ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလျက်ရှိ
နေပြည်တော် ဩဂုတ် ၈
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၌ ရှိသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရေး၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းအပြည့်အဝရရှိစေရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI ) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံ စမု စခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တို့တွင် စခန်းလေးခု ဖွင့်လှစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စခန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာတွင် ထိုင်းစံတော်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့နှင့် မြန်မာသံရုံး (ဗန်ကောက်မြို့)မှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI