ဆီးရီးယား လက်နက်ကိုင်အဖွဲ့ HTS နှင့် အမေရိကန် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း ဘလင်ကန်ပြောကြား

News Image

  • ဆီးရီးယား လက်နက်ကိုင်အဖွဲ့ HTS နှင့် အမေရိကန် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း ဘလင်ကန်ပြောကြား

ဘိုင်ဒန်အစိုးရအဖွဲ့က လက်နက်ကိုင်အဖွဲ့ Hayat Tahriral-Sham နှင့်တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ‌အတည်ပြုပြောကြားထားသည်။

HTS အဖွဲ့သည် အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး သမ္မတ‌အာဆတ်အား ဖြုတ်ချရာတွင် ပါဝင်သော အဖွဲ့လည်း ဖြစ်သည်။

ဆီးရီးယားအနာဂတ်အရေးဆွေးနွေးရန် ဒေသတွင်းနိုင်ငံများနှင့် အနောက်အုပ်စုနိုင်ငံများမှ သံတမန်များ တွေ့ဆုံခဲ့သည့် ဂျော်ဒန်နိုင်ငံရှိ သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန်က  ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

ကိုးကား - AI jazeera