမ္မတက ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးတွင် နိုင်ငံတကာအကူအညီများလိုအပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီး Fidan နှင့် ဆီးရီးယားအကျပ်အတည်းအကြောင်း အဓိကတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။

ကိုးကား - TASS 

Photo- Reuters