ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ရုရှားသမ္မတနှင့် တိုက်ရိုက်ပြောဆိုရန် ရည်ရွယ်ထားကြောင်း ဂျာမနီ အဓိပတိ ပြောကြား

News Image

  • ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ရုရှားသမ္မတနှင့် တိုက်ရိုက်ပြောဆိုရန် ရည်ရွယ်ထားကြောင်း ဂျာမနီ အဓိပတိ ပြောကြား

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ကူညီဆောင်ရွက်ပေးရန် ရုရှားသမ္မတနှင့် တိုက်ရိုက်စကားပြောဆိုရန် စီစဉ်နေကြောင်း ဂျာမနီအဓိပတိ Olaf Scholz က ပြောကြားလိုက်ပါသည်။ “မိမိအနေဖြင့် ရုရှားသမ္မတနှင့် စကားပြောပြီးဖြစ်ကြောင်း၊ ပဋိပက္ခအဆုံးသတ်ရန်နှင့် တပ်များဆုတ်ခွာပေးရန်အတွက် ရုရှားခေါင်းဆောင်ကို ရှင်းလင်းပြောကြားရန် ရည်ရွယ်ထားကြောင်း” ဘာလင်တွင်ပြုလုပ်သည့် အက်စတိုးနီးယား ဝန်ကြီးချုပ် Kristen Michal နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ 

ရုရှားသမ္မတ၏ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် နှစ်ကုန်အမေးအဖြေကဏ္ဍနှင့် သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားစဉ် ပူတင်က “ရုရှားသည် ကြိုတင်သတ်မှတ်ချက်များမပါဘဲ ယူကရိန်းအရေးကို ညှိနှိုင်းရန်အသင့်ရှိသော်လည်း လက်ရှိအခြေအနေနှင့် ယခင်ရရှိထားသည့် သဘောတူညီချက်များကို အခြေခံ ၍ ထည့်သွင်းစဉ်းစားထားကြောင်း” ပြောကြားထား ပါသည်။

ဂျာမနီအဓိပတိ Olaf Scholz သည် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က ပူတင်နှင့်ဖုန်းပြောခဲ့ပါသည်။ ယင်းမတိုင်မီ ၂၀၂၂ ခုနှစ်တွင် ဒီဇင်ဘာ ၂ ရက်တွင်လည်း ဖုန်းဆက် သွယ်ပြောကြားဖူးပါသည်။ ပြီးခဲ့သည့်နောက်ဆုံးအကြိမ်တွင် ခေါင်းဆောင်နှစ်ဦးက ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။

ကိုးကား - TASS