၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှု သန်း ၂၀ ကျော်လွန်

News Image

  • ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှု သန်း ၂၀ ကျော်လွန်

ထိုင်းနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း ယခုအချိန်အထိ နိုင်ငံခြား ခရီးသွား ဧည့်သည် ၂၀.၈၁ သန်းကျော် လာရောက်ခဲ့ကြောင်း ယမန်နှစ်ကထက် ၇.၀၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သြဂုတ် ၁၉ ရက် တရားဝင် အချက်အလက်များက ဖော်ပြခဲ့သည်။ သြဂုတ် ၁၇ ရက်အထိ တရုတ် နိုင်ငံမှ ခရီးသွားဧည့်သည် ၂.၉၃ သန်း ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ် ခဲ့ခြင်းဖြင့် ပြည်ပမှ အများဆုံးလာရောက်သော နိုင်ငံဖြစ်လာခဲ့သည်။

မလေးရှားနိုင်ငံက ခရီးသွားဧည့်သည် ၂.၈၇ သန်း လာရောက်ခဲ့ပြီး ဒုတိယ နေရာတွင်ရှိကာ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့က အစဥ်လိုက် ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန အဆို အရ သိရသည်။ 

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ယခုနှစ် အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်များထံမှ ဝင်ငွေ ခန့်မှန်းခြေ ဘတ် ၉၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉.၇၃ ဘီလီယံခန့်) ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အဓိကနေရာမှ မောင်းနှင်လျက် ရှိသည့် ခရီးသွားလုပ်ငန်းသည် ၂၀၂၄ ခုနှစ်က အလုပ်အကိုင်ရရှိမှု၏ ၁.၈၉ ရာခိုင်နှုန်း၊ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၄.၇၁ ရာခိုင်နှုန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ကိုးကား- Xinhua