ပူတင်နှင့် ထရမ့်တို့ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဟု ကရင်မလင် ကြေညာ
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံနိုင်ကြောင်း ကရင်မလင် အကြံပေး ယူရီ ဦရှာကော့ဗ်က ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးကျင်းပရန် နေရာ ကိုလည်း သဘောတူညီပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ်၏ ယခုသီတင်းပတ် အတွင်း မော်စကိုသို့ခရီးစဉ်ပြီးနောက် ပူတင်နှင့် ထရမ့်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံမည့် မျှော်လင့်ချက်များ ပိုမိုမြင့်တက်လာခဲ့သည်။ အဆိုပါခရီးစဉ် သည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်များရရှိခဲ့ ကြောင်း အိမ်ဖြူတော်က ဖော်ပြခဲ့သည်။
ဦရှာကော့ဗ်က အဆိုပါတွေ့ဆုံမှုဆိုင်ရာ အသေးစိတ် အချက်အလက် များကို နောက်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သော်လည်း မကြာမီ ကျင်းပရန် အခြေခံသဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝစ်ကော့ဗ်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီးကိုပါ ပါဝင်စေသည့် သုံးပွင့်ဆိုင် အစည်းအဝေးကျင်းပရန် အဆိုပြုခဲ့သော်လည်း မော်စကိုက ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ကြောင်း ဦရှာကော့ဗ်က ပြောကြားခဲ့သည်။
ယခင်က အမေရိကန်မီဒီယာများတွင် ထရမ့်အစိုးရအဖွဲ့သည် လာမည့် သီတင်းပတ်အတွင်း ပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေပြီး ဇီလန်စကီးအား ဖိတ်ကြားရန် အဆိုပြုထားကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်း ခေါင်းဆောင် က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုးတက်မှုရရှိရန် ရုရှားသမ္မတနှင့် တိုက်ရိုက်ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂