ရုရှားက ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသော်လည်း ယူကရိန်းဘက်က အသင့်မဖြစ်သေးဟုဆို

News Image

  • ရုရှားက ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိသော်လည်း ယူကရိန်းဘက်က အသင့်မဖြစ်သေးဟုဆို

ရုရှားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေသော်လည်း   ယူကရိန်းဘက်က အသင့်မဖြစ်သေးကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က    ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောသည်။

"ကျွန်တော်တို့အနေနဲ့ အမြဲတမ်းပြောနေခဲ့တဲ့ အတိုင်းပဲ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အပေးအယူညှိနှိုင်းမှုတွေ လုပ်ဖို့အသင့်ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်ကတော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ကို ငြင်းဆန်နေပါတယ်" ဟု ပူတင်က နှစ်ကုန်သတင်း စာရှင်းလင်းပွဲ၏ အမေးအဖြေကဏ္ဍတွင် ပြောသည်။

အလားတူ ရုရှားအစိုးရက အနာဂတ်တွင် လုပ်ဆောင်မည့် ယူကရိန်းနိုင်ငံနှင့် သဘောတူညီချက်များ အားလုံးကို ယူကရိန်း၏ တရားဝင်အစိုးရနှင့်သာ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ကဆက်ပြောသည်။

ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ၏ သမ္မတသက်တမ်းသည် ယခုနှစ်အစောပိုင်းတွင် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရအဖွဲ့သည်  တရားမဝင် အစိုးရအဖွဲ့ဖြစ်ကြောင်း၊   နိုင်ငံအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် အခြေအနေများရှိလျှင် ယူကရိန်းလွှတ်တော်ကသာ သမ္မတ၏သက်တမ်းကို တိုးနိုင်ကြောင်း၊ ယခုမူ ထိုသို့သက်တမ်းတိုးထားခြင်း မရှိသည့်အတွက် ဇီလန်စကီ၏ အစိုးရအဖွဲ့က တရားမဝင်ခြင်းဖြစ်ကြောင်း ပူတင်ကပြောထားသည်ဟု သိရသည်။

ကိုးကား - Myawady Web Portal