ဆီးရီးယားတွင် အာဏာရလာသော လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်က ရုရှားနိုင်ငံနှင့် အနာဂတ် ဆွေးနွေး

News Image

  • ဆီးရီးယားတွင် အာဏာရလာသော လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်က ရုရှားနိုင်ငံနှင့် အနာဂတ် ဆွေးနွေး

ဆီးရီးယားတွင် အာဏာရလာသော လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်က ရုရှားနိုင်ငံနှင့် အနာဂတ် ဆွေးနွေးနေပါကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားသည်။

၂၀၆၆ ခုနှစ်အထိ ငှားရမ်းထားသော ရုရှား၏ Khmeimim နှင့် Tartus အခြေစိုက်စခန်းများသည် ဆီးရီးယားတွင် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံနှင့်ဆက်ဆံရေးအတွက် လုပ်ဆောင်မည် ဆိုလျှင် ရုရှားနှင့်ဆက်ဆံရေးရှိလာနိုင်ပါကြောင်း Hayat Tahrir-al-Sham (HTS) ဂျီဟတ် အဖွဲ့အကြီးအကဲ Abu Mohammed al-Julani က ပြောကြားခဲ့ပါသည်။

အစ္စတန်ဘူလ်အခြေစိုက် ဆီးရီးယားနိုင်ငံပိုင် TV Channel တွင် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “ဆီးရီးယားခေါင်းဆောင်များသည် ရုရှားနိုင်ငံ အားရန်စလိုခြင်းမှ ရှောင်ရှားရန် စိတ်အားထက်သန်ကြ ပါကြောင်း Hayat Tahrir-al-Sham (HTS) အကြီးအကဲ အယ်လ်ဂျူလာနီက ပြောကြားခဲ့သည်။

HTS ဦးဆောင်သော စစ်သွေးကြွများသည် နိုင်ငံ၏တပ် များကို ထိုးစစ်ဆင်ကာ မြို့ကြီးများကို သိမ်းပိုက်ကာ ဒမတ်စကတ်၌ နိုဝင်ဘာလကုန်မှစ၍ နှစ်ပတ်တာ ကာလအတွင်း အခြေအနေဆိုးရွားလာခဲ့သည်။ ဆီးရီးယား စစ်တပ်ပြိုကွဲပြီးနောက် အာဆတ်သည် နိုင်ငံမှ ထွက်ပြေးကာ ရုရှားတွင် ခိုလှုံခွင့်ရရှိခဲ့ပါသည်။

Hayat Tahrir-al-Sham (HTS) အကြီးအကဲ အယ်လ်ဂျူလာနီ က ဆီးရီးယားအစိုးရသစ်သည် ရုရှား နိုင်ငံအား ဘုံအကျိုးစီးပွားကို ဖော်ဆောင်သည့်နည်းလမ်း ဖြင့် ဆီးရီးယားနှင့် ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ရန် အခွင့်အရေးကို ပေးဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ထိုအခိုက်အတန့်တွင် အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို ဂရုတစိုက် စီမံခန့်ခွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။

ရုရှားနှင့် ဆီးရီးယားစစ်သွေးကြွများသည် လက်ရှိတွင် ဆီးရီးယား၌ ရုရှား၏တည်ရှိမှုနှင့် ယခင်အခြေအနေ များကို ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးနေကြောင်း TASS သတင်းဌာန၏ဖော်ပြချက်အရ သိရှိရသည်။

ရုရှား၏ Khmeimim လေတပ်စခန်းနှင့် Tartus ရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာသည် မြေထဲပင်လယ် ကမ်းရိုးတန်းတစ်လျှောက် နိုင်ငံ၏ အနောက်ဘက်ခြမ်း တွင် တည်ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် ရုရှားနှင့် ဆီးရီးယားတို့သည် အဆိုပါအခြေစိုက်စခန်းများတွင် ရုရှားတပ်များကို ၄၉ နှစ် ကြာတပ်စွဲထားရန် သဘော တူညီခဲ့ကြပါသည်။

စစ်သွေးကြွအုပ်စုများသည် ဒမတ်စကတ်ကို သိမ်းပိုက် ပြီးနောက် Khmeimim နှင့် Tartus အခြေစိုက်စခန်း များ၏ ကံကြမ္မာကို မေးခွန်းထုတ်လာခဲ့သည်။ သို့သော် လည်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး Mikhail Bogdanov ၏ ပြောကြားချက်အရ ရုရှားသံတမန်များ သည် အဆိုပါပြဿနာများကို HTS နိုင်ငံရေးကော်မတီ နှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား - Reuters