ကယ်လီဖိုးနီးယားတွင် ဗိုင်းရပ်တစ်မျိုး ပျံ့နှံ့နေ၍ အရေးပေါ်အခြေအနေ ကြေညာထား
အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားတွင် H5N1 ငှက်တုပ်ကွေးကြောင့် လူတစ်ယောက်သေဆုံးပြီးနောက် အရေးပေါ်အခြေအနေ ကြေညာထားသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆင်က ပြည်နယ်တောင်ပိုင်းတွင်ရှိသော နွားခြံများတွင်လည်း ငှက်တုပ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်းနှင့် လူများသို့ ကူးစက်မှု များစွာမဖြစ်သေးသဖြင့် စိတ်မပူရန် ပြောကြားထားသည်။
ဗိုင်းရပ်စ်သည် မတ်လကတည်းက အမေရိကန် နို့စားနွားများမှတစ်ဆင့် ပျံ့နှံ့ခဲ့ပြီး အနည်းဆုံး ပြည်နယ် ၁၆ ခုကို ထိခိုက်ခဲ့သည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ ယခုအချိန်အထိ လူမှလူသို့ကူးစက်ခြင်းအား အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်းကယ်လီဖိုးနီးယားတွင် ၃၄ ဦး အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၁ ဦး၌ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုကြေညာချက်ကြောင့် အစိုးရအေဂျင်စီများသည် ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာတုံ့ပြန်ရန် လိုအပ်သော အရင်းအမြစ်များနှင့် လိုက်လျောညီထွေရှိစေရန် အတွက် ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း နယူဆင် က ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ချက် ထုတ်ပြန် ထားသည်။ "အများပြည်သူအတွက် အန္တရာယ်နည်းပါးနေသေးသော်လည်း ဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးရန် လိုအပ်သည့်ခြေလှမ်းအားလုံးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ H5N1 ဗိုင်းရပ်စ်သည် လူကိုကူးစက်ခြင်းနှင့်ပတ်သက်၍ အထူးအန္တရာယ်များသည်ဟု ယူဆရကြောင်း ဖော်ပြထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၀၃ ခုနှစ်မှစတင်၍ H5N1 ရောဂါအား အတည်ပြုပြီးနောက် လူနာပေါင်း ၈၆၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပွားသူ ၅၃% ခန့်သေဆုံးခဲ့သည်ဟု မှတ်တမ်းထားဖော်ပြထားကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post