ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သေဆုံးခဲ့သူများ၏ မိသားစုများအား ထောက်ပံ့ကြေးပေးရန် စီစဉ်
ထိုင်းအစိုးရအဖွဲ့အစည်းအဝေး (Cabinet) က ကမ္ဘောဒီးယားနှင့် နယ်စပ် တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သည်များနှင့် အရပ်သားများ၏ မိသားစု များအား ထောက်ပံ့ကြေးပေးရန် အတည်ပြုလိုက်သည်။
ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဩဂုတ် ၅ ရက် ၌ ပြောကြားရာတွင် လွန်ခဲ့သည့်လက ကမ္ဘောဒီးယားနှင့် ဖြစ်ပွား ခဲ့သော နယ်စပ်ပဋိပက္ခတွင် သေဆုံးခဲ့သည့် စစ်သည်တစ်ဦး၏ မိသားစုအား ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၁၀,၀၀၀) နှင့် အရပ်သား တစ်ဦး ၏ မိသားစုအား ဘတ် ၈ သန်း (အမေရိကန်ဒေါ်လာ ၂၄၇,၀၀၀) ထောက်ပံ့ ကြေး ပေးမည်ဟု ဆိုသည်။
အဆိုပါဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် ချမှတ်ခဲ့ပြီး ယာယီဝန်ကြီးချုပ် ဖုန်ထမ်က ထိုင်းနယ်မြေအား တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုအတွက် ကမ္ဘောဒီးယားအပေါ် ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်နှင့် ပြည်သူ့တရားစွဲဆိုမှုများ တင်သွင်းရန် အရာရှိများအား ညွှန်ကြားခဲ့သည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub ၏ ပြောကြားချက် အရ အမျိုးသားလုံခြုံရေးကောင်စီရုံးသည် တရားစွဲဆိုမှုကို ဦးဆောင်မည် ဖြစ်ပြီး စစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ အပါအဝင် ထိခိုက်နစ်နာသူများကလည်း ပါဝင်မည်ဟု သိရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂