ပူတင်က ဇီလန်စကီးနှင့် တွေ့ဆုံမှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

News Image

  • ပူတင်က ဇီလန်စကီးနှင့် တွေ့ဆုံမှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်းမော်စကိုနှင့်ကိယက်ဗ်တို့အကြား သံတမန်ရေးအရ ဆွေးနွေးမှု အရှိန်အဟုန် အားကောင်းလာမှသာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ပူတင်က ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် မော်စကို၌ UAE ခေါင်းဆောင် Mohamed bin Zayed Al Nahyan နှင့် ဆွေးနွေးပြီးနောက် သတင်း ထောက်များအား ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဇီလန်စကီးနှင့်တိုက်ရိုက်တွေ့ဆုံရန် ငြင်းပယ်မည်လားဟု မေးမြန်းမှုကို ပူတင်က "အခြေခံသဘောတရားအရ မည်သည့်ကန့်ကွက်ချက်မှ မရှိပါ" ဟု ဖြေကြား ခဲ့သည်။

သို့သော် ဆွေးနွေးပွဲများ ကျင်းပရန် အချို့သောအခြေအနေများ ဖန်တီး ထားရမည်ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့ပြီး "ထိုသို့သော အခြေ အနေမျိုးကို ဖန်တီးနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်" ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဇီလန်စကီးက ယူကရိန်းသည် ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲပုံစံများ၌ ပါဝင် နိုင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ "ယူကရိန်းသည် တွေ့ဆုံ ဆွေးနွေးရန် မကြောက်ရွံ့ပါ၊ ရုရှားဘက်မှလည်း ထိုကဲ့သို့သော ရဲရင့်သည့် ချဉ်းကပ်မှုကို မျှော်လင့်ထားသည် ၊ စစ်ပွဲကို အဆုံးသတ်ရန် အချိန်တန် ပါပြီ" ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂