နာတာရှည်နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေမယ့် လွယ်ကူသော နည်းလမ်း
လူတော်တော်များများ၊ အထူးသဖြင့် အမျိုးသမီးအများစုဟာ နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒီဝေဒနာ သက်သာပျောက်ကင်း စေမယ့် လွယ်ကူရိုးရှင်းသောနည်းလမ်း တစ်ခုကိုလည်း ပညာရှင်များကတွေ့ရှိ လိုက်ပါပြီ။ အဲဒါကတော့ အာဟာရဖြစ်စွာ စားသုံးခြင်းပါပဲ။
တောင်ဩစတြေးလျ တက္ကသိုလ်က ပြုလုပ်တဲ့သုတေသနတစ်ခုမှာ ဖော်ပြချက်အရ အစားအသောက်စားသုံးရာမှာ အာဟာရဖြစ်စွာ စားသုံးခြင်းက နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရသူတွေကို လက်တွေ့ကျကျဝေဒနာ ပျောက်ကင်းသွားစေနိုင်တယ် ဆိုတာတွေ့ရပါတယ်။
တချို့သော နာတာရှည်နာကျင်ကိုက်ခဲမှု ဝေဒနာကိုပျောက်ကင်းစေတဲ့ ဆေးဝါးတွေက ခန္ဓာကိုယ်အချိုးအစားကိုလိုက်ပြီး ထိရောက်မှုပမာဏ ကွာခြားလေ့ရှိပါတယ်။ အခုနည်းလမ်းကတော့ ခန္ဓာကိုယ် ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ ဘယ်လို လူမျိုးကိုမဆို နာတာရှည်နာကျင် ကိုက်ခဲမှုဝေဒနာ ပျောက်ကင်းစေနိုင်တယ်လို့ သုတေသီများရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်းက နာတာရှည်နာကျင်ကိုက်ခဲမှု ဝေဒနာခံစား နေရသူတွေဖြစ်ပြီး အဝလွန်သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
ကိုးကား - Myawady Web Portal