ထရန့်က ၎င်း၏ ကျမ်းသစ္စာဆိုပွဲသို့ တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြား
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က လာမည့်ဇန်နဝါရီလတွင် ပြုလုပ်မည့် ၎င်း၏ သမ္မတ ကျမ်းသစ္စာဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ် သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြားထားကြောင်း ထရန့်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး Karoline Leavitt က အတည်ပြုပြောကြားလိုက်သည်။ ကာလ ကြာရှည်စွာပြိုင်ဘက်များအဖြစ် ရှုမြင်ခံထားရသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာလာစေရန် ကြိုးပမ်းမှု ဖြစ်ကြောင်း သူမက ပြောထားပါသည်။
ဒါဟာ မဟာမိတ်နိုင်ငံများသာမက ရန်ဖက်နိုင်ငံများ၊ ပြိုင်ဘက်နိုင်ငံများအပေါ်လည်း ခေါင်းဆောင် အချင်းချင်းပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဖန်တီးနေသည့် သမ္မတထရန့်၏ ဥပမာတစ်ခုဖြစ်ကြောင်း သူမက Fox & Friends အစီအစဉ်တွင် ပြောကြားထားပါသည်။
နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ အေးခဲနေသည့် ဆက်ဆံရေးအခြေအနေများကြောင့် အမေရိကန် သမ္မတ ကျမ်းသစ္စာဆိုပွဲကို တရုတ်ခေါင်းဆောင်တစ်ဦး တက်ရောက်ရန်ဆိုသည်မှာ ယခင်ကတခါမျှ မကြုံဖူးသည့် ကိစ္စဖြစ်သဖြင့် ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားထားကြသည်။
ဒါက သံတမန်သက်သက် ဟန်ပြတစ်ခုသာဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်သာမက အခြားနိုင်ငံခေါင်းဆောင်များ သည်လည်း အမေရိကန်သမ္မတ ကျမ်းသစ္စာဆိုပွဲများကို တက်လေ့မရှိကြကြောင်း ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ တရုတ်အရေးအထူး ကျွမ်းကျင်သူ Scott Kennedy က Reuters သတင်း ဌာနသို့ ပြောကြားထားသည်ကို ကိုးကား၍ ALJAZEERA က ဖော်ပြထားပါသည်။
ကိုးကား - ALJAZEERA