အမေရိကန်သမ္မတ ထရမ့်က ပူတင်-ဝစ်ကော့ဖ် ဆွေးနွေးပွဲရလဒ်များကို ကျေနပ်နေ

News Image

  • အမေရိကန်သမ္မတ ထရမ့်က ပူတင်-ဝစ်ကော့ဖ် ဆွေးနွေးပွဲရလဒ်များကို ကျေနပ်နေ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးတို့ ဆုံတွေ့မည့် အစည်းအဝေးတစ်ခု မကြာမီကျင်းပနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားရာတွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့ ဆွေးနွေးပွဲအပြီး နာရီပိုင်းအတွင်း ထရမ့်က "ဇီလန်စကီးနှင့် ဆုံတွေ့နိုင်ခြေသည် မကြာမီ ဖြစ်ပေါ်လာနိုင်ပြီး မည်သည့်အချိန်နေရာတွင် ဆုံတွေ့မည်ကို မသိရှိရ သေးပါ၊ ယခုအကြိမ် သမ္မတပူတင်နှင့် ဆွေးနွေးခဲ့မှုရလဒ်များသည် ကောင်းမွန် ခဲ့ပါသည်" ဟု ဖွင့်ဟခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် နီးစပ်မှုအခြေအနေအပေါ် မေးမြန်း ခဲ့ခြင်းနှင့်ပတ်သက်၍ ရေရာသောအဖြေမပေးနိုင်သေးကြောင်းနှင့် လွန်စွာ စိတ်ပျက်မိခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း မကြာသေးမီက ဆွေးနွေးညှိနှိုင်းမှုများအရ "မော်စကို ၏ ငြိမ်းချမ်းရေး လိုလားချက်များကို ပိုမိုနားလည်သဘောပေါက်စေခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် နယူးယောက်တိုင်းမ်သတင်းစာက အမေရိကန် သမ္မတ ထရမ့် သည် လာမည့်သီတင်းပတ်အတွင်း ပူတင်နှင့် ဆွေးနွေးမှုပြုလုပ်ရန် စီစဉ် နေကြောင်း သတင်းဖော်ပြခဲ့သည်။ မော်စကိုဘက်မှလည်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) က ဆွေးနွေးပွဲကို အပြုသဘောဆောင်သော ရလဒ်ကောင်း များ ရရှိစေခဲ့သည့်ဆွေးနွေးပွဲအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂