ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇော်ဂျီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

News Image

  • ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇော်ဂျီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ကျောက်ဆည်၊ ဩဂုတ်-၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးမျိုးပြန့်ပွားရေး၊ ငါးမျိုး ထိန်းသိမ်းရေးနှင့် ငါးစားသုံးသူဖူလုံစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း  ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်းပြီး ဇော်ဂျီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း သဘာဝရေပြင်သို့ ငါးမြစ်ချင်း ကောင်ရေ (၁)သိန်းနှင့် ငါးခုံးမကောင်ရေ(၁)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၂)သိန်းတို့ကို ငါးသယံ ဇာတ တိုးပွားရေးနှင့် ငါးမျိုးမပြုန်းတီးရေး၊ ပြည်သူများငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ ငါးမျိုးများ စိုက်ထည့် ခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

တင်တင်ထွေး(ကျောက်ဆည်)